လူသားနှင့် အရှုပ်တော်ပုံများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူသားနှင့် အရှုပ်တော်ပုံများ


ဇန်
.
ဤကမ္ဘာမြေ လောကကြီးတွင် အရာခပ်သိမ်းတို့သည် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ပတ်သက်လျက် ရှိနေ ကြကြောင်းကို ကမ္ဘာ့စစ်ပွဲများ၊ ကပ်ရောဂါဘေးများ၊ အငတ် ဘေးများစွာတို့နှင့် ယခုကဲ့သို့သော ကူးစက်မြန်ရောဂါများ က ခိုင်မာစွာ သက်သေပြလျက်ရှိပေသည်။
.
ထို့ကြောင့်ပင် ကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်သန် ရပ် တည်နေထိုင်သရွေ့၊ ကမ္ဘာ့လေထုကို ရှူရှိုက်နေကြသရွေ့၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ စိမ့်စမ်းများမှ ရေကို အတူတကွ မျှဝေသုံး စွဲ နေကြသရွေ့ သက်ရှိအားလုံးတို့သည် မဖြစ်မနေ ဆက်စပ် ပတ်သက်နေကြရကြောင်းကို အစဉ်အမြဲ အသိတရားဖြင့် နား လည်ထားကြရန် လိုအပ်ပေသည်။
.
ယင်းသို့ များပြားလှစွာသော ကပ်ရောဂါများ၊ စစ်ပွဲများ၊ အငတ်ဘေးများက လူသားတို့ကို သင်ခန်းစာများစွာ ပေးခဲ့ ပြီးပါသော်လည်း လူတို့သည် အလွန်အမေ့သန်သော သတ္တဝါ များ ဖြစ်ကြပြီး ထိုကဲ့သို့သော ပြဿနာများဖြစ်ပွားပြီးလျှင် အ လွယ်တကူပင် ပြန်လည်မေ့ပျောက်လိုက်ကြပြီး လောဘ၊ ဒေါ သ၊ မောဟ၊ အတ္တ၊ မာနနှင့် တစ်ကိုယ်ရည် စိတ်ချမ်းသာမှု၊ ကိုယ် ကျန်းမာမှု သို့မဟုတ် ကိုယ်ဖြစ်စေချင်ရာ လိုအင်ဆန္ဒနောက် ကို ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြ ပြန်ပါသည်။
 .


.
အမှန်တကယ်တော့ ကမ္ဘာမြေလောကကြီးကို မည်သည့် သက်ရှိသတ္တဝါမျှ ပိုင်ဆိုင်ချုပ်ကိုင် အုပ်စိုးနိုင်ခြင်းမရှိကြောင်း သိလျက်နှင့်ပင် သဘာဝတရားများနှင့် အဓမ္မဆန့်ကျင် တော် လှန် နေကြခြင်းသာဖြစ်သည်။ ယနေ့လက်ရှိ သိပ္ပံခေတ် ဖွံ့ဖြိုး တိုးတက်မှု၏ အမှတ်အသား ရလဒ်များစွာတို့သည် သဘာဝ တရားကို လွန်ဆန်ပြီးနောက် ရရှိလာခဲ့ကြသည့် အရာဝတ္ထု ပစ္စည်းများ ဖြစ်ကြသည်။ လူတွေက သဘာဝတရားကြီးကို ဆန့် ကျင် လွန်ဆန်ကြသည့်အခါ သဘာဝ တရားကြီးကလည်း တခါတရံမှာ ပြန်လည်၍ ဒဏ်ခတ် တတ်လာပါတော့သည်။ အိုဇုန်းလွှာ ပါးလျပေါက်ပြဲလာခြင်း၊ မိုးတိမ်သားများ ထူထပ် လွန်းခြင်း၊ ကင်းစင် ပပျောက်ခြင်း၊ ပူလွန်းခြင်း၊ အေးလွန်း ခြင်း၊ မိုးသည်းထန်လွန်းခြင်း၊ မိုးခေါင် ရေရှားခြင်း၊ လေထု ညစ်ညမ်းလာခြင်း၊ ရေထုညစ်ညမ်းလာခြင်း၊ မြေဆီလွှာ ပျက်စီးခြင်း၊ သဲကန္တာရများ ကျယ်ပြန့်၍ လာခြင်း၊ ရေခဲ တောင်များ၊ ရေခဲထုများ အရည်ပျော် ပါးလျပျောက်ကွယ် လာခြင်း၊ ပင်လယ်၊ သမုဒ္ဒရာရေပြင်များ မြင့်တက်လာ ခြင်း၊ မိုးကြီးရေလျှံခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ဆူနာမီ ငလျင်များ ဖြစ်ပေါ်လာခြင်း၊ မီတောင်များ ပေါက်ကွဲ ပွင့် ထွက်လာခြင်း၊ ယင်းသဘာဝ သယံဇာတ အရင်းအမြစ်များ နှင့် ပတ်သက်ပြီး စစ်ပွဲများဖြစ်ပွားခြင်း၊ အစာရေစာရှားပါး ငတ်မွတ် ခေါင်းပါးမှုများ ဖြစ်ပေါ်လာခြင်း၊ ကပ်ရောဂါဘေး အန္တရာယ် အသစ်အသစ်များစွာ ပေါ်ထွက်လာပြီး အခြား သော သက်ရှိမျိုးနွယ်များနှင့် လူသားများကို တိုက်ခိုက်ခြိမ်း ခြောက်လာခြင်းတို့သည် သဘာဝတရားနှင့် ပတ်သက်ပြီး ဖြစ် ပေါ်လာကြသော လူသားတို့၏ ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ ကမ္ဘာမြေကြီးကို နိုင်လိုမင်းထက် ပြုကျင့်မှု၊ အသိဉာဏ် ခေါင်း ပါးမှု၊ ပညာမရှိမှု၊ မိုက်မဲဆိုးသွမ်းမှု၊ ကိုယ်ချင်းစာတရား ကင်းမဲ့ မှုတို့ကို သက်သေပြုကာ အတည်ပြုပေးလျက် ရှိလေသည်။
.

လူသားတို့သည် ဖန်တီးတီထွင်မှုတစ်ခု၏ လိုအပ်ချက်အရ သဘာဝက ပေးအပ်ထားသော အရင်းအမြစ် တစ်ခုခုကိုလို အပ်သည်ထက် ပိုမိုသုံးစွဲပြီး ယခင်မူလအတိုင်း ပြန်လည်ဖြည့် ဆည်းပေးခြင်းကို မပြုလုပ်ပါက ယင်း၏ သဘာဝလိုအပ်ချက်၊ သဘာဝအရင်းအမြစ်၊ အစာကွင်းဆက်၊ ဂေဟစနစ်များကို ထိ ခိုက်ပျက်စီးစေပြီး သဘာဝတရားသည် ကွင်းဆက်ဖြတ်ခြင်း၊ အ ချိတ်အဆက်မဲ့ခြင်း၊ လွဲချော် တိမ်းစောင်းခြင်းများ ဖြစ်လာကာ ပုံမှန် အနေအထား ပျက်ယွင်းပြီး ကမောက်ကမ ရလဒ်များနှင့် ဘေးထွက်ဆိုးကျိုးများကိုသာ လူသားများထံသို့ ပြန်လည်ပို့ လွှတ်လာပြီး ဆိုးကျိုးများကို ဖြစ်ပွားစေသည်။
 .
ကမ္ဘာမြေကြီးပေါ်တွင် မည်သည့်အရာဝတ္ထုပစ္စည်း၊ သက် ရှိ သက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့တို့ကမျှ ပိုမိုထူးကဲပြီး အရေးပါ အရာ ရောက်ကာ လိုအပ်နေသည်ဟူ၍မရှိပေ။ အရာရာတို့သည် လိုအပ်၍သာ သဘာဝတရားအရ ဖြစ်တည်နေကြခြင်း ဖြစ်ပြီး တစ်ခုခု၊ တစ်ကောင်ကောင်၊ တစ်ယောက်ယောက် မရှိရုံမျှ နှင့် ဘာမှမဖြစ်နိုင်သော်လည်း တစ်ခုလုံး၊ တစ်မျိုးစိတ်လုံး၊ တစ်မျိုးနွယ်လုံးသာ မရှိတော့ဘဲ သုတ်သင်ပျက်စီး ပျောက် ကွယ်ရပါက ယင်းသို့သော ဂေဟစနစ်နှင့် အစာကွင်းဆက်၊ သဘာဝကွင်းဆက်များ၊ ယိမ်းယိုင်တိမ်းချော်မှုများ ဖြစ်လာ မည်မှာ အသေအချာပင်ဖြစ်သည်။
.
ထို့ကြောင့်ပင် လူပုဂ္ဂိုလ်တစ်ဦးသည် သူ၏လူမှုပတ်ဝန်း ကျင်၊ သဘာဝလောက၊ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာမြေ တစ်ဝန်းလုံးတွင် အချိန်နှင့်အမျှ စက္ကန့်မလပ် ဖြစ်ပျက်နေကြ သော ကိစ္စကြီးငယ်များ၊ ပြဿနာများ၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး၊ ဘာသာရေး၊ လူမျိုး ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အရေးအရာများစွာတို့ကို လျစ် လျူရှုပြီး အသက်ရှင်သန် နေထိုင်ရန်မှာ၊ သီးခြားရပ်တည်ရန် မှာ၊ စိတ်ပါဝင်စားမှုမရှိဘဲ ရှောင်ဖယ်နေထိုင်နိုင်ရန်မှာ မဖြစ် နိုင်သော အကြောင်းရင်းကိစ္စ တစ်ရပ်သာဖြစ်ပေသည်။
.
ကမ္ဘာ့အပြင်ဘက် ပတ်လမ်းကြောင်းမှ ဂြိုလ်တု တစ်လုံး၊ ဆီးရီးယားပြည်တွင်းစစ်၊ အာရပ် - အစ္စရေး ပဋိပက္ခ၊ တောင်ကို ရီးယား မြောက်ကိုရီးယား ပြဿနာ၊ အမေရိကန်မှ အိုင်ဖုန်းနှင့် Apple ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ ဟွာဝေးလ် အကြပ်အတည်း၊ ကမ္ဘာ့စတော့ရှယ်ယာ ကျဆင်းမှု၊ မြင့်တက်မှုများ၊ ရေနံသဘာ ဝဓာတ်ငွေ့နှင့် တွင်းထွက်သယံဇာတများ၊ လူကုန်ကူးမှုနှင့် တ ရားမဝင် ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်မှုများ၊ ထိုင်းနိုင်ငံ ဘန် ကောက်မြို့တွင် ကားလမ်းပိတ်ခြင်း၊ တရုတ်နိုင်ငံ ပေကျင်း မြို့တွင် လေထုညစ်ညမ်းခြင်း၊ ဧရာဝတီတိုင်းတွင် ရေကြီးခြင်း၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်း၊ တရုတ်နိုင်ငံ ဝူ ဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး ပြန့်ပွား ခြင်း၊ ရန်ကုန်တွင် လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ အင်းစိန်ဗဟို အကျဉ်းထောင်တွင် အကျဉ်းထောင်၏ ခံနိုင်ရည်ကျော်လွန်ပြီး အကျဉ်းသား အချုပ်သားများရှိခြင်း၊ ဖိလစ်ပိုင်တွင် မူးယစ် ဆေးဝါးပြဿနာကို ပြင်းထန်စွာကိုင်တွယ်ခြင်း၊ အီသီရိုး ပီးယားနိုင်ငံတွင် အငတ်ဘေး ဆိုက်ရောက်ခြင်း၊ ဂျပန်နိုင် ငံတွင် ဆူနာမီဖြစ်ခြင်း၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံနယ် နိ မိတ်နယ်ခြားတွင် စစ်ရေးပြခြင်း၊ ထိုင်ဝမ်နှင့် အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခြင်း၊ မြန်မာနိုင်ငံတွင် ဆန်ဈေးတက် ခြင်း၊ ဒေါ်လာဈေးကျဆင်းခြင်း၊ ဖုန်းဆင်းကတ်များ အသုံးပြု ခွင့်ရခြင်း၊ တက္ကစီများတွင် မီတာစနစ် အသုံးပြုခြင်း၊ ဒိုင်နာ ကားများ မြို့ပြင်သို့ထုတ်ခြင်း၊ နိုင်ငံတော် အကြီးအကဲများ အပြောင်းအလဲဖြစ်ခြင်း၊ နိုင်ငံရေးစနစ် ပြောင်းလဲခြင်း၊ ပညာ ရေးစနစ် ကောင်းမွန် တိုးတက်လာခြင်း၊ တရုတ်ပြည်နယ် စပ်ဂိတ်များ ပိတ်ခြင်း ဖွင့်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ တက္ကသိုလ်ဝင်ခွင့် စားမေးပွဲဖြေဆိုခြင်း၊ မြန်မာနိုင်ငံ ဘောလုံး အသင်း ရှုံးခြင်းနိုင်ခြင်း၊ ရေပြတ်ခြင်း၊ မီတာခတက်ခြင်း၊ ကန်စွန်းရွက်တစ်စည်း ၂၀၀ ကျပ်မှ ၅၀၀ ကျပ်ဖြစ်ခြင်း၊ က လေးသူငယ်များ မိဘမဲ့ဖြစ်ခြင်း၊ မနိုင်ဝန်ထမ်းကာ ဝင်ငွေ ရှာခြင်း၊ ပေတေလေလွင့်ခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ အရက် သေစာသောက်စားခြင်း၊ ပညာသင်ခွင့်မရခြင်း၊ နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း၊ ရာထူးရာခံများတွင် အ ကျင့်ပျက် ခြစားသူများ အဂတိလိုက်စားသူများ နေရာရခြင်း၊ လူကောင်းလူတော်၊ ပညာတတ်များ၊ ပညာရှင်များနေရာ မ ရခြင်း၊ ရှောင်ဖယ်နေခြင်း၊ လွတ်လပ်ပွင့်လင်း မြင်သာစွာ ပြုလုပ်ပြောဆို လုပ်ကိုင်မှုများ မရှိခြင်း၊ YBS Bus ကားက ကျပ် တစ်ရာ ၂၀၀ မှ ကျပ် ၃၀၀၊၄၀၀ သို့တက်ခြင်း၊ တရား မမှုနှင့် ရာဇဝတ်မှုများ အချိန်ကုန်ကြာလွန်းစွာ ဆွဲဆန့်ထား ခြင်း၊ တတ်လို့ လုပ်ခြင်းထက် ငတ်လို့ လုပ်ကြသူ အရေအတွက် များပြားလာခြင်း၊ ဆတ်ဆတ်ထိမခံ ကလေးသူငယ် ဆန် ခြင်း၊ ဝေဖန်ဆွေးနွေး ထောက်ပြမှုများကို အကောင်းမြင် သ ဘောထားဖြင့် မကြိုဆိုခြင်း၊ လျစ်လျူရှုခြင်း၊ လက်သန့်စင် ဆေးရည်နှင့် မျက်နှာအုပ် နှာခေါင်းစည်းများ ရှားပါးပြတ်လပ် အောင် စုဆောင်းဝယ်ယူ ဈေးတင်ရောင်းချခြင်း စသည်ဖြင့် များစွာသော နေ့စဉ်အကြောင်းအရာ များစွာတို့နှင့် လူတစ်ဦး ချင်းစီတိုင်းတို့သည် မဖြစ်မနေ ဆက်စပ်ပတ်သက် နေကြခြင်း ဖြစ်သည်။
 .
ယင်းကဲ့သို့သော နေ့စဉ်ကမ္ဘာ့ပြဿနာများ၊ မြန်မာ့ပြဿ နာများကို ရှောင်ဖယ်တိမ်းခွာ၍ နေထိုင်လိုပါသော်လည်း ယင်းပြ ဿနာ များစွာမှာတော့ ရေပြင်တွင်ထသော လှိုင်းဂယက်ကဲ့သို့၊ လေထုညစ်ညမ်းမှု တစ်ခုကဲ့သို့၊ အစားအစာနှင့် သောက်သုံး ရေ ပြတ်တောက်ခြင်းကဲ့သို့ပင် လူတိုင်းလူတိုင်းတို့အား လာ ရောက်ထိတွေ့ကာ ပြဿနာနှင့် စိတ်ဖိစီးမှုများကို ပေးလာမှာ ပဲဖြစ်ပါသည်။
 .
ထို့ကြောင့်ပင် လူသား တစ်ဦးချင်းစီတိုင်းသည် မိမိတို့ ၏ လူမှုပတ်ဝန်းကျင်ကို အသိုင်းအဝိုင်းကြီးနှင့် ကမ္ဘာ့အရေး ကိစ္စများစွာတို့ကို ဆံပင်လေးတစ်ပင် နုတ်ခံရလျှင် ဦးခေါင်း က ချက်ချင်းသိသကဲ့သို့၊ လက်ထိပ်ကလေးကို အပ်ဆူးလျှင် ချက်ချင်းသိသကဲ့သို့၊ ခြေဖျားကလေးက ခလုတ်တိုက်မိလျှင် ဦးနှောက်က ချက်ချင်းသိသကဲ့သို့၊ ရေဆာခြင်း ဗိုက်ဆာခြင်း ကို သိသကဲ့သို့၊ ရေနစ်လျှင် အသက်ရှူခွင့်ရရန် အားနှင့်မာန် နှင့်ဇွဲနှင့် မဖြစ်မနေ ရုန်းကန်လှုပ်ရှား ကြိုးစားသကဲ့သို့ အသေး အမွှားလေးများမှသည် ကမ္ဘာ့အရေးများဆီအထိ သိရှိနားလည် နေမှသာ မိမိတို့၏ နေ့စဉ်ဘဝတွင်း အသက်ရှင်သန်လှုပ်ရှား ရပ်တည်နေရခြင်းအတွက် အနည်းနှင့်အများ အထောက်အ ကူပြုမှာ ဖြစ်သည့်အတွက် မျက်စိကိုဖွင့်၊ နားကိုစွင့်လျက် လေ့ လာလိုက်စား ကြားနာနေရမှာ ဖြစ်ပါကြောင်း ဆွေးနွေး တင် ပြလိုက်ပါသည်။

Journal Download

Photo of three cats