ရှမ်းရှေ့တွင် ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာနေပြီး COVID-19 ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ဦးရေနှင့် ညီမျှနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းရှေ့တွင် ဆုံဆို့နာ ရောဂါကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာနေပြီး COVID-19 ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ဦးရေနှင့် ညီမျှနေ

စုလှိုင်

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တွင် ယခုနှစ်အတွင်း ဆုံဆို့နာရောဂါ ကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာ နေပြီး ယင်းအရေအတွက်သည် မြန် မာ တစ်နိုင်ငံလုံးတွင် COVID-19 ကပ်ရောဂါကြောင့် သေဆုံးခဲ့သူအရေ အတွက်နှင့် ညီမျှနေသည်ဟု သိရ သည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ သည် ယခင်က ဝေးလံခက်ခဲသည့် ဒေသ ဖြစ်ခဲ့ပြီးနောက် နယ်စပ်မြို့ ဖြစ်လာသည့်အချိန်တွင် ပြောင်းရွှေ့ ဝင်ရောက်လာသူများ အများအပြား ရောက်ရှိလာခဲ့ရာ လူထုအကြားတွင် ကိုယ်ခံအား ကျဆင်းပြီး ဆုံဆို့နာ ရောဂါ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သိရသည်။
.
“အခု ဝန်ကြီးကို တင်ပြတာက တော့ အဲဒီမှာရှိတဲ့ ကလေးတွေရယ်၊ ဆေးမထိုးခဲ့ရတဲ့ ကလေးတွေ စုပုံလာ တယ်။ နောက် အသစ်ဝင်လာတဲ့ က လေးတွေမှာလည်း ကာကွယ်ဆေး ထိုးထားတာတွေ မရှိဘူး။ အဲဒီတော့ ဒီရောဂါ ခုခံနိုင်စွမ်းက အဲဒီဒေသ တစ်ခုလုံးမှာ နိမ့်နေတာပေါ့။ အဲဒီနေ ရာတွေမှာ ဆုံဆို့နာ ထွက်တဲ့နေရာ တွေမှာ လည်း ကာကွယ်ဆေးတွေကို ချက်ချင်း ပြန်ထိုးပေးတာတွေ လုပ် တယ်။ ပြီးတော့ ပုံမှန်ကာကွယ်ဆေး ထိုးဖို့ အစီအစဉ်တွေမှာလည်း က လေးတွေ ကာကွယ်ဆေးလုပ်ဖို့ လို တယ်ဆိုပြီး ဝန်ကြီးကို တင်ပြတာပါ” ဟု ဗဟိုတိုးချဲ့ ကာကွယ်ဆေးလုပ် ငန်း ဌာနစိတ်မှ လက်ထောက် ညွှန် ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်း သို့ပြောသည်။
.


.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တွင် ဆုံဆို့နာရောဂါကြောင့် သေဆုံး သူ ၆ ဦး ရှိရာ COVID-19 ကူးစက် ရောဂါ ကဲ့သို့ပင် ကြောက်စရာကောင်း ကြောင်းနှင့် ဆုံဆို့နာရောဂါသည် ကာကွယ်ဆေးရှိပြီး ကလေးတိုင်း ထိုးနှံနိုင်ရန် လိုအပ်ကြောင်း ဒေါက် တာနှင်းအိဖြူက ဆက်လက်ပြော ဆိုခဲ့သည်။
.

“ကူးစက်တတ်တဲ့ ရောဂါလို အစုလိုက်အပြုံလိုက် ဖြစ်နေတာမျိုး ပါ။ ဒါတွေက တကယ်တော့ ဖြစ်လာ မှ ကာကွယ်ဆေးတွေ လိုက်ထိုးတာနဲ့ စာရင် ကာကွယ်ဆေးတွေကို လွမ်းခြုံ မှုများများနဲ့ ကြိုတင်ထိုးထား နိုင်ရင် အကောင်းဆုံးပေါ့။ ဆုံဆို့နာ ကလည်း အသက်ရှူလမ်း ကြောင်း ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါပဲ။ အဓိကက COVID -19 ထက် ဒီလိုရောဂါ နဲ့ သေ တယ်ဆိုရင် အရမ်းနှမြောဖို့ကောင်း တယ်။ ဆုံဆို့နာက ကာကွယ်ဆေး  ထိုး ပြီး  ကာကွယ်လို့ရတဲ့ ရောဂါလည်း ဖြစ်တယ်။ ကာကွယ်ဆေးတွေကို လည်း နိုင်ငံတော်အနေနဲ့ကလည်း အလကားထိုးပေး နေတာပေါ့။ ကာ ကွယ်ဆေး ထိုးပေးတဲ့ အချိန်၊ နေရာ လေးကို သိအောင် ကြိုးစားသင့် တယ်”ဟု ဒေါက်တာ နှင်းအိဖြူ က ဆက်လက်ပြောဆိုခဲ့သည်။
.
ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံနိုင် ရန်အတွက် ကျန်းမာရေးဌာန  ဘက်မှ လိုအပ်သည့် လူအုပ်စု အားလုံးကို ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသသည် ကာကွယ်ဆေးထိုး လုပ်ငန်းကို ပိုမိုလို အပ်နေ သည်ဟု သိရသည်။
.
ဆုံဆို့နာရောဂါ (diphtheria) အပါအဝင် ကာကွယ်ဆေးဖြင့် ကာ ကွယ် နိုင်သော ရောဂါများ ဖြစ်ပွား ခြင်း အကြောင်းအရင်းများမှာ ကာကွယ် ဆေးထိုး လွှမ်းခြုံမှုအားနည်းခြင်း၊ သက်ဆိုင်ရာ လူအုပ်စု၏ စုပေါင်း ရောဂါ ခုခံကာကွယ်နိုင်မှု (herd immunity) အားနည်းခြင်း၊ ရွှေ့ ပြောင်းနေထိုင် သူ ဦး ရေများပြားခြင်း၊  ရောဂါကိုယ်ခံစွမ်းအား နည်းပါးသော လူအုပ်စု အတွင်းသို့ ရောဂါဝင် ရောက် လာခြင်း၊ ရောဂါပိုး၏ ပြင်းထန်မှုမြင့် မားခြင်း၊  နယ်မြေဒေသ သွားလာရ ခက်ခဲမှုနှင့် နယ်မြေဒေသ လုံခြုံရေး အခြေအနေများသည် ကာကွယ်ဆေး ထိုး လွှမ်းခြုံမှုအပေါ် များစွာသော အကျိုးသက်  ရောက်မှုရှိပါကြောင်း သိရသည်။
.
ဆုံဆို့နာရောဂါ မဖြစ်ပွားစေရေး အတွက် ဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော ကာကွယ်ဆေး ကို ထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင် သည်ကို ပြည်သူများ သိရှိရန် လိုအပ် နေကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ် မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်များမှ ဆုံဆို့နာသံသယဖြစ်ပွားသူ ဩဂုတ် ၁၆ ရက်အထိ ၆၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats