ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာရှိ ရဲကင်းစခန်း၌ သြဂုတ်လ ၄ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ရဲဒုတပ်ကြပ် တစ်ဦးက ရဲတပ်ကြပ်နှင့် ရဲတပ်သားတို့ကို ရဲဒင်းဖြင့် ခုတ်၍ သေဆုံးသွားကြောင်း သိရသည်။
.
ရဲဒင်းဖြင့် ခုတ်သူမှာ ရဲဒုတပ်ကြပ် ချစ်ကိုကို ဖြစ်ပြီး သေဆုံးသူများမှာ ရဲတပ်ကြပ် စံမြင့်နှင့် ရဲတပ်သား စိုင်းထွန်းထွန်းလင်းတို့ ဖြစ်ကြောင်း သိရသည်။
.
ရဲဒုတပ်ကြပ် ချစ်ကိုကိုသည် ၄င်း၏ ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်နေသည့်အတွက် သေဆုံးသူ ရဲတပ်ဖွဲ့ဝင်များက အော်ဟစ် ဟန့်တားရာ ရဲဒုတပ်ကြပ် ချစ်ကိုကိုမှ ရဲကင်းမီးဖိုဆောင်ရှိ ရဲဒင်းဖြင့် သေဆုံးသူများအား ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ရဲဒင်းဖြင့် ခုတ်ခြင်းကြောင့် ရဲတပ်ကြပ် စံမြင့်တွင် ဝဲဘက်လည်ပင်း ပြတ်ရှ သွေးထွက် ဒဏ်ရာ၊ ယာမျက်ခုံးမှ နှာခေါင်းထိ ပြတ်ရှ သွေးထွက် ဒဏ်ရာနှင့် ရဲတပ်သား စိုင်းထွန်းထွန်းလင်းတွင် ဦးခေါင်းနောက်စေ့ ပြတ်ရှ သွေးထွက်ဒဏ်ရာ၊ လည်ပင်း ယာဘက် ပြတ်ရှ သွေးထွက် ဒဏ်ရာများ ရရှိ၍ ဆေးကုသမှု ပေးရန် ရပ်စောက် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးရုံသို့ ရောက်ရှိစဥ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရဲတပ်ဖွဲ့ဝင်များအား သေစေသည်ထိ ရဲဒင်းဖြင့် ခုတ်သူ ရဲဒုတပ်ကြပ် ချစ်ကိုကိုအား ရပ်စောက်မြို့မရဲစခန်းတွင် (ပ) ၉၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Home
ရပ်စောက်
ရှမ်းတောင်သတင်းများ
ရဲတပ်ဖွဲ့
ပင်ဖြစ်ရဲကင်းတွင် ရဲဒုတပ်ကြပ်က ရဲတပ်ကြပ်နှင့် ရဲတပ်သားတို့ကို ရဲဒင်းဖြင့် ခုတ်သတ်
ပင်ဖြစ်ရဲကင်းတွင် ရဲဒုတပ်ကြပ်က ရဲတပ်ကြပ်နှင့် ရဲတပ်သားတို့ကို ရဲဒင်းဖြင့် ခုတ်သတ်
Tags
# ရပ်စောက်
# ရှမ်းတောင်သတင်းများ
# ရဲတပ်ဖွဲ့
Share This
About Unknown
ရဲတပ်ဖွဲ့
Tags
ရပ်စောက်,
ရှမ်းတောင်သတင်းများ,
ရဲတပ်ဖွဲ့