စိုင်းကျော်မောင်
.
အမှုဖွင့်ကာ တရားစွဲဆိုခံရခြင်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျုံအား
၁၆-၆-၂၀၂၀ ရက်နေ့တွင် တောင်မြောက်ကိုရီး ယား နှစ်နိုင်ငံဆက်ဆံရေးရုံးအား ဒိုင်းနမိုက်ဖြင့်
ဖောက်ခွဲကာ ဖျက်ဆီးမှုအပေါ် တောင်ကိုရီးယား အစိုးရရှေ့နေများက ပြည် သူပိုင်ပစ္စည်း
ကာကွယ်ရေးစောင့်ရှောက်မှု ဥပဒေဖြင့် တရားစွဲ ဆိုကာ အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ
၁၆ ရက်နေ့တွင် တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။ ကင်ယိုဂျုံအား ယခုကဲ့သို့ အမှုဖွင့်လိုက်ခြင်းကြောင့်
ကိုရီးယား ၂ နိုင်ငံဆက်ဆံရေးသည် လည်း ပိုမိုဆိုးရွားလာတော့သည်။ ကင်ယိုဂျုံသည် ကိုရီးယား
၂ နိုင်ငံ ဆက်ဆံရေးရုံးအား ဖောက်ခွဲဖျက်ဆီးခြင်းတွင် ယင်းရုံး သည် မြောက်ကိုရီးယား
နယ်နိမိတ်အတွင်း၌ တည်ရှိသော် လည်း တောင်ကိုရီးယားမှ ယွမ်သိန်းပေါင်း မြောက်များစွာ
အ ကုန်အကျခံကာ တည်ဆောက်ပေးထားခြင်း ဖြစ်သည်ကို တွေ့ ရှိရသည်။ ယင်းကြောင့်ပင် တောင်ကိုရီးယား၏
ပြည်သူပိုင် ပစ္စည်းဖြစ်ကြောင်း ရှေ့နေအဖွဲ့ချုပ်မှ ထောက်ပြကာ တိုင်ကြား လာသောကြောင့်
လက်ခံစစ်ဆေးနေရခြင်း ဖြစ်သည်။ တောင် ကိုရီးယားတွင် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုကာ
ပြည်သူ ပိုင်ပစ္စည်း ဖျက်ဆီးမှုဥပဒေပုဒ်မသည် အနည်းဆုံးထောင်ဒဏ် ၇ နှစ်ဖြစ်စေ သေဒဏ်ထိဖြစ်စေ
ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။ ယင်းဖြစ်ရပ်အတွက် တောင်ကိုရီးယား အစိုးရသည် မိမိတို့နိုင်ငံ
အတွင်းသို့ ပြည်ပြေးများက မိုးပျံပူဖောင်းများဖြင့် ဝါဒဖြန့်စာရွက် များ ပေးပို့နေမှုကို
မလိုလားသောကြောင့် ၂ နိုင်ငံ ဆက်ဆံရေး ရုံးအား ဖောက်ခွဲဖျက်ဆီးရခြင်း ဖြစ်ကြောင်း၊
ဖောက်ခွဲဖျက်ဆီး ရန် ကင်ယိုဂျုံက လက်မှတ်ထိုးကာ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း
မြောက်ကိုရီးယားအစိုးရက ကြေညာကာ သတင်း ထုတ်ပြန်ခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ကင်ယိုဂျုံအား
အ ပြစ်ပေး အရေးယူရန် တိုင်ကြားခဲ့သည့် ရှေ့နေလီဂျွန်ဂျေးက မြောက်ကိုရီးယား ခေါင်းဆောင်များသည်
ဥပဒေလိုက်နာမှု ကင်းမဲ့လျက်ရှိကြောင်းကို ပြသလျက်ရှိကြောင်း ထို့ကြောင့် အ မှုဖွင့်ရခြင်း
ဖြစ်သည်ဟုဆိုသည်။ အဖြစ်မှန်ကို တင်ပြရလျှင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် နျူကလီယားအရေး
ဆွေးနွေးညှိနှိုင်းမှုများ၌ ရှေ့မတိုးသာသည့် အခြေအနေတွင် ရောက်ရှိနေသည်။ အမေရိကန်က
ဆန်ရှင်များ ရုပ်သိမ်းမှုမပြု သေးသဖြင့် စိတ်ရှုတ်ထွေးမှု များပြားလာသော မြောက်ကိုရီး
ယားသည် အမေရိကန်အား သွယ်ဝိုက်သည့် နည်းလမ်းဖြင့် ဖိ အားပေးသည့် အနေဖြင့် တောင်ကိုရီးယားကို
ရန်စခြင်းသာ ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။
.
Daily NK သတင်းဌာန
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည်ညီမဖြစ် သူ ကင်ယိုဂျုံအား
ခေါင်းဆောင်၏ညီမ၊ ခေါင်းဆောင်ကင်၏ ကိုယ်ရေးအရာရှိစသည့် ရာထူးများပေးထားသည်မှ နိုင်ငံ့ဦး
ဆောင်သူအဖြစ်သို့ ရာထူးတိုးမြှင့်သွားရန်ရှိသည်ဟု အ ထောက်အထားသစ်များ ပေါ်ထွက်လာကြောင်းကို
Daily NK သတင်းဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ထုတ်သည့် သတင်းမှဘ ရက်ဒလီကေမာဒင်၏ သတင်းဆောင်းပါး၌
ဖော်ပြထားသည် ကို တွေ့ရှိရသည်။ ဆက်လက်ဖော်ပြထားသည်မှာ မြောက်ကိုရီး ယား အာဏာရအလုပ်သမား
ပါတီကော်မတီ၏ နိုင်ငံရေးဌာန တွင် ကင်ယိုဂျုံကို အလှည့်ကျအဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းအဖွဲ့
ဝင်အဖြစ် ရာထူးတိုးမြှင့်လိုက်သည်ဟု ဖော်ပြထားသည်။ ၂-၇- ၂၀၂၀ ရက်နေ့တွင် ပြုလုပ်သည့်
ဗဟိုနိုင်ငံရေး ပါတီအစည်းအ ဝေးတွင် ကင်ယိုဂျုံက အမြဲတမ်းအဖွဲ့ဝင်အဖြစ်တက်ရောက်ခဲ့ ကြောင်း
အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုကို ကိုး ကား၍ Daily NK ကဖော်ပြခဲ့သည်။ လက်ရှိအခြေအနေအရ
ကင်ယိုဂျုံသည် ဗဟိုနိုင်ငံရေးပါတီ၏ အမြဲတမ်းပါတီအဖွဲ့ဝင် ဟုတ်မဟုတ် တိကျစွာ မသိရှိရသေးသော်လည်း
အစည်းအဝေး တက်ရောက်ခဲ့ကြသည့် အရာရှိအများစုက သတိပြုမိကြ ကြောင်း ပါရှိသည်။ Daily
NK သတင်းဌာနသည် မြောက်ကိုရီး ယားနိုင်ငံတွင်းရှိ သတင်းရင်းမြစ်များထဲမှ သတင်းကို လက်ကိုင်
ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရယူထားခြင်းပင်ဖြစ်သည်။ ထိုသ တင်းသာ မှန်ပါက အကယ်၍လက်ရှိခေါင်းဆောင်
ကင်ဂျုံအန် သာ ဆုံးခဲ့လျှင် မြောက်ကိုရီးယားနိုင်ငံကို အုပ်ချုပ်သည့် ကင်မိ သားစု တွင်းမှမည်သူက
ခေါင်းဆောင်ရာထူးကို ဆက်ခံမည် လောဟူသည့် မေးခွန်းကို ၁၅-၇-၂၀၂၀ ရက်နေ့ထုတ် Asia
Time သတင်းစာတွင် သုံးသပ်ထားသည်ကို အတည်ပြုနိုင်ပြီ ဟူ၍ မစ္စတာ မာတင်ကကောက်ချက်ချသည်။
.
ပါတီ၏မဏ္ဍိုင်
ခေါင်းဆောင်ကင်ဂျုံအန်၏ သားဖြစ်သူက နိုင်ငံအားဦး ဆောင်နိုင်မည့်
အရွယ်မရောက်သေးမီ ကာလအတွင်း၌ ကင် ယိုဂျုံကို ခေါင်းဆောင်ကင်ဂျုံအန်၏ တွဲဘက်အုပ်ချုပ်သူကဲ့သို့
သြဇာအာဏာရှိသူအဖြစ် တာဝန်ယူရန် ကင်ဂျုံအန်အစိုးရ အ ဖွဲ့က ရွေးချယ်ထားပုံရသည်ဟုလည်း
မှတ်ချက်ပေးထားသည်။ ကင်မိသားစု၏ အစဉ်အလာအား ပြန်လည်သုံးသပ်ကြည့်လျှင် လက်ရှိခေါင်းဆောင်
ကင်၏ဖခင်ဖြစ်သူ ကွယ်လွန်သူ ကင်ဂျုံ အီသည် ၁၉၉၇ ခုနှစ်ကတည်းက ကင်ဂျုံအန်ကို ခေါင်းဆောင်
ရာထူး လွဲပြောင်းဆက်ခံမည့်သူအဖြစ် လျို့ဝှက်စွာရွေးချယ် ထားခဲ့ပြီးနောက် ပါတီ၏မဏ္ဍိုင်ဟု
အမည်တပ်၍ သြဇာအာဏာ ကြီးမားသည့် အခန်းကဏ္ဍမှ တာဝန်ယူစေခဲ့သည်။ ၁၉၈၀ ပြည့် နှစ် မတိုင်မီထိ
ကင်ဂျုံအန်ကို ခေါင်းဆောင်ရာထူး ဆက်ခံမည့် သူအဖြစ် တရားဝင်ကြေညာခဲ့ခြင်း မရှိပေ။ ထူးခြားဆန်းကျယ်
သည့် ဘွဲ့ထူးဂုဏ်ထူးဖြစ်သည့် ပါတီ၏ မဏ္ဍိုင်ဘွဲ့ကို ကင်ဂျုံ အန်အစိုးရက ပြန်လည်အသက်သွင်းထားပြီး
ယခုအကြိမ်၌ ထို ဘွဲ့ထူး ပိုင်ဆိုင်သူသည် ကင်ယိုဂျုံဖြစ်ရန် အလားအလာအ ကောင်းဆုံးဖြစ်သည်ဆိုသည့်
သတင်းများကလည်း တစ်စ ထက်တစ်စ ပေါ်ထွက်လာသည်။
မြင်းဖြူ စီးနေသည့် ကင်ယိုဂျုံ
.
.
အိုဆာဂါမြို့အခြေစိုက် Asia Press/ Rimjmgang သတင်း ဌာန၏ အယ်ဒီတာချုပ်ဂျီရိုကစ်ရှီမာရုကလည်း
ကင်ယိုဂျုံ၏ လက်ရှိရာထူးနှင့် ရာထူးတိုးမည့် အလားအလာများကို စုံစမ်း ကာ ဖော်ပြလျက်ရှိသည်။
ကစ်ရှီမာရု၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြချက်အရ အကယ်၍ခေါင်းဆောင် ကင်ဂျုံအန် ရုတ်တ ရက်ကွယ်လွန်လျှင်(သို့)ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်
နိုင်စွမ်း မရှိတော့လျှင် ပါတီ၏ ထိပ်တန်းအရာရှိများနှင့် စစ်တပ် ခေါင်းဆောင်များက ယာယီတာဝန်
ထမ်းဆောင်ကြရမည် ဖြစ် သော်လည်း အခြေခံအားဖြင့် ခေါင်းဆောင်ကင်ဂျုံအန်၏ အမြင့် ဆုံးသြဇာအာဏာကို
အမွေဆက်ခံမည့်သူသည် ကင်ယိုဂျုံသာ ဖြစ်သည်ဟု ဖော်ပြထားသည်။
.
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖခင်ဖြစ်သူ ကင်ဂျုံအီကွယ် လွန်သွားပြီး
အစ်ကိုဖြစ်သူ ကင်ဂျုံအန်ခေါင်းဆောင်က အာဏာ ရရှိချိန်မှစ၍ ကင်ယိုဂျုံကို မြောက်ကိုရီယား
အစိုးရပိုင် မီဒီယာ များတွင် ထင်ရှားစွာ စတင်တွေ့ရှိလာရသည်။ ကင်ယိုဂျုံ၏ အ ဖိုးဖြစ်သူ
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သည့် ကင်အီ ဆွန်းက ဂျပန်ကိုလိုနီများအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်
နေ ရာအဖြစ် အထွတ်အမြတ်ထားရာ ပက်ခရုတောင်ပေါ်တွင် အ ဒေါ်ဖြစ်သူ အင်ကျန်ဟွေးနှင့် ယှဉ်တွဲ၍
မြင်းဖြူစီးနေသော ကင် ယိုဂျုံ၏ ရုပ်ပုံကို မြောက်ကိုရီးယား နိုင်ငံသားတိုင်း သတိထားမိ
ခဲ့ကြသည်။ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ကင်ယိုဂျုံသည် ပါတီ ဗဟိုကော်မတီဝင် ဖြစ်လာပြီး ၂၀၁၇ ခုနှစ်၌ ပါတီအတွင်း သီး သန့်ရှိနေသည့်
လွန်စွာအရေးပါသော နိုင်ငံရေးဌာန၏ အလှည့် ကျအဖွဲ့ဝင်သို့ တက်လှမ်းခဲ့သည်။
.
ပြင်ဆင်လေ့ကျင့်ပေးခြင်း
တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၈ ခုနှစ် ပြုံချမ်းဆောင်းရာ သီ အိုလံပစ်အားကစား
ပွဲအတွက် တောင်ကိုရီးယားသို့ ကင်ယို ဂျုံသွားရောက်၍ သမ္မတမွန်ဂျေအင်းနှင့် တွေ့ဆုံသည့်
အခါ၌ ကမ္ဘာ့နိုင်ငံများစွာမှ ကင်ယိုဂျုံကို သတိထားမိလာကြသည်။ ကင်ယိုဂျုံ၏ ထိုခရီးစဉ်သည်
ကိုရီးယားစစ်ပွဲနောက်ပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မိသားစုဝင်တစ်ဦးမှ တောင်ကိုရီးယားမြေပေါ်သို့
ပထမဦးဆုံးခြေချသည့် ဖြစ်ရပ်ဟူ ၍ ကမ္ဘာမှ မှတ်တမ်းတင်နိုင်ခဲ့သည် မွန်ဂျေအင်း၊ ဒေါ်နယ်ထရမ့်၊
ရှိကျင့်ဖျင် စသည့်ကမ္ဘာ့ခေါင်းဆောင်များနှင့် ကင်ဂျုံအန်တို့ တွေ့ဆုံဆွေးနွေးပွဲတွင်လည်း
ကင်ယိုဂျုံသည် အစ်ကိုဖြစ်သူ ကင်ဂျုံအန်နှင့် အတူတကွ ယှဉ်တွဲတွေ့ရှိလာရသည်။
.
၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ကင်ဂျုံအန်နှင့်
ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပွဲပျက်ပြားခဲ့ပြီးနောက် ကင်ယိုဂျုံကို ဗဟိုနိုင်ငံရေး ပါတီ၏
အလှည့်ကျ အဖွဲ့ဝင်အဖြစ်မှ ခေတ္တရာထူးဖြုတ်ချထားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီလ တွင်
ထိုရာထူးကို ပြန်လည်ရရှိခဲ့သည်။ အများပြည်သူ မြင်ကွင်း မှ ကင်ဂျုံအန် ပျောက်ကွယ်နေချိန်၌
ကင်ယိုဂျုံက အစိုးရအဖွဲ့ ၏ လုပ်ရပ်ဆိုးများအတွက် တာဝန်ယူခဲ့သည်။ တောင်နှင့် မြောက်
ကိုရီးယား ပေါင်းစည်းရေး ဆွေးနွေးပွဲများတွင် တောင် ကိုရီးယားက ယုံကြည်ဖွယ်ရာ မကောင်းကြောင်း
မြောက်ကိုရီး ယားနှင့် အမေရိကန်အကြား သဘောထား ကွဲလွဲမှုများကို ဖြေ ရှင်းနိုင်ရန် သမ္မတထရမ့်၏
စကားလုံးများနှင့် ခင်မင်ရင်းနှီးမှု များက လုံလောက်မှု မရှိကြောင်း ကင်ယိုဂျုံက ထုတ်ဖော်ပြော
ဆိုသည်။ ကစ်ရှိမာရု အမြင်သဘောထားတွင် ကင်ယိုဂျုံသည် ရည်ရွယ်ချက် ကြီးမားသူဖြစ်ကြောင်း
သူမ၏ ပြည်တွင်းပြည်ပ ဖန်တီးမှု ပုံရိပ်များအရ ထင်ရှားသိသာလှသည်။ ကင်ယိုဂျုံက နိုင်ငံကို
တရားဝင်ဦးဆောင်နေသူ မဟုတ်သော်လည်း အစိုးရ အဖွဲ့အတွင်း၌ အလွန်သြဇာအာဏာရှိပြီး ခေါင်းဆောင်ရာထူး
လက်ခံကာ လွှဲပြောင်းရယူနိုင်ရန် သူမအားပြင်ဆင်လေ့ကျင့် ပေးနေသည်ဟုလည်း သုံးသပ်ထားသည်။
.
သုတ်သင်ရှင်းလင်းခြင်း
မြောက်ကိုရီးယားနိုင်ငံ၏ ဥပဒေများ ချမှတ်ရာတွင် လမ်း ညွှန်ချက်အဖြစ်
အသုံးပြုသည့် မဟာစည်းမျဉ်း ၁၀ ချက်ကို ကင်ဂျုံအန် အုပ်ချုပ်သည့် ကာလနှင့် ကိုက်ညီရန်
၂၀၁၃ ခုနှစ် ဇွန်လတွင် ပြင်ဆင်ခဲ့သည်။ ပြင်ဆင်ချက်များအနက် ဝါကျတစ် ခုတွင် ပါတီ၏ ဂုဏ်သိက္ခာကို
ဆက်လက်ထိန်းသိမ်း၍ ပက်ခရု မျိုးဆက်တစ်လျှောက် ထာဝရတော်လှန်ရေး ဆင်နွဲသွားမည်ဟု ပါရှိပြီးနောက်
ထပ်မံ၍ဝါကျတစ်ကြောင်း၌ ပက်ခရုမျိုးဆက်၏ သန့်စင်မှုကို သေချာကျနစွာ စောင့်ထိန်းရိုသေပါမည်ဟု
ဖော်ပြ ထားသည်။ ကစ်ရှီမာရုက ကိုးကားဖော်ပြထားသည့် ထိုစည်း မျဉ်းအရ ကင်မိသားစုပြင်ပမှ
မည်သူကမျှ ခေါင်းဆောင်ဖြစ်ရ မည် မဟုတ်ဟု ကစ်ရှိမာရုက ယူဆသည်။ ထို့ကြောင့်လည်း ကင်ဂျုံအန်ရာထူး
စတင်လက်ခံစဉ် အချိန်တွင် မိမိ၏ရာထူးကို ခြိမ်းခြောက်ကာ အန္တရာယ်ပြုနိုင်သည်ဟု ယူဆရသည့်
နိုင်ငံ ရေးနှင့် စစ်ဘက်ခေါင်းဆောင်အချို့ကို သုတ်သင်ရှင်းလင်းခဲ့ ခြင်းပင်ဖြစ်သည်။
.
အလားအလာ ကောင်းမွန်နေခြင်း
ဝေဖန်သူအချို့က ကင်ဂျုံအန်၏ အဖေတူ မအေကွဲညီဖြစ် သူ ကင်ပြုံအီသည်
သံတမန်ရာထူးမှ အငြိမ်းစားယူပြီး မြောက် ကိုရီးယားသို့ လာရောက်ကာ အခြေစိုက်နေထိုင်နေသည့်
အ တွက် ကင်ဂျုံအန်၏ နေရာတွင် ဆက်ခံမည့်သူဟူ၍ ထင်ကြေး ပေးနေကြသည်။ မကြာသေးမီက ကင်ပြုံအီကို
နေအိမ်အကျယ် ချုပ်ထားသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ ကစ်ရှီမာရု၏ အမြင်တွင်
ကင်ပြုံအီသည် ကင်ဂျုံအန်၏ ရာထူး ဆက်ခံနိုင်မည့်သူ မဟုတ်နိုင်ပါ။ သွေးသား တော်စပ်မှုသည်
မြောက်ကိုရီးယား ယဉ်ကျေးမှုအရ မျိုးဆက်သန့်စင်မှု မရှိပေ။ ခေါင်းဆောင်ရာထူး ဆက်ခံသူစာရင်း၏
ထိပ်ဆုံးရှိ ကင်ဂျုံအန် ၏ သားအကြီးဆုံးသည် ယခု ၁၀ နှစ်သာ ရှိနေသဖြင့် ခေါင်း ဆောင်ရာထူး
လက်ခံနိုင်ရန် အနည်းဆုံး အနှစ် ၃၀ ခန့် စောင့် ရမည် ဖြစ်သည်။ ထို့ကြောင့် သန့်စင်သည့်
ပက်ခရု မျိုးဆက်အ ဖြစ် ကင်ဂျုံအန်ရာထူးကို ဆက်ခံရန် ညီမဖြစ်သူ ကင်ယိုဂျုံက တန်းစီဇယားအရ
ဒုတိယဖြစ်နေသည့်တိုင် နောက်ထပ် ၁၀ နှစ် အတွင်း ကင်ဂျုံအန်သေဆုံးခြင်း (သို့) တာဝန်ကို
ထမ်းဆောင် ခြင်းမ ပြုနိုင်ပါက ကင်ယိုဂျုံက ခေါင်းဆောင်အဖြစ် အုပ်ချုပ်ခွင့် ရရန် အလားအလာ
ကောင်းမွန်နေသည်ကို တွေ့ရှိနေရသည်။ တရားစွဲဆိုခံနေရသူ ကင်ယိုဂျုံသည် မြောက်ကိုရီးယား၏
ခေါင်းဆောင် ဖြစ်လာမည်လောဟူသည့် အချက်ကို ကမ္ဘာမှ စောင့်မျှော်လျက် ရှိနေကြသည်။