ပြည်သူ့ပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၅ နေရာတွင် ပါဝင် ယှဥ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် တောင်ကြီးမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်လွှတ်တော် အတွက် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ နောင်ချိုမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)၊ နောင်ချိုမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တို့ ဖြစ်ကြောင်း သိရသည်။
.
ပြည်သူ့ပါတီ၏ ဥက္ကဌမှာ ဦးကိုကိုကြီး ဖြစ်ပြီး ပါတီအမှတ်စဥ်(၁၁၀)ဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
