ကိုဗစ်ကာလ နာရေး ကြုံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုဗစ်ကာလ နာရေး ကြုံရ

ရဲဘော်မြသိန်း(ဟိုပုံး)
.
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် ၁၉ ရောဂါနဲ့ ပတ် သက်ပြီး ကျွန်တော်တို့တတွေ နိုင်ငံတော်ရဲ့ အစီအမံတွေနဲ့အ ညီ နေထိုင်လာကြတာ ၆ လလောက်ရှိရော့မယ်ဗျ။ ဒီကိုဗစ်ကာ လအတွင်း ကျွန်တော့်အနေနဲ့ နာရေး(သေရေး) ကိစ္စ ၃ ခုနဲ့ ကြုံ ဆုံခဲ့ရတယ်ဗျ။ တစ်နည်းအားဖြင့် ဈာပနကိစ္စ ၃ ခုတွေ့ခဲ့ရ တယ်ဗျ။ ၂ ခုက ကျွန်တော်နေထိုင်တဲ့ အေးသာယာမြို့ကဖြစ်ပြီး ကျန်တစ်ခုကတော့ ရန်ကုန်မြို့က ဖြစ်တယ်ဗျ။ အေးသာယာမြို့ (ရှမ်းပြည်နယ်က မြို့တစ်မြို့နဲ့)ရန်ကုန်မြို့ (အထင်ကရ မြို့ကြီး တစ်မြို့) တို့ရဲ့နာရေး (သေရေး)ကိစ္စဆောင်ရွက်ပုံ တချို့တို့ကို ဗဟုသုတအလို့ငှာ တင်ပြလိုက်ပါတယ်။ တစ်နည်းအားဖြင့် ကို ဗစ်ကာလမှာ နာရေး(သေရေး) ကြုံရတဲ့ ကိစ္စပေါ့ဗျာ။
.
အေးသာယာမြို့က နာရေးကိစ္စ ၂ ခုမှာ ကျွန်တော်တို့ ရပ် ကွက်ထဲက ဖြစ်တယ်ဗျ။ တစ်ခုက ကျွန်တော်တို့အိမ်ရဲ့ ၄-၅ အိမ်ကျော်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ဆုံးပါး သွားတာဖြစ်ပြီး၊ နောက်တစ်ခုက ကျွန်တော်တို့အိမ်ရဲ့နောက် တစ်လမ်းက အသက် ၆၀ ကျော်အမျိုးသားကြီးတစ်ဦး ဆုံးပါး သွားတာ ဖြစ်တယ်ဗျ။ ဆုံးပါးသွားသူတွေရဲ့ ရုပ်ကလာပ် ၂ ခု စလုံးကို အိမ်တွေမှာပဲထားကြပြီး ၃ ရက်အကြာမှာ သင်္ဂြိုဟ်ကြ တယ် ဆိုပါတော့ဗျာ။ အမျိုးသမီးကလေးကို အေးသာယာမြို့ မှာရှိတဲ့ ကျီးဖြူကန် သုသာန်ဇရပ်ရောက်မှ သရဏဂုံတင်ပြီး မီး စက်နဲ့သင်္ဂြိုဟ်လိုက်ပါတယ်။ အမျိုးသားကြီးကိုတော့ အိမ်မှာသ ရဏဂုံတင်ပြီး ကျီးဖြူကန်သုသာန်မှာ မီးစက်နဲ့သင်္ဂြိုဟ်ပါတယ်။ သရဏဂုံတင်တဲ့ နေရာကလွဲပြီး ကျန်တဲ့နာရေး(သေရေး) ကိစ္စ အဝဝကတော့ အတူတူပါပဲ။ ၂ ခုစလုံးမှာ အိမ်ကနေ သုသာန် ကို ပို့ဆောင်ကြရာမှာ `မင်္ဂလာ`ဆိုတဲ့ နာရေးကူညီမှုအသင်းက လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုပ်ပေးတယ်ဗျ။ အထူးသ ဖြင့် ရုပ်ကလာပ်တွေကို ပြောင်းရွှေ့၊ သယ်ယူ၊ ထမ်းပိုး၊ ထည့် သွင်း စတာတွေမှာ အမျိုးသမီးတွေချည်းပဲဗျ။ ပျိုပျိုရွယ်ရွယ်တွေ အများဆုံးဖြစ်တယ်ဗျ။ ချောချောလှလှ မိန်းကလေးတွေလည်း ပါတယ်ဗျ။ တည်တည်ကြည်ကြည် ရိုးရိုးသားသား ဖျတ်ဖျတ် လတ်လတ်တွေပါပဲ။ သူတို့အားလုံးကို ချီးကျူးဂုဏ်ပြုလိုက်ပါ တယ်ဗျာ။
.
အဲ့ နာရေး (သေရေး) ကိစ္စနောက်တစ်ခုက ရန်ကုန်မြို့က ဖြစ်တယ်ဗျ။ အင်းစိန်မြို့နယ်က ပါပဲ။ သေဆုံးသူက ကျွန်တော့် အမေပါ။ အမေက အသက် ၉၄ နှစ်ရှိပါပြီ။ လူကြီးရောဂါ တစ်ခု နဲ့ ဆုံးတာပါ။ ၂၂-၇-၂၀၂၀ ရက်နေ့မှာ ဆေးရုံက အိမ်ကိုသယ် ယူလာပြီး ည ၁၁ နာရီမှာ ဆုံးတဲ့အကြောင်း၊ ၂၃-၇-၂၀၂၀ နေ့နံ နက်ပိုင်းမှာ ကျွန်တော့်ဆီ ဖုန်းလာပါတယ်။ ကျွန်တော်အဲ့ဒီ ၂၃-၇-၂၀၂၀ နေ့မှာပဲ ကားစီးပါတယ်။ ညနေ ၅ နာရီလောက် ကားစထွက်ပါတယ်။ ကိုဗစ်ကာလ သတ်မှတ်ချက်တွေနဲ့အညီ ကားလိုင်းက ဆောင်ရွက်ပါတယ်။ ရန်ကုန် အင်းစိန်ကို ကျွန် တော် ၂၄-၇-၂၀၂၀ နေ့နံနက်ပိုင်းမှာ ရောက်ပါတယ်။ အိမ်မှာ အမေ့ရုပ်ကလာပ်မတွေ့လို့ မေးကြည့်တော့ လှိုင်သာယာမြို့ ထိန်ပင်သုသာန် အအေးတိုက်ကို ၂၃-၇-၂၀၂၀ နေ့မနက်ပိုင်းမှာ စိန်ရတနာ နာရေးကူညီမှုအသင်းရဲ့ ဦးဆောင်မှုနဲ့ ပို့ထား ကြောင်း၊ ၂ ရက်ရှိသွားပြီဖြစ်ကြောင်း ယနေ့ (ကျွန်တော်အင်း စိန် ရောက်တဲ့နေ့) ၂၄-၇-၂၀၂၀ နေ့ ၃ ရက်မြောက်နေ့မှာ ထိန် ပင်သုသာန်မှာ သင်္ဂြိုဟ်မယ့်အကြောင်း ဆွေမျိုးသားချင်းတွေ က ဆီးကြိုပြောပြကြပါတယ်။
.
အင်း ဆွေမျိုးတွေရဲ့ စကားတွေကြောင့် ကျွန်တော် အ ထိုက်အလျောက် စိတ်သက်သာရာ ရသွားတယ်ဗျ။ သေဆုံးသူ အမေရဲ့ ရုပ်ကလာပ်ကို အိမ်မှာကြာရှည်ကြာများ မထားလိုက်ရ တော့ ဗာဟီရကိစ္စတချို့ရှင်းသွားတယ်ပေါ့ဗျာ။ ပြန်ပြောရရင် ၂၂-၇-၂၀၂၀ နေ့ည ၁၁ နာရီ ဆုံးတယ်။ ည ၁၂ နာရီဆို တစ် ရက်ပြည့်ပြီ။ ၂၃-၇-၂၀၂၀ နေ့ မနက်ပိုင်းချက်ချင်း သုသာန်ပို့ ထားရတယ်ဆိုတော့ အဲ့ဒါက တစ်ရက်ပြီးပြန်ပြီ။ ၂ ရက်ပြီးပြီပေါ့ ၂၄-၇-၂၀၂၀ နေ့ကျတော့ ၃ ရက်မြောက်ပြီဖြစ်လို့ သင်္ဂြိုဟ်မယ် ဆိုတော့ အားလုံးအချိန်အတိုဆုံးအတွင်း အကောင်းဆုံးအစီအ စဉ်တွေ ဖြစ်သွားတာပေါ့။ ကျွန်တော်ကလည်း ၂၄-၇-၂၀၂၀ နေ့ရောက်တယ်၊ အဲ့ဒီနေ့မှာ အိမ်မှာ သရဏဂုံတင်တယ်။ သု သာန်မှာ သင်္ဂြိုဟ်တယ်။ အားလုံးကွက်တိ ပါပဲ။ အမေ့နာရေးကိစ္စ မှာ အရေးကြီးတဲ့ အပိုင်းအားလုံး ကျွန်တော်မီသွားလို့ အပူလိုင်း တွေထဲက ရေကြည်တစ်ပေါက် ဖြစ်ခဲ့ရပါတယ်။
.
၂၄-၇-၂၀၂၀ နေ့(အမေ့ကို သင်္ဂြိုဟ်တဲ့နေ့)မှာ ကျွန်တော်နဲ့ ညီတစ်ယောက်နဲ့ မိတ်ဆွေ ၂ ယောက်နဲ့ ပေါင်း ၄ ယောက်တို့ ထိန်ပင်သုသာန်ကို အစောဆုံး ရောက်ခဲ့တယ်။ အမေ့ရုပ်က လာပ်ကို ကျွန်တော် နောက်ဆုံးအနေနဲ့ ကြာကြာလေးတွေ့ လိုက်ချင်လို့ပါ။ နောက်ပြီး နာရေး(သေရေး) ကိစ္စဆောင်ရွက်စ ရာ ရှိတာလေးတွေ ကြိုတင်လုပ်ထားချင်လို့ပါ။ သုသာန်မှာ ရှိ နှင့်နေတဲ့ သုသာန်တာဝန်ရှိသူတွေနဲ့ နာရေးကူညီမှု အသင်းက လူတွေနဲ့ပေါ့ဗျာ။ ကျန်တဲ့ ပရိသတ်တွေ အားလုံးကတော့ သတ် မှတ်ချိန် မွန်းလွဲ ၁ နာရီအရောက် လာကြမှာပေါ့ဗျာ။ တကယ် တော့ ထိန်ပင်သုသာန်ကို ကျွန်တော်တစ်ခါမှ မရောက်ဖူးပါ။ အင်းစိန်မြို့ အနောက်ဘက် ကြိုးတံတားကို ကျော်ဖြတ်ပြီး လှိုင် သာယာမြို့ကို သွားရမှာဆိုလို့ ထိန်ပင်သုသာန်ကိုလည်း လေ့ လာရေး ရောက်ဖူးသွားတာပေါ့ဗျာ။ အမေ့ကျေးဇူးလို့ကြံဖန်ပြော လိုက်ပါရစေ။
.


.
ဟုတ်ကဲ့။ ထိန်ပင်သုသာန်ဟာ အင်းစိန်မြို့ တစ်ဖက်ကမ်း မှာရှိတဲ့ လှိုင်သာယာမြို့နယ်ထဲမှာဗျ။ လှိုင်မြစ်ကို ဖြတ်ပြီး နာရီ ဝက်လောက် ကားမောင်းသွားရင် ရောက်တယ်ဗျ။ ရန်ကုန်မြို့ တွင်း ပြေးဘတ်စ်ကားကြီးတွေလည်း ပြေးဆွဲနေသဗျ။ ကျွန် တော်ဟာ အင်းစိန်နဲ့ လှိုင်သာယာဖြတ် ကြိုးတံတားကြီးကို ရောက်ဖူးသွားသလို ရန်ကုန်နဲ့အပြိုင် ဖွံ့ဖြိုးကြီးထွားလာတဲ့ လှိုင်သာယာ မြို့ကိုလည်း နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရတယ် ဗျ။ လူဦးရေ ပေါက်ကွဲမှုကြီး ဖြစ်နေတဲ့ ရန်ကုန်မြို့ကြီးကို လှိုင် သာယာမြို့က ကျားကန်အထောက်အမ ပြုနေတယ်လို့ ပြော ရင်ရသဗျ။ နောင်လည်း ထပ်ဆင့်ပွားများလာမယ့် လူဦးရေတွေ ကို လှိုင်သာယာမြို့က ကြိုဆိုနေသယောင်ယောင် ထင်မိပါ တယ်။ ဧရာဝတီတိုင်းဒေသကြီးနဲ့ တစ်ဆက်တည်း ရှိတဲ့ လှိုင် သာယာမြို့ကို ကျွန်တော် တအံ့တသြ ဖြစ်မိတယ်ဗျာ။ ပြောရင်း ဆိုရင်း နာရေး(သေရေး) ကိစ္စကနေ ဘေးချော် ထွက်သွားလို့ ပြန်တည့်မတ် ပြောဆိုပါ့မယ်။
.

ဒီလိုပါ ထိန်ပင်သုသာန်ဟာ လှိုင်သာယာမြို့ အနောက် မြောက်ဘက် ကျကျမြို့အစွန်လောက်မှာ ရှိတယ်ဗျ။ လှိုင်သာ ယာနဲ့ ဧရာဝတီတိုင်းဒေသကြီးသွား လမ်းမကြီးကနေ အတွင်း ဘက်ဝင်သွားရတယ်ဗျ။ မီးသင်္ဂြိုဟ်စက် အဆောက်အဦ အရှေ့ နားတွေမှာ ရေခဲတိုက်နဲ့ ခန်းမ ၅ ခု ရှိတယ်ဗျ။ တစ်ဆက်တစ် စပ်တည်း အဆောက်အဦတွေပါပဲ။ ရေခဲတိုက်ကတော့ သေ ဆုံးသူတွေကို ထားတဲ့နေရာဖြစ်ပြီး ခန်းမ ၅ ခုကတော့ သေဆုံး သူတွေ မီးမသင်္ဂြိုဟ်မီ ခေတ္တထားတဲ့ နေရာတွေဗျ။ သင်္ဂြိုဟ်ကာ နီးမှာ ရုပ်ကလာပ်တွေကို သင့်တင့်လျောက်ပတ်အောင် ခန်းမ ထိပ်တွေမှာ ရောင်စုံပန်းပွင့်တွေ၊ ရောင်စုံပန်းခွေငယ်ကလေး တွေ၊ ပန်းခြင်းတွေ၊ ပန်းအိုးတွေ၊ မီးသီးမီးချောင်းတွေ၊ သေဆုံး သူရဲ့ ဓာတ်ပုံကားချပ်ကြီး စသဖြင့်ဒါတွေကို ဆင်ယင်ထားတယ် ဗျ။ သေသူဘယ်သူဖြစ်တယ်ဆိုတာ သိရှိအောင် အိမ်ကဓာတ်ပုံ ကားချပ်ကြီးကို ယူလာရတယ်ဗျ။ သုသာန်က တာဝန်ရှိသူတွေ ညွှန်ကြားထားလို့ ဖြစ်မှာပါ။ ပရိသတ်အားလုံး မြင်ရတွေ့ရ စု စည်းကြ မမှားကြတော့ဘူးပေါ့။ အဲဒီခန်းမထဲမှာပဲ ပရိသတ်တွေ သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ နားနားနေနေ ထိုင်နိုင် အောင် ထိုင်ခုံတွေ အများအပြား ခင်းကျင်းထားပေးတယ်ဗျ။ သင်္ဂြိုဟ်မယ့် အချိန်နာရီအလိုက် ရေခဲတိုက်က ကြိုကြိုတင်တင် အဖုံးအုပ်တွေနဲ့ ထုတ်ထုတ်ပေးတယ်ဗျ။ ဆွေမျိုးသားချင်းနဲ့ အသိမိတ်ဆွေတွေ နောက်ဆုံးအကြိမ် နှုတ်ဆက်ကြည့်ရှုနိုင် တယ်ဗျ။ တရားသံဝေဂတွေ ပွားများနိုင်တယ်ဗျ။ နောက်ဆုံးအ နေနဲ့ ငိုတဲ့သူလည်း ငိုပေါ့ဗျာ။ ခန်းမ ၅ ခုက ကျယ်ဝန်းတော့ တစ်ခုကို ပရိသတ် ၂၀၀ ကျော်ဆံ့တယ်ဗျ။ အခန်းအပြင်က ရပ် စောင့်နေနားချင်လည်း ရတယ်ဗျ။ တခြားခန်းမ တချို့မှာလည်း အမေ သင်္ဂြိုဟ်တဲ့နေ့မှာပဲ ရုပ်ကလာပ်တွေ ရှိကြတယ်ဗျ။ မှန် အုပ်ဆောင်း အခေါင်းသေတ္တာ တွေနဲ့ပါပဲ။ ပရိသတ်တွေ တစ် ပြိုင်တည်း ရုပ်ကလာပ်ပေါင်း ၅ ခု သင်္ဂြိုဟ်နိုင်အောင် စီစဉ်ထား တဲ့ သဘောလည်း ဖြစ်ပါတယ်။
.
ဆက်ပြီး တင်ပြပါ့မယ်။ အမေ့ရုပ်ကလာပ်ကို ဆွေမျိုးသား ချင်းတွေ နောက်ဆုံးကန်တော့ကြပြီး မီးသင်္ဂြိုဟ်စက်အရောက် ပို့ဆောင်ကြတယ်။ ကြေးစည်သံ၊ တရားဘာဝနာရွတ်သံ၊ ရေ အိုးပေါက်ခွဲသံ၊ ငိုယိုသံ၊ ဂျိန်းကနဲ မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်သံတွေ ဟာ ဆက်တိုက်ဆက်တိုက် ပေါ်ထွက်လာပါတယ်။ လူတစ် ယောက် နောက်ဆုံးခရီးတစ်ခုရဲ့ ပုံရိပ်တွေပါပဲ။
.
တကယ်လို့များ ရုပ်ကလာပ်တစ်ခုကို မီး မသင်္ဂြိုဟ်ဘဲ မြေ မြှုပ်မယ်ဆိုရင်လည်း ရပါတယ်။ ကာယကံရှင်တွေရဲ့ သဘော ပါပဲ။ မြေနေရာတွေကတော့ အဆင်သင့်ပါပဲ။ မီးစက်နဲ့ သင်္ဂြိုဟ် ခကတော့ ၄၀၀၀ ကျပ်ဖြစ်ပါတယ်။ မြေမြှုပ်မယ်ဆိုရင်လည်း မများလှတဲ့ အခကြေးငွေတွေ ပေးရပါတယ်။ ၄၀၀၀ ကျပ်ထက် မပိုပါ။ ရေခဲတိုက်မှာ ထိန်းသိမ်းခ၊ အလုပ်သမားခ စတာတွေမှာ လည်း စရိတ်စက မများလှပါဘူး။ စုစုပေါင်း တစ်သောင်းကျပ် ထက် မပိုပါ။ တစ်ခုထူးခြားတာက ဟိုတစ်ချိန်က သုဘရာဇာလို လူတန်းစားတွေ မရှိကြတော့ပါဘူး။ နာရေး(သေရေး) ကိစ္စနဲ့ ဥဒဟိုသွားလာလှုပ်ရှားကြပေမယ့် ထိန်ပင်သုသာန်ဟာ အလွန် ကျယ်ဝန်းတော့ အားလုံးအဆင်ပြေ ချောမွေ့သွားကြပါတယ်။ တချို့ပါးစပ်နဲ့ နှာခေါင်းစည်း(Mask) တပ်တာတွေ ရှိပေမယ့် တချို့ကြတော့ ဘာမှမတပ်ကြပါ။ ဒါပေမဲ့ အေးသာယာမြို့ (ရှမ်းပြည်နယ်ကမြို့)မှာ လိုပဲပါးစပ်နဲ့ နှာခေါင်းစည်း(Mask) တွေ အခမဲ့လိုက်လံဝေငှကြပါတယ်။
.
ဒီနေရာမှာ ထူးသော်လည်း မဆန်းပြားတဲ့ မြင်ကွင်းလေး တစ်ခုကို တင်ပြချင်ပါတယ်။ အမေ့သင်္ဂြိုဟ်တဲ့ ကိစ္စပြီးလို့ အပြန် ခရီးမှာ ကျွန်တော်ဟာ အများနဲ့အတူ ကားကြီးတစ်စင်း (ငှား ထားသော ဝိုင်ဘီအက်စ်တစ်စင်း)ကို ပြောင်းရွှေ့စီးခဲ့ပါတယ်။ ပဲခူးမြို့နယ် ကျေးလက်တောရွာ တစ်ရွာက ကျွန်တော့်ညီမ ဝမ်း ကွဲတစ်ဦး(အမည်လှလှမြင့်)ဟာ ရေနဲ့ဆပ်ပြာမပါဘဲ ဆေး ကြောလို့ရတဲ့ ပိုးသတ်ဆေးရည်(လက်သန့်ဆေးရည်) တစ်ပု လင်းနဲ့ ကျွန်တော်တို့စီးလာတဲ့ ကားထဲမှာ လူတိုင်းကို ပိုးသတ် ဆေးရည် လက်ဝါးတွေထဲ ထည့်ထည့်ပေးပြီးပွတ်သပ်ခိုင်းတာ ပါပဲ။ ကိုဗစ်ကာလနဲ့ လိုက်လျောညီထွေတဲ့ အပြုအမူတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှလည်း သူ့ကိုမခိုင်းပါ။ တာဝန်မပေးပါ။ သူ့ဘာသာသူဝယ်လာပြီး ကုသိုလ်လုပ်တာပါ။ လူတိုင်းကိုလည်း သူ့ပါးစပ်က ပညာပေးဟောပြောသေးသဗျ။ သာမန်အညတြ ကျေးတောသူတစ်ဦးက မြို့ကြီးသားများကို ပညာလည်းပေး၊ ကုသိုလ်လည်းယူ၊ နမူနာလည်းပြ၊ အတွေးအခေါ်လည်းကောင်း လို့ ကျွန်တော်တစ်ချက်ပြုံးလိုက်မိပါသေးတယ်။
.
ကျွန်တော့်ဆောင်းပါးကို အဆုံးသတ်ပါတော့မယ်။ ကိုဗစ် ၁၉ ကာလမှာ အေးသာယာမြို့ (ရှမ်းပြည်နယ်ကမြို့) နဲ့ ရန်ကုန် မြို့(အထင်ကရမြို့)တို့ရဲ့ နာရေး(သေရေး) ကိစ္စမှာ တူညီတာ လေးတွေ ရှိသလို မတူခြားနားတာလေးတွေလည်း ရှိတာမို့ အ တုယူသင့်တာလေးတွေ ယူနိုင်အောင် ဆက်ပြီးအတိုချုံးတင်ပြ လိုက်ပါတယ်။
.
အင်းစိန်မြို့မှာ ကိုဗစ်ကာလဖြစ်လို့ ရုပ်ကလာပ်ကို အား ချင်း သုသာန်ပို့ စီစဉ်ဆောင်ရွက်တာ ကောင်းတဲ့အချက်ဖြစ်ပါ တယ်။ သုသာန်မှာ ထိုက်သင့်သလို ထိန်းသိမ်းထားပြီး မီး သင်္ဂြိုဟ်လိုက်တာလည်း ကောင်းတဲ့အချက်ပါပဲ။ အထူးသဖြင့် မီး သင်္ဂြိုဟ်စရိတ် ၄၀၀၀ ကျပ်သာ ကျတဲ့အတွက် သိပ်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ အေးသာယာမြို့(ရှမ်းပြည်နယ်က မြို့တစ် မြို့)မှာ မီးသင်္ဂြိုဟ်တာ စရိတ် ၅၀၀၀၀ ကျပ်ကြီးများတောင်ဆို တော့ ကွာဟလွန်းပါတယ်။ အစိုးရဌာန တစ်ခုက စီမံခန့်ခွဲတာနဲ့ ပုဂ္ဂလိက တစ်ခုကအခုမှစတင် စီမံခန့်ခွဲတာဖြစ်လို့ စရိတ်ကွာဟ မှု ကြီးမားတာ ဖြစ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ၊ ကိုဗစ်ကာလ မှာ ပူဆွေးသောက ရောက်ရသူတွေ တစ်ချက်ကလေးမှ နောက် ပြန်လှည့်မကြည့်ရအောင် ဆောင်ကြဉ်းပေးကြတဲ့ နာ ရေးကူညီမှု အသင်းတွေ (အေးသာယာမြို့က မင်္ဂလာအသင်းနဲ့ အင်းစိန်မြို့က စိန်ရတနာအသင်းမျိုးတွေ) ရှိတာ စိတ်ချမ်းမြေ့ စရာပါပဲ။ နာရေးကိစ္စ လာရောက်ကြတဲ့ ပရိသတ်တွေကို အချိန် အခါ အလျောက် ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တွေ အခမဲ့ ဝေငှပေးကြတဲ့ အလှူရှင်တွေကိုလည်း အားပေးမိပါရဲ့။ ကိုဗစ် ကာလ နာရေးကိစ္စ ၂ နေရာ ၂ ဌာနက ဆောင်ရွက်ပုံလေးတွေကို ပေါ့ပေါ့ပါးပါး သိရှိလေ့လာပြီး သကာလ ပိုမိုကောင်းမွန်ချောမွေ့ အောင် သက်ဆိုင်ရာတို့ သက်ဆိုင်သူတို့ ဆောင်ရွက်နိုင်ကြ ပါ စေကြောင်း ဆန္ဒပြုတင်ပြရင်း။

Journal Download

Photo of three cats