ကော်ဖီအိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကော်ဖီအိုင်


ဆောင်းချစ်
.
လူတိုင်းနီးပါး ကော်ဖီသောက်ဖူး ကြပါတယ်။ ကော်ဖီရဲ့အ ရသာကိုလည်း လူတိုင်းနီးပါး နှစ်သက်ကြမယ် လို့လည်းယုံ ကြည်ပါတယ်။
.
သူ့ရဲ့အနံ့လေးကိုက စွဲမက်တမ်းတဖွယ်မို့ သူကကမ္ဘာ ကျော် လူကြိုက်များတဲ့ စားသုံးကုန်ပါ။ ကျွန်တော်ကတော့ အ ညတရ ကော်ဖီအိုင်ပါ။
.
ကော်ဖီလို့ပြောကြရင် စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့၊ခါးသက် တဲ့ အရသာနဲ့ လန်းဆန်းခြင်း ရသကိုလူတိုင်း ပြေးမြင်ကြ မယ် ထင်ပါတယ်။ မှန်ပါတယ်။ ထိုရသတွေထဲသို့ ချိုမြမြသ ကြား ခပ်လိုက်သည့်အခါ  ကော်ဖီဆိုသည်မှာ နှစ်သက်ဖွယ် ပါ။ ဒါ့ကြောင့် လူကြိုက်များခြင်းဖြစ်မှာပါ။ တစ်ခုပါပဲ။ တချို့ တချို့ အတွက်တော့ သူက ရင်ခါစေမှာပါ။ ကျွန်တော်ကလည်း ရင်ခါစေသည့် ကော်ဖီအိုင်ပါ။
.
ကော်ဖီဟုဆိုလျှင် အညိုရောင်အမှုန့်လေးဟု လူတိုင်းသိ ကြပြီးသားပါ။ သူ့ကို အပူ၊ အအေး ၂ မျိုးဖျော်စပ် သုံးဆောင်နိုင် တာလည်းအမှန်ပါ။ကျွန်တော်ဆိုတဲ့ ကော်ဖီအိုင်ကတော့ နီပြေ ပြေအရောင်အဆင်းဖြင့် မိုးရေတစ်ခုဖြင့်သာ ဖျော်စပ်လို့ရတာပါ။ အေးမြသည့် မိုးရေစက်တွေဖြင့် ဖျော်စပ်ထားသည့်တိုင် ကျွန် တော်နှင့် သက်ဆိုင်သူ အပေါင်းကိုဖြင့် ရင်ပူစေတာ အမှန်ပါ။
.
ဒီလိုပါပဲ။ ကျွန်တော့်ဘဝက ထူးဆန်းမှုတွေနဲ့ ဖွဲ့တည် ထားတာပါ။ ဒါ့ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ကော်ဖီအိုင်ဟု ကင်ပွန်း တပ်လိုက်ခြင်းပါ။
.
ကျွန်တော်က ရွှေညောင်-ရပ်စောက် သွားလမ်းပေါ်က ဆင်တဲ တံတားအကျော်လေးမှာ နေတာပါ။ သိတဲ့သူတွေလည်း သိကြမှာပါ။ကျွန်တော်က ဥတု သုံးလီ ရှိသည့်အနက် မိုးဥတု ရောက်မှ အသက်ရှင်ခွင့် ကြုံသူပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အ သက်ရှင်ခြင်းသည် ရုပ်ဆိုး အကျည်းတန်လှပါတယ်။
.
ကျွန်တော့် ခန္ဓာကိုယ်သည် မိုးဗြဲဒယ်ပမာ အဝကျယ်၍ အနက်ရောင် ကျောပြင် တစ်ခုကို ကျွန်တော် ပိုင်ပါသည်။ ထို အင်္ဂါရပ် နှစ်ခုလုံးကို ကျွန်တော် မနှစ်သက်ပါဟု ပြောလျှင် ကျွန် တော် လွန်ရာကျမည် ထင်၏။ သို့သော် ဆက်လက် နားဆင်ပေး စေလိုပါသည်။
.


.
အဝကျယ်သော ခန္ဓာကိုယ်သည် မိုးရေကိုအလွန်အမင်း သောက်သည့်အခါတိုင်း အလုပ် လုပ်နိုင်သည့် အနက်ရောင် ကျောပြင်သည် သုံးစားမရသည်ထိ တိုင်အောင် ကျွန်တော် ပြောင်းလဲသွားသည်။ အကြောင်းမှာ မိုးတွင်းကာလ မိုးသည်း သည့်အခါတိုင်း ကော်ဖီအိုင်ဆိုသည့် ကျွန်တော့်ဘဝထဲသို့ ရေ များ လှိမ့်ဝင်လာကြ၏။ ထိုအခါ ကတ္တရာလမ်းအဖြစ် ပြည်သူကို အကျိုးပြုခွင့်ရသော ကျွန်တော့်ကျောပြင်ကိုပါ ရေလွှမ်းခံလိုက် ရတော့၏။
.

ထိုသို့ရေလွှမ်းသွားသည့် အခါတိုင်း ခရီးသွားပြည်သူတို့၏ အဆင်မပြေမှုများကို ကျွန်တော် ကြုံတွေ့ရတော့၏။ စိတ်မ ကောင်းခြင်း များစွာဖြင့် ဆွံ့အမိ၏။ ဝမ်းနည်းမိ၏။ အားကိုး ရှာမိ၏။ ကျွန်တော့်ဘဝကို ကျွန်တော် အပြစ်တင်မိ၏။
.
အားကိုးစရာဟူ၍လည်း ကျွန်တော့်တွင် ညီအစ်ကို နှစ် ယောက်သာ ရှိ၏။ တစ်ဦးမှာ ပင်းတယဘက်သို့ သွားသည့် လမ်းဖြစ်၍ အကူအညီ ရသည့်တိုင် ခရီးသည်တို့ ခရီးဝေးလှ၏။ တစ်ဦးမှာ ကျွန်တော်နှင့် အနီးအနားရှိ ရေရှောင်လမ်းတွင် နေ သည့်တိုင် ဆင်းရဲရှာ၏။
.
ဆင်းရဲဆို အတော့်အတော်ကို ဆင်းရဲ၏။ သူ့ကျောပြင် သည် မြေနီများဖြင့် ထုဆစ်ထားသဖြင့် မိုးရွာလျှင်သူချော်၏။ မိုးခြောက်လျှင်ဖုန်ထူ၏။ ထိုမျှမက ရေရှောင်လမ်းဟုသာ ခေါ် ရသည် မိုးရွာလျှင် သူကိုယ်တိုင် ဒုက္ခများနေသဖြင့် လမ်းသွား လမ်းလာတို့ကို ရွံ့အလိမ်းလိမ်း ကပ်စေခြင်းကိုသာ လက် ဆောင်ပေးနိုင်ရှာ၏။
.
ထို့ကြောင့် ကျွန်တော်ဆိုခဲ့သည့်အတိုင်း မိုးရေအေးအေး ဖြင့် ဖျော်စပ်သည့်တိုင် ကျွန်တော်နှင့် ပတ်သက်သူတိုင်း ရင်ပူ ရမည်။ ရင်ခါရမည်ဟူသည်ကို လူကြီးမင်းတို့ သဘောပေါက် နိုင်ပြီထင်၏။
.
အဓိကကျွန်တော် ပြောပြချင်သည်မှာဖြင့် အဝကျယ်သည့် ကျွန်တော့်ခန္ဓာကိုယ်သည် မိုးရွာလျှင် ရေအဝသောက်ရမှ ကျေ နပ်နိုင်သည့်ရောဂါမှာ ကုသရန်ခက်၏။ သို့အတွက် ရေရှောင် လမ်းပေါ်တွင် နေထိုင်သည့် ကျွန်တော့်ညီ၏ ကျောပြင်ကိုသာ ကတ္တရာစေးဖြင့် ကျောက်ပတ်တီး ကိုင်ပေးကြစေလို၏။
.
သူ့ကို ကျောက်ပတ်တီးကိုင်ပေးမှ ကျွန်တော်စိတ်ချမ်းသာ နိုင်မည်ဖြစ်၏။ အကြောင်းမှာ ကျွန်တော်နှင့် ပတ်သက်သူတိုင်း ကို ပျော်ရွှင်စေချင်၏။ ခရီးလမ်း အဆင်ပြေခြင်း ဟူသည့်ကု သိုလ်ကို ပေးလို၏။ သို့သော် ခြေလက်မရှိသည့် ကျွန်တော့် လို ကော်ဖီအိုင်သည် ဆုတောင်းနေရုံမှအပ မည်သည်ကို စွမ်း ဆောင်နိုင်ပါမည်နည်း။
.
ဝမ်းနည်းခြင်းများဖြင့် ခရီးသည်တို့၏ဒုက္ခကို ငေး ကြည့် နေရုံမှအပ ကျွန်တော့်လို သက်မဲ့ကော်ဖီအိုင်က ဘာ တတ်နိုင်မည်နည်း။ ဟုတ်ပါသည်။ ကျွန်တော်ကော်ဖီအိုင် ဖြစ် ပါသည်။ သို့သော် ရေအေးအေးဖြင့် ဖျော်စပ်ထားသည့် အပူ သည်ကြီး တစ်ဦးလည်းဖြစ်နေပြန်သည်။
.
စိတ်မကောင်းခြင်း များစွာဖြင့်ပါပဲ ၃.၈.၂၀၂၀ ရက်နေ့က သည်းသည်းမဲမဲ ရွာတဲ့မိုးရေတွေကို ကျွန်တော်တစ်ယောက် ဝ ဝလင်လင် သောက်သုံးထားမိ ပြန်ပါသည်။ သို့အတွက် ကျွန် တော်နှင့် အနီးဆုံးရှိ ရေရှောင်လမ်းမှ ကျွန်တော့်ညီကို ကတ္တ ရာစေးဖြင့် ကျောက်ပတ်တီးမြန်မြန်ကိုင်ပေးကြစေလိုကြောင်း မေတ္တာရပ်ခံနေမိပါသည်။
သောက ကင်းဝေးကြပါစေ။ (ကော်ဖီအိုင်)

Journal Download

Photo of three cats