၂၁ ရာစု စစ်လော၊ တိုက်ပွဲလော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, August 1, 2020

၂၁ ရာစု စစ်လော၊ တိုက်ပွဲလော


စိုင်းကျော်မောင်
.
ယနေ့ခေတ် ၂၁ ရာစု ကာလတွင် အမေရိကန်-တရုတ် အားပြိုင်မှုများကို စစ်အေးတိုက်ပွဲသစ်ဟူ၍ တင်စားပြောဆိုနေ ကြသည်။ ပထမစစ်အေးတိုက်ပွဲ ဆင်နွဲခဲ့သည့် အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်တို့ကြား စီးပွားရေးစနစ်များသည် ထင်ရှားစွာ ဆန့်ကျင်နေခဲ့ကြသော်လည်း ယနေ့ထိ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်တို့၏ စီးပွားရေးစနစ်အကြား ကွာခြား ချက်များသည် ထိုမျှမထင်ရှားကြောင်း အမေရိကန်-တရုတ် မ ဟာဗျူဟာ ပြိုင်ပွဲသည် အမေရိကန်-ဆိုဗီယက်ယှဉ်ပြိုင်မှုကဲ့သို့ ရှင်းလင်းတိကျစွာ ပြတ်သားမှုဖြင့် အဆုံးသတ်ရန် အလားအ လာနည်းကြောင်း ထိုအမေရိကန်နှင့် တရုတ်မဟာဗျူဟာ ယှဉ် ပြိုင်မှုကြောင့် နှစ်ဘက်စလုံးသည် စိုးရိမ်စိတ်ဖြင့် ကသိက အောက် ဖြစ်နေကြသော်လည်း ရှင်းလင်းတိကျမှု မရှိသည့် ကမ်းလှမ်းချက်များကို ဆန္ဒပြင်းပြစွာဖြင့် လက်ခံကြရသည့် အ နာဂတ်ကာလဆီသို့ အမှတ်မထင် ဝင်ရောက်သွားရန် အလား အလာများကြောင့် ၂၆-၆-၂၀၂၀ ရက်နေ့အင်တာနက် ဆောင်း  ပါးတစ်ပုဒ်တွင် သုံးသပ်ထားသည်ကို ဖတ်ရှုလိုက်ရသည်။
.
စစ်အေးတိုက်ပွဲကာလ အစ၏ အမှတ်သင်္ကေတ
၁၉၅၆ ခုနှစ်တွင် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာခရုရှက်က အနောက်နိုင်ငံ သံတမန်များကို `ကျွန်တော်တို့က ခင်ဗျားတို့ ကို မြေမြှုပ်ပစ်မယ်`ဟူ၍ ဆိုခဲ့ခြင်းက အမေရိကန်-ဆိုဗီယက် စစ်ပွဲကာလ အစ၏အမှတ်သင်္ကေတ တစ်ခုအဖြစ် စတင်ခဲ့ သည်။ ယခုလက်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေ ရိကန်သည် အမေရိကန်-တရုတ် ဆက်ဆံရေးကို စစ်အေး တိုက်ပွဲ အသစ်ဆီသို့ တွန်းပို့နေသည်ဟု စွပ်စွဲပြောဆိုခဲ့သဖြင့် စစ်အေးတိုက်ပွဲအသစ်ဟု တင်စားပြောဆိုနေကြသည်။ ၂၀၁၀ ပြည့်နှစ်တိုင်အောင် ထိတွေ့ဆက်ဆံခြင်း အလုပ်တစ်ခုခြင်းကို အတူတကွ လုပ်ဆောင်နေခြင်းများ ပိုမိုများပြားလာခဲ့ပြီး ယနေ့ ထိတိုင် ထိတွေ့ဆက်ဆံမှုများက အဆုံးမသတ် နေနိုင်ပေ။ သို့ သော်လည်း ၂ နိုင်ငံ ဆက်ဆံရေးကို ယေဘုယျခြုံကြည့်ရလျှင် မဟာဗျူဟာဆိုင်ရာ ယှဉ်ပြိုင်မှုများ ပိုမိုများပြားနေပြီး မျှော်မှန်း ကြည့်ရှုနိုင်သည့် အနာဂတ်ကာလတစ်ခုထိ ယှဉ်ပြိုင်မှုသည် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ သို့သော်လည်း စစ်အေး တိုက်ပွဲအသစ်ဟု တင်စားရန်မသင့်တော်ကြောင်း ဆီလျော်မှု မရှိသည့် တင်စားချက်ကို အကြိမ်ကြိမ်အထပ်ထပ် အသုံးပြုနေ  ခြင်းဖြင့် အမှန်တကယ် ဖြစ်ပေါ်လာတတ်ခြင်းကြောင့် တင်စား ချက်များကို ဂရုစိုက်ကာ ဆင်ခြင်မှုများဖြင့် အသုံးပြုရန် တိုက် တွန်းထားသည်။
.
စစ်အေးတိုက်ပွဲ ဟူသည်ကား
စစ်အေးတိုက်ပွဲ ဟူသည်ကား အမေရိကန်-ဆိုဗီယက် ၂ နိုင်ငံအကြား အန္တရာယ်များပြားသည့် ယှဉ်ပြိုင်မှုနှင့် တင်းမာမှု များသည့် အချိန်ကာလတစ်ခုထက် များစွာပို၍ အဓိပ္ပာယ်ရှိ ကြောင်း နိုင်ငံရေးနှင့် စီးပွားရေးအခြေခံသည့် အတွေးအခေါ် ယုံကြည်မှုများက သိသာစွာ ကွဲပြားခြားနား ဆန့်ကျင်မှုများ ကြောင့် အမေရိကန်-ဆိုဗီယက်စစ်အေးတိုက်ပွဲသည် သမားရိုး ကျ အင်အားကြီးနိုင်ငံများအကြား သြဇာအာဏာ ယှဉ်ပြိုင်မှုနှင့် ကွာခြားခဲ့ကြောင်း ၂ နိုင်ငံစလုံးသည် လက်တွေ့ကျကျ ပြုမှုခဲ့ ကြသော်လည်း နျူကလီးယားစစ်ပွဲအား ဟန့်တားရန် လိုအပ် သဖြင့် ရွှေးချယ်ရန် နည်းလမ်းက နည်းပါးခဲ့ကြောင်း အဓိကအ ချက်သည် နိုင်ငံတကာအစီအစဉ်ကို မိမိတို့အကျိုးစီးပွားနှင့် ပုံ ရိပ်အတွက် ပုံဖော်ရန် ကြိုးပမ်းကြရာ၌ မတူညီသည့်နိုင်ငံရေး စီးပွားရေး အတွေးအခေါ်များကြောင့် စစ်အေးတိုက်ပွဲသို့ ဦး တည်ခဲ့ကြောင်း ဖော်ပြထားသည်။ ၁၉၆၁ ခုနှစ် ဇူလိုင်လတွင် ဘော်ဂျီဗစ်တစ်ဦးက နိုင်ငံရေး စီးပွားရေး အတွေးခေါ်မတူညီမှု ကို အလေးထားယှဉ်ပြိုင်ရန် ဂျာမဏီအား သတိပေးခဲ့သည်ကို လိုက်နာမှု ကင်းမဲ့ခဲ့ကြောင်း၊ ခရုရှက်က နှစ်ပေါင်းများစွာကြာချိန် တွင် ဝန်ခံခဲ့သည်။ အရှေ့ဂျာမဏီမှ အထက်မြက်ဆုံး အရည် အချင်း အပြည့်ဆုံးရှိသော နိုင်ငံသား များစွာတို့သည် အနောက် ဂျာမဏီသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ကို ရပ်တန့်စေနိုင် ခဲ့သည်ထိ မိမိ၏ နိုင်ငံရေး၊ စီးပွားရေးစနစ်ကို ဆွဲဆောင်မှု လုံ လောက်စွာ ရရှိရန် စီမံမှုပျက်ကွက်ခဲ့သဖြင့် ဘာလင်တံတိုင်း ကြီးကို မလွဲမရှောင်သာဖြင့်သာ တည်ဆောက်ခဲ့ရသည်ဟု ခရု ရှက်က ဝန်ခံခဲ့သည်။
.
လူမျိုးရေးအခြေခံသည့် အမျိုးသားရေး မူဝါဒ
၂၀၀၃ ခုနှစ်မှစ၍ တရုတ်ကွန်မြူနစ်ပါတီ CCP သည် ထုတ် လုပ်မှု မြင့်မားစေမည့် အင်အားများနှင့် ပေါင်းစည်းမည့် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းသည် အရင်းရှင်၊ ဓနရှင်များနှင့် ပေါင်းစည်းမည့် အဓိပ္ပာယ်ဖြစ်ခဲ့သည်။ ယနေ့ CCP သည် လူ မျိုးရေးအခြေခံသည့် အမျိုးသားရေးမူဝါဒကို အခိုင်အမာ အ ကောင်အထည်ဖော်ပြီး တရုတ်နိုင်ငံကို ပြန်လည်အင်အား ကောင်းရန် ကြိုးပမ်းရာ၌ အောင်မြင်မှုများရှိသည်။ သမ္မတရှီ ကျင့်ဖျင်၏ အိပ်မက်ကို တရုတ်လူမျိုးအားလုံးက ထောက်ခံ သည်ဟု CCP ကဆိုနေသော်လည်း ဟောင်ကောင်၊ ထိုင်ဝမ်နှင့် အရှေ့တောင် အာရှနိုင်ငံများရှိ တရုတ်နွယ်ဖွား များစွာတို့က ထိုအိပ်မက်ကို စိမ်ခေါ်နေသည်။ ထိုင်ဝမ်တွင် DPP ပါတီက အ ကြိမ်ကြိမ် အောင်ပွဲခံနေခြင်းနှင့် လချီကြာသည့် ဟောင်ကောင် ဆန္ဒပြပွဲများက နိုင်ငံရပ်ခြား အခြေစိုက်ကြသည့် တရုတ်နွယ်ဖွား များ၏ အိပ်မက်နှင့် တရုတ်ပြည်မကြီးမှ သမ္မတရှီကျင့်ဖျင်၏ အိပ်မက်တို့နှင့် ကွဲပြားခြားနားကြောင်း ထင်ရှားသည့် ၁၉၅၀ ပြည့်နှစ်ခန့်တွင် ဘော်ဂျီဗ်တစ်ဦး(မီကိုယန်)က အရှေ့ဂျာမဏီ ကို သတိပေးခဲ့သည့် အခြေအနေမျိုးကို ယနေ့တရုတ်ရင်ဆိုင် နေရသော်လည်း အနောက်အုပ်စုကို အပြစ်တင်နေသည်။ ထိုင် ဝမ်ဒေသခံနှင့် ဟောင်ကောင်ဒေသခံတို့သည် ပြည်မကြီးနှင့် ကွဲပြားသည့် သီးခြားစရိုက်လက္ခဏာများ ဖြစ်တည်လာခြင်း သည် အနောက်အုပ်စုနှင့် သက်ဆိုင်ခြင်းမရှိပေ။ ၁၉၁၁ ခုနှစ် တွင် ကွင်မင်းဆက် အဆုံးသတ်ချိန်မှစ၍ တရုတ်နိုင်ငံနှင့် တ ရုတ်လူမျိုးဆိုသည်မှာ ရှုပ်ထွေးသည့် မေးခွန်းတစ်ခု ဖြစ်လာ သည်။ ထိုမေးခွန်းအတွက် CCP ၏ အဖြေကို တရုတ်နိုင်ငံ PRC အတွင်းမှာပင် လူတိုင်းက လက်သင့်ခံခြင်း မရှိချေ။
.


.
တရုတ်၏ အမြော်အမြင်
ကိန်းဂဏန်း အတိအကျဖြင့် ဖော်ပြနိုင်ခြင်း မရှိသော်လည်း အနောက်နိုင်ငံများရှိ မြို့ကြီးများတွင် တရုတ်ကိန်း အသစ်အ သစ်များ နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်။ မော်စီးတုန်း ကွယ်လွန်ပြီးနောက် နိုင်ငံများစွာသို့ တရုတ်နိုင်ငံမှ စွန့်ခွာနေကြ ခြင်းသည် စီးပွားရေးအတွက် အကြောင်းပြချက် မဟုတ်ပေ။ ထိုစဉ်ကပင်လျှင် တရုတ်သည် စီးပွားရေးအရ အောင်မြင်မှုများ ရှိနေခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ကမ္ဘာ၌ တရုတ်သည် စီးပွား ရေးအရ အင်အားတောင့်တင်းမှု အမြင့်ဆုံးနိုင်ငံအဆင့်သို့ ရောက်ရှိနေပြီး အနောက်အုပ်စု၏ ဖွံ့ဖြိုးတိုးတက်မှု ထူထောင် သည့် ပုံစံကို ခြိမ်းခြောက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ် CCP ၏ ၁၉ ကြိမ်မြောက် ညီလာခံတွင် သမ္မတရှိကျင့်ဖျင်က အခြားဖွံ့ ဖြိုးဆဲ နိုင်ငံများအတွက် ဖွံ့ဖြိုးမှု လမ်းကြောင်းသစ်ဖြင့် ခေတ်မီ ရန် ပြုလုပ်မည်။ တရုတ်၏ အမြော်အမြင်၊ ချဉ်းကပ်မှု ပုံစံသစ် ဖြင့် လူသားမျိုးနွယ်တို့ ရင်ဆိုင်နေရသည့် ပြဿနာများအား ဖြေရှင်းပေးနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထိုနေ့က သမ္မတရှီကျင့်ဖျင်၏ ရှည်လျားလှသည့် မိန့်ခွန်းများထဲမှ အ ထက်ပါ စာကြောင်းအပေါ် အနောက်အုပ်စုက လိုအပ်သည် ထက်ပို၍ တုံ့ပြန်ထားပုံရသည်ဟု ဝေဖန်သုံးသပ်ထားသည်။
.

အနောက်အုပ်စုမှ သတ်မှတ်သည့် ခေတ်မီခြင်း
အနောက်အုပ်စုတွင် မပါဝင်သော ကျန်ကမ္ဘာ့နိုင်ငံများသည် ပြီးခဲ့သည့် ရာစုနှစ် ၃ စုအတွင်း၌ အနောက်အုပ်စုမှ သတ်မှတ် သည့် ခေတ်မီခြင်းကို ညှိယူခဲ့သည်။ အရှေ့အာရှဒေသတွင်း ဂျ ပန်နိုင်ငံ၏ ၁၉ ရာစု မေဂျီလှုပ်ရှားမှုမှစပြီး တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူနှင့် အရှေ့တောင်အာရှဒေသ နိုင်ငံများသည် ထိုခေတ်မီခြင်း သဘောတရားကို လက်ခံကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ညှိယူ၍ ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်။ တရုတ်သည် ကိုယ်ပိုင်ပြောင်းလဲ ပြုပြင်မှုများ ပြုလုပ်ရန် ပျက် ကွက်ခဲ့၍ အနောက်အုပ်စုနှင့် အပြိုင်ပုခုံးချင်း ယှဉ်နိုင်မည့် ဓန ဥ စ္စာနှင့် သြဇာအာဏာ ရှာဖွေရန် စမ်းသပ်မှု များစွာ ပြုလုပ်ခဲ့ သည်။ ပထမ သမ္မတအုပ်ချုပ်မှု ထောက်ခံအားပေးသည့် မူဝါဒ နှင့် နောက်ပိုင်းတွင် ကွန်မြူနစ်ဝါဒ အမျိုးမျိုးတို့အား စမ်းသပ် ကျင့်သုံးရာ၌ အနောက်တိုင်း အတွေးအခေါ် အယူအဆများ လွမ်းမိုးမှုများ ကြီးထွားခဲ့ရသည်။ တရုတ်ခေါင်းဆောင် တိန့် ရှောင်ဖိန့်သည် အမေရိကန်-တရုတ်ယှဉ်ပြိုင်ရာတွင် မာစ်၊ လီ နင် စီးပွားရေး သီအိုရီမှ ခွဲထွက်ခဲ့သဖြင့် အမေရိကန်- ဆိုဗီ ယက် ယှဉ်ပြိုင်ပွဲနှင့် နှိုင်းယှဉ်လျှင် နိုင်ငံစီးပွားရေး အခြေခံအ တွေးအခေါ် ရှုထောင့်မှ သုံးသပ်ရပါက လုံးဝကွာခြားသည်ဟု မဆိုနိုင်ပေ။
.
ရလဒ်သည် သုံည ဖြစ်စေမည်
အမေရိကန်-တရုတ်ယှဉ်ပြိုင်ပွဲတွင် စီးပွားရေးက နိုင်ငံရေး အတွေးအခေါ်ထက် ပိုမိုအချက်အခြာကျနေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အနောက်နိုင်ငံများတွင် စီးပွားရေးအတွက် ရုန်းကန်နေရချိန်၌ တရုတ်၏စီးပွားရေးသည် မထင်မှတ် လောက်အောင်ပင် တရှိန်ထိုးမြင့်တက်လာခဲ့သည်။ သို့သော် လည်း အမေရိကန်နှင့် တရုတ်စီးပွားရေး စနစ်များအကြားကွာ ခြားချက်သည် အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုစီးပွား ရေး စနစ်များအကြား ထင်ရှားသည့် ဆန့်ကျင်ကွဲပြားမှုမျိုး မ ဟုတ်ပေ။ ၂၀ ရာစု တစ်ခုလုံးတွင် အမေရိကန်၏ အရင်းရှင်ဝါ ဒနှင့် ဆိုဗီယက်၏ ကွန်မြူနစ်ဝါဒအကြား ကွဲပြားမှုက အခြေခံ အကျဆုံး ကွာခြားချက်ဖြစ်ခဲ့သည်။ အမေရိကန်နှင့် ဆိုဗီယက် တို့ စီးပွားရေးယှဉ်ပြိုင်မှုသည် ၂ နိုင်ငံတည်း ယှဉ်ပြိုင်မှုဖြစ်ပြီး ၂ ဦးပေါင်းလျှင် ရလဒ်သည် သုညဖြစ်စေမည့် ဆန့်ကျင်ဘက်  ၂ နိုင်ငံ၏ ယှဉ်ပြိုင်မှုမျိုးဖြစ်သည်။
.
အဓိက ခြားနားချက်
၂၁ ရာစုတွင် အမေရိကန်နှင့် တရုတ် ၂ နိုင်ငံစလုံးသည် ကမ္ဘာ့စီးပွားရေးအတွက် အချက်အခြာကျပြီး တစ်နိုင်ငံ၏ စီးပွား ရေးနှင့် အခြားနိုင်ငံ၏ စီးပွားရေး သာမက အခြားကမ္ဘာ့နိုင်ငံများ စွာ၏ စီးပွားရေးနှင့်ပါ ဆက်နွယ်ပေါင်းစည်းနေကြပြီး ရှုပ်ထွေး သည့် ပုံစံအမျိုးမျိုးဖြင့် အပြန်အလှန် မှီခိုနေကြရသည်။ ထို့ ကြောင့် အမေရိကန်နှင့် တရုတ် ၂ နိုင်ငံတည်း ယှဉ်ပြိုင်မှုအဖြစ် ပုံဖော်ပြောဆိုနေခြင်းသည် အဓိပ္ပာယ်လုံးဝမရှိဟု ဝေဖန်နေကြ သည်။ ယနေ့အချိန်အခါတွင် အမေရိကန်အပါအဝင် အနောက် နိုင်ငံများ၏ စီးပွားရေးနှင့် တရုတ်စီးပွားရေးသည် များစွာရော ထွေးဆက်နွယ်နေပြီး အဓိကခြားနားချက်သည် နိုင်ငံအသီးသီး ၏ စီးပွားရေးစနစ်များအတွင်း ဈေးကွက်နှင့် အစိုးရထိန်းချုပ် သည့် အချက်အလက်များ အကြားတွင် ခြေကျရန် ထိန်းညှိမှု ပုံစံက ကွာခြားချက် ဖြစ်နေသည်။ ထိုကွာခြားမှုသည် အရေး ပါသော်လည်း သိသာထင်ရှားသည့် (သို့) အခြေခံကျသည်ဟူ ၍ မဆိုနိုင်တော့ချေ။ အမေရိကန်နှင့် တရုတ် ၂ နိုင်ငံစလုံးသည် ထိန်းညှိမှု များစွာကို ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသော်လည်း ယင်းတို့ ၂ နိုင်ငံအကြား စီးပွားရေး ပြိုင်ဆိုင်မှုအပေါ် သက် ရောက်သည့် စိန်ခေါ်မှုများသည် စစ်အေးကာလထက် ပို၍ အဓိပ္ပာယ် ရှိသည်ဟု ဖော်ပြထားသည်။
.
ရှုပ်ထွေးခက်ခဲသည့် စိန်ခေါ်မှုများ
စစ်အေးကာလ အတွေ့အကြုံအရ အမျိုးသားရေး ဝါဒကြီး စိုးလာသည်နှင့် နိုင်ငံတကာစနစ်သည် အစိတ်စိတ်အမွှာမွှာကွဲပြားလာနေခြင်းသည် ကမ္ဘာအားဦးဆောင်ရန် ဆန္ဒပြင်းပြ သည့် မည်သည့်အင်အားကြီးနိုင်ငံအတွက်မဆို ရှုပ်ထွေးခက်ခဲ သည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း အဓိကအင်အား ကြီးနိုင်ငံများက ပါးနပ်လိမ္မာစွာ ဆောင်ရွက်မှု မပြုသ၍ ယင်းတို့ ၏အမျိုးသားရေးဝါဒများက စိတ်နာကျည်းခြင်း၊ ခုခံဆန့်ကျင် ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန်နှင့် တရုတ်၂ နိုင်ငံ စလုံးသည် ထိုသို့သော ပါးနပ်လိမ္မာမှုမျိုး ရှိသည်ဟူ၍ လူသိများ မှု မရှိသေးကြောင်း ကမ္ဘာပေါ်တွင် သေးငယ်သော နိုင်ငံမျိုးမှာ ပင် အတိုင်းအတာ တစ်ခုထိ အမျိုးသားရေး ဝါဒရှိကြောင်း၊ ထို ရှုပ်ထွေးသည့် ခက်ခဲသော ပုံစံအမျိုးမျိုးဖြင့် အပြန်အလှန်မှီခို နေကြသော ကမ္ဘာ့စီးပွားရေး၌ နိုင်ငံကြီးငယ်မရွေး မည်သည့် နိုင်ငံကမျှ အမေရိကန် (သို့) တရုတ်တစ်ဘက်တည်း၌ သီးခြား ရပ်တည်သည်ဟု သတ်မှတ်မည် မဟုတ်ကြောင်း ဖော်ပြထား သည်။
.
နိဂုံးချုပ်ရလျှင် အမေရိကန်-တရုတ်မဟာဗျူဟာ ပြိုင်ပွဲ သည် အမေရိကန်-ဆိုဗီယက်ပြိုင်ပွဲကဲ့သို့ ပြတ်သားစွာ အဆုံး မသတ်နိုင်သဖြင့် အနာဂတ်ကာလတွင် စစ်အေးတိုက်ပွဲသစ် သဏ္ဍန် မသက်ရောက်‌ကြောင်း၊ ဆန့်ကျင်ဘက်အယူအဆများ စွာဖြင့် စစ်အေးတိုက်ပွဲသစ်ထက် ပိုမိုရှုပ်ထွေးသည့် အခြေအနေ သို့သာ ရောက်ရှိသွားမည် ဖြစ်ပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

About