မင်းဇော်မင်း
.
ကမ္ဘာ့သမိုင်းဇာတ်ခုံတွင် မဟာမိတ်ဆိုသောစကားကို ကမ္ဘာ့ အဆင့် စစ်ကြီးများတွင်
တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြလို့ ယခု အချိန်ထိ အချို့သော နယ်ပယ်များတွင်လည်း သုံးစွဲနေစွဲ
ဖြစ် သည်။
.
ပထမ ကမ္ဘာစစ်(၁၉၁၄-၁၈) စုစုပေါင်း ၄ နှစ် ကြာမြင့်ခဲ့ သည်။ လူပေါင်း
၈၃၆၉၄၀၀ သေဆုံးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅)က ၆ နှစ် ကြာခဲ့သည်။ လူပေါင်း ၅၆ သန်း
၄ သိန်း ခန့် သေဆုံးခဲ့ကြသည်။
.
ကမ္ဘာ့သမိုင်းတွင် အရှည်ကြာဆုံး စစ်ပွဲမှာ ပြင်သစ်နှင့် အင်္ဂ
လန်တို့ AD1338-1453 အထိ ၁၁၅ နှစ်ကြာ တိုက်ခဲ့သည့် ပြည်ပ စစ်ပွဲဖြစ်ပြီး ပြတ်တောင်း
ပြတ်တောင်းဖြင့် ၁၆၅ နှစ်ကြာမျှ တိုက်ခဲ့သည့် ဘာသာရေး စစ်ပွဲ ပထမ ခရူးဆိတ်မှသည် နဝမ
ခရူးဆိတ်စစ်ပွဲများလည်း ကြာမြင့်ခဲ့ကြသည်။
.
ပြည်တွင်းစစ်များအတွင်း အသေအပျောက် အများဆုံး စစ် ပွဲမှာ တရုတ်ပြည်
မန်ချူး အစိုးရလက်ထက် ၁၈၅၁ ခုနှစ်မှ ၁၈၆၄ ခုနှစ်အထိ ၁၃ နှစ်ကြာ ဖြစ်ပွားခဲ့သည့် တိုင်ပင်သူပုန်ထမှုတွင်
သေဆုံးသူ သန်း ၂၀ မှ သန်း ၃၀ ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။
.
မြန်မာ့ ပြည်တွင်းစစ် ကတော့ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့် ခဲ့ပြီ
ဖြစ်သည်။ မပြီးဆုံးသေး တိုက်နေဆဲ၊ သေနေကြဆဲ၊
ဒုက္ခ ရောက်ဆဲ။ သေစာရင်း ချုပ်၍ မရဆဲ၊ အနာဂတ်တွင် မမွေးဖွား သေးသည့် နိုင်ငံသားများပါ
သေစာရင်းထည့်ရမည့် အခြေအနေ ရှိနေသည်က ကမ္ဘာ့ GuinessBook စံချိန်ဝင်ဖြစ်တော့မည် အနေ
အထားဖြစ်နေပေသည်။ သို့အတွက် ငြိမ်းချမ်းရေးကို ပြင်းပြစွာ လိုလားသည့် အနေဖြင့် ဤဆောင်းပါးကို
ရေးသားရခြင်းဖြစ် ကြောင်းပါ။
.
စစ်တို့၏ သဘောအရ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ၊ တစ်နိုင်ငံနှင့်
တစ်နိုင်ငံ အချင်းများကြရာတွင် လက်နက်မျိုးစုံကို အသုံးပြုကြသည်။ စစ်တလင်းများတွင်
အောင်နိုင်ရေးကို နည်း လမ်းမျိုးစုံဖြင့် လုပ်ဆောင်ကြသည်။
.
စနစ်တူ၊ ရည်ရွယ်ချက်တူ
တွဲကြသည်။ မဟာမိတ်ဖွဲ့ကြ သည်။ မတူသူများနှင့်
ခွဲကြသည်။ ထိပ်တိုက် ရင်ဆိုင်ကြသည်။
.
လူ့အဖွဲ့အစည်းများကို လူမျိုးရေးအရ ဖြစ်စေ ၊ ဝါဒရေးရာ အရဖြစ်စေ
ကန့်သတ် ချုပ်နှောင်မှုများဖြင့် တည်ဆောက်ချင်သူ များနှင့် လူ့အဖွဲ့အစည်းများကို လူမျိုးရေးပေါ်တွင်
အခြေမစိုက်၊ လွတ်လပ်မှုကို မြတ်နိုးမှုအပေါ် အခြေစိုက်သည့် သူများ တိုက် ခိုက်ခဲ့ကြသည်။
ဆိုချင်သည်မှာ သူတော်ချင်းချင်း သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ဆိုသည့် စကားအတိုင်း
တူသူချင်းတွဲ၍ မဟာမိတ်ဖွဲ့ကာ မတူသူများနှင့် ရင်ဆိုင်ကြသည့် စစ်ရေးနည်း လမ်းများရှိသလို
နိုင်ငံရေး နည်းလမ်းများသည်လည်း ရှိသည်ကို ဆိုလိုရင်း ဖြစ်သည်။
.
ဒီမိုကရေစီ နိုင်ငံရေး နည်းတွင်မူ ရွေးကောက်ပွဲများကို စစ် တလင်း
သတ်မှတ်၍ မဲများကို လက်နက်များအဖြစ် အသုံးပြု ကာ အောင်နိုင်ရေးအတွက် ကြိုးပမ်းကြသည်။
Fast-past- the- post နိုင်သူ အကုန်ယူ စနစ်အရ မဲများသူက အစိုးရဖွဲ့ခြင်း ဖြင့် အနိုင်ယူသည့်
နည်းလမ်းဖြစ်သည်။ အာဏာရလိုမှုသာ အဓိ ကထားပြီး လူထုကို မျက်နှာမမူသည့် သူများအတွက်မူ
အောင် နိုင်ရေး နည်းလမ်းများတွင် သိက္ခာ မရှိ၊ အရှက်မရှိ အနိုင်ယူဖို့ ကြိုးပမ်းတတ်ကြသည်။
.
စစ်မြေပြင်တွင် မြေပြင်တပ်များမှ လှံစွပ်ထိုး သိမ်းပိုက်ပြီး သည်အထိ
တိုက်ကြသလို ရွေးကောက်ပွဲတွင်လည်း နောက်ဆုံး
မဲရလဒ်ရသည် အထိ တိုက်ကြသည်။ ထိုမှသည် ငြင်းချက်များအ တွက် တရားရုံးများတွင်
ဆက်လက် တိုက်ပွဲဝင်ကြသည်မှာအပြီး သတ် ဆုံးဖြတ်ချက် အထိ ဖြစ်ကြရသည်။
.
ယခု လာမည့် မြန်မာနိုင်ငံ၏ တတိယအကြိမ်ဖြစ်မည့် ၂၀၂၀ ပါတီစုံ အထွေထွေ
ရွေးကောက်ပွဲအတွက် မဟာမိတ်များရုပ်လုံး ပေါ်လာနေသည်ကို တွေ့ရသည်။
.
နိုင်ငံရေးပါတီ ၃၄ ပါတီမှ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်သို့ တွေ့ခွင့်
တောင်းပြီး (ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် UEC) ၏လုပ်ရပ်များကို တင်ပြသည်ဆိုသည့်
တွေ့ဆုံမှုက မဟာမိတ် ရုပ်လုံးပြခြင်းဟု နိုင်ငံရေး လေ့လာသူများက ဆိုကြ သည်။
.
.
တူရာစုခြင်းသာ ဖြစ်သည့်အတွက် နိုင်ငံရေးအရ မဟာမိတ် ပြုခြင်းသာဟု
ယူဆရသည်။ အခြား အဖွဲ့များ တူရာ စုဖွဲ့ခြင်း သို့မဟုတ် ပါတီဖွဲ့ခြင်းများ ရှိသည်။ ရှမ်းပြည်တိုင်း ရင်းသား နိုင်ငံရေး ပါတီများအဖွဲ့ချုပ် LSSEP လို
၊ ညီနောင်တိုင်း ရင်းသား ပါတီများ ဖက်ဒရယ်ရေးရှင်းလို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး
ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC လို တိုင်းရင်း သားလက်နက်ကိုင်(၇)ဖွဲ့ဖြင့် စုစည်းထားသည့်
မဟာမိတ် အဖွဲ့ များ ရှိပါသည်။
.
၂၀၂ဝပြည့်နှစ်၊ သြဂုတ်လ ၁၄ ရက်က တပ်ချုပ်နှင့် တွေ့ဆုံမှု တွင်
ပါဝင်သည့် နိုင်ငံရေးပါတီ ၄၃ ပါတီကို တပ်ချုပ်ကိုအမှူး ပြု သည့် မဟာမိတ် အဖွဲ့များဟု
နိုင်ငံရေးအရ သုံးသပ်ကြသည်။
.
နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် အနိုင်ရ ပါတီ
၆ ပါတီပါဝင်ပြီး တိုင်းရင်းသား ပါတီ ၉ ပါတီ ပါဝင်သည့် အုပ်စုဖြစ်သည်။
.
လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ NLD နှင့် အခြားပါတီ များ ယှဉ်ပြိုင်ရာတွင်
အဓိကမှာ USDP ဖြစ်ရာ ယခုတွင် USDP ၏ မဟာမိတ်များကို သေသေချာချာ သိမြင်ခွင့် ရခဲ့ခြင်းက
နိုင်ငံ ရေး စကားလုံး အရ ရန်/ငါ ကွဲပြားခြင်းဟု ဆိုနိုင်ပေသည်။
.
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေခံကာ
ကွဲပြားရာတွင် NLD တွင် နိုင်ငံရေးမဟာမိတ် မရှိဟု ဒေါက်တာ ဇော်မြင့်မောင် ကိုယ်တိုင်က
ပြောထားသည့်အတွက် NLD တွင် နိုင်ငံရေး မဟာမိတ် မရှိချေ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်
ဖွံ့ဖြိုးရေး ပါတီတွင်မူ ယခု ၄၃ ပါတီ အပြင် တပ်ချုပ်ကိုယ် တိုင်ကို အမှူးထားသည်ကို
တွေ့မြင်ရသည်။ တိုင်းရင်းသားများ တွင် SNLD /ANP တို့သည်လည်း နိုင်ငံရေး မဟာမိတ်ပါတီများ
ရှိပြီး ဖြစ်သည်။
.
ကွဲပြားစွာ ခွဲခြားကြည့်ပါက NLD က သတ်သတ်၊ USDP နှင့် အပေါင်းပါ
များက သတ်သတ်၊ တိုင်းရင်းသားပါတီများတွင်လည်း သူ့အစုအဖွဲ့နှင့်သူ မပေါင်းနိုင်ဘဲ ခွဲခြားဖွဲ့ထားသည်များက
သတ် သတ်နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပေါင်း စည်းမှုက သတ်သတ်
ဆိုသည်ကို တွေ့ရမည် ဖြစ်သည်။
.
ထပ်မံ၍ ဆန်းစစ်ကြည့်မည် ဆိုပါက ဒီမိုကရေစီကို ဦးတည် ထားသည့်
NLD ကဲ့သို့ ပါတီများက တစ်စု၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ပြုထားသည့် တပ်ချုပ်အပါအဝင်
နိုင်ငံရေး အုပ်စုများ က တစ်စု၊ တိုင်းရင်းသား အသီးသီးက ကိုယ်သန်ရာသန်ရာ လူ မျိုးရေးအပေါ်
အခြေခံကာ ဖွဲ့စည်းထားသည့် ပါတီနှင့် လက်နက် ကိုင် အင်အားစုများက တစ်စု ဆိုပြီး ၃ မျိုးကွဲပြားပေမည်။ လက်နက်ကိုင် အင်အားစုများတွင်
ပြည်ပအားပြု အဖွဲ့များက အင်အား ကောင်းသည်ကို တွေ့ရမည်ဖြစ်သည်။
.
ထပ်ကာ ဆန်းစစ်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံကိုအခြေခံ သည့် အုပ်စုနှင့်
ပြင်ဆင်ရေးဆွဲ အသစ်ပြုချင်သည့် အုပ်စု၊ လုံးဝ ပယ်ဖျက်ပြီး အသစ်ပြန်လည် ရေးဆွဲချင်သည့်
အုပ်စု ဟူ၍ ထပ်မံ တွေ့ရှိပါမည်။
.
သို့အတွက် မြန်မာ့နိုင်ငံရေး ယှဉ်ပြိုင်မှုသည် ၂၀၀၈ အပေါ် တွင်သာ
အခြေခံ ထားသည့်အပြင် တိုင်းရင်းသားများ၏ လူမျိုး ရေး အပေါ်တွင်လည်း အခြေခံထားသည်ကို
တွေ့မြင်ရမည်ဖြစ် ပေသည်။
.
သို့အတွက် ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်သည် ဆိုသော် လည်း
၂၀၀၈ ကို ကိုင်ဆွဲထားသည့် အုပ်စုအတွက်မူ ပြင်ဆင်မှု ထက် ခိုင်မြဲမှုကိုသာ ဦးတည်မည်
ဖြစ်ကာ ယခု NLD အစိုးရသည် လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထိရောက်သည့်လမ်းကြောင်း အနေဖြင့်
လွှတ်တော်အတွင်း လုပ်ဆောင်နေသည်ကို တွေ့ရ သည်။
.
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည် အစိုးရနှင့် ပြည်သူကြား မဟုတ်တာ
မလုပ်စေရန် ချုပ်ဆိုသည့် စာချုပ်တစ်ခုသာ ဖြစ် သည်ဟု ကမ္ဘာ့နိုင်ငံရေးတွင် အဆိုရှိသော်လည်း
မြန်မာနိုင်ငံ အ နေဖြင့်မူ အစိုးရကိုယ်တိုင်က အတိုက်အခံဘဝ ရောက်နေရသည့် ဖြစ်အင် ဖြစ်နေပေသည်။
.
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဒု သမ္မတ တစ်ဦး၊
ပြည်ထောင်စု ဝန်ကြီး သုံးဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ၅၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂၁၇ ဦး၊ ဒုတိယဝန်ကြီး
၃ ဦး တို့ကို တပ်ချုပ်အနေဖြင့် အမည် စာရင်း တင်သွင်းခွင့်ရရှိထားပြီး ဥပဒေပြု မဏ္ဍိုင်ဖြစ်သည့်
လွှတ် တော်များတွင် သာမက အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်သည့် အစိုးရ အ ဖွဲ့ဝင် ဝန်ကြီးများ၊
ဒုတိယ ဝန်ကြီးများကိုပါ အမည်စာရင်း တင် သွင်းခွင့် ရရှိထားသည် ဖြစ်သည်။ ၄င်းအပြင် တရားစီရင်ရေး
မဏ္ဍိုင်တွင်လည်း တပ်မတော်မှ အသွင်ကူးပြောင်းသည့် ရာထူး ခန့်အပ်သည်များ ရှိသလို ဌာနဆိုင်ရာများတွင်လည်း
အသွင် ပြောင်း(မိုးကျရွှေကိုယ်)များအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်မှုများလည်း ရှိနေပေသည်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၁၀၉(ခ)၊ ပုဒ်မ ၁၄၁ (ခ)နှင့်
ပုဒ်မ ၁၆၁(ဃ)တို့အရ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
များကို ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းခွင့်၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊
နယ်စပ်ရေးရာဝန်ကြီးတို့ကို ပုဒ်မ ၂၃၂(ခ)(၂) အရလည်းကောင်း၊ ၂၃၄(ခ)အရ ဒုဝန်ကြီးများကို
လည်းကောင်း၊၂၆၂((က)(၂) အရ နယ်စပ်ရေးရာဝန်ကြီးများကို လည်းကောင်း၊၂၇၆(ဃ)(၂)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦး
စီး သို့မဟုတ် ဒေသဦးစီးအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဦး စီးအဖွဲ့ဝင် အဖြစ်လည်းကောင်း
အမည်စာရင်းတင်သွင်းခွင့်များ အပြင် ပုဒ်မ ၆၀(ခ)(၂) နှင့်(ဂ) ပါ ပြဋ္ဌာန်းချက်များအရ
တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ လွှတ် တော်ကိုယ်စားလှယ်များထဲက
ဖြစ်စေ၊ ကိုယ်စားလှယ် မဟုတ် သူများထဲက ဖြစ်စေ ဒုသမ္မတတစ်ဦးကို ရွေးချယ် တင်မြှောက်
ခွင့် ရရှိထားသည်။
.
ယင်းသို့ပင် တက်လာသည့် အစိုးရသည်လည်း အဆိုပါ ၂၀၀၈ အပေါ်မူတည်ကာ
နိုင်ငံတော်၏အတိုင်ပင်ခံရာထူးကိုလုပ်ဆောင်ခဲ့သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို
ခန့် အပ်နိုင်စွမ်း အဖြစ် ကိုင်တွယ်ထားသည်။ ယင်းအတွက် နိုင်ငံ တော် ကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီကိုလည်း ခေါ်ခြင်း မခေါ်ခြင်းဖြင့် ကိုင်တွယ်ထားသည်။ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်သည် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း မရှိဟု ၂၀၀၈ ဖွဲ့စည်းပုံတွင်
တွေ့ရသလို ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို နိုင်ငံတော်သမ္မတက ခန့်အပ်ခြင်း၊ ထုတ်
ပယ်ခြင်း ပြုနိုင်သည်ဟု ပါရှိရာ လက်ရှိ တပ်ချုပ်၏ တရားဝင် တည်ရှိမှုနှင့် သက်တမ်းသည်လည်း
ယင်း ၂၀၀၈ အရ ရှင်းရှင်း လင်းလင်း ဖော်ပြထားသည့် အခြေအနေ မရှိကြောင်း တွေ့ရ သည်။
.
တစ်ချိန်တစ်ခါက ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ကမ္ဘာဆုံး တိုင် ဝန်ကြီးချုပ်ဟု
ကြွေးကျော်ခဲ့ဖူးသည်။ ယခုတွင်လည်း ကမ္ဘာဆုံးတိုင် တပ်ချုပ် ဖြစ်လာမလား ။ စသည်ဖြင့်
-
.
ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်း၊ ပြည်တွင်းငြိမ်း ချမ်းရေးအကြပ်အတည်း၊
တရားဥပဒေစိုးမိုးရေး အကြပ်အ တည်း၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး အကြပ်အတည်း၊ Covid-19 ရောဂါကြောင့်
နိုင်ငံ့ဖွံ့ဖြိုးရေးနှင့် စီးပွားရေး အကျပ် အတည်း စသည်ဖြင့် အကြပ်အတည်း ပေါင်းစုံကို
ချဉ်းကပ်အ ဖြေရှာလျက် ရှိရာတွင် ငြိမ်းချမ်းရေးအတွက် လွှတ်တော်တွင် သာမက တစ်နိုင်ငံလုံး
ပစ်ခတ်မှု ရပ်စဲရေးဆိုင် ရာစာချုပ် (NCA) နည်းလမ်း၊ ၂၁ ရာစု ပင်လုံစာချုပ် နည်းလမ်းများကို
အခက်အခဲ မျိုးစုံဖြင့် လျှောက်လှမ်းနေကြရာတွင် နိုင်ငံရေး အမျှော်အမြင် များစွာဖြင့်
စည်းစည်းလုံးလုံး ဆောင်ရွက်ကြရန် လိုအပ်နေပါ သည်။
.
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကား အရပ်ဘက်နှင့်စစ်ဘက် ပူးတွဲဆောင်ရွက်သော
အခြေခံဥပဒေအရ စပ်ကြားအုပ်စိုးမှုစနစ် (Hybrid Regine) ဖြစ်နေရာ အရပ်ဘက် ဒီမိုကရေစီ
အင်အားစု များ၏ တာဝန်မှာ`စစ်ဘောင်`ကိုလျှော့ချပြီး `ဒီမိုကရေစီ ဘောင်`ကို ချဲ့ယူဖို့
ဖြစ်သည့်အတွက် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး
ပင်ဖြစ်ကြောင်း ထင်ရှားပါသည်။
.
၂၀၀၈ ပြင်ဆင်ရေးတွင် အခရာကျသည်မှာ တပ်မတော်ဖြစ် သည်။ အဘယ့်ကြောင့်ဆိုသော် သတ်မှတ် ပြဋ္ဌာန်းပြီးပြုလုပ် သည့် စိတ်ကြိုက်ဖွဲ့စည်းပုံ
အခြေခံ ရေးဆွဲအတည်ပြုခဲ့သည့် အတွက် ရေးဆွဲခဲ့သည့် တပ်မတော် မပါလျှင် ပြင်ဆင်၍ရနိုင်မည်
မထင်ချေ။ သို့သော် ယင်း ၂၀၀၈ ကပင် နိုင်ငံရေးမျှခြေ ဖြစ်နေ ခြင်းကပင် အဆိုးထဲက အကောင်းဟု
ဆိုကြသည်။
.
မြန်မာနိုင်ငံ၏ ထူးခြားချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို တစ်ပြိုင်တည်း
အကောင်အထည် ဖော်နေရခြင်း ဖြစ်သဖြင့် လက် ရှိ NLD အစိုးရ ၊ စစ်ဘက်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများတို့
ညှိနှိုင်း ဆွေးနွေးနေရခြင်း ဖြစ်ရာ ဖရန်စစ်ဖူကူယားမားက `တ တိယလှိုင်း ဒီမိုကရေစီ အပြောင်းအလဲမှာ
တော်လှန်ရေး၏ အ ကျိုးဆက် မဟုတ်၊ ညှိနှိုင်းဆွေးနွေးမှု၏ အဖြေ`ဖြစ်သည်ဆိုခြင်း ကို သတိချပ်ရာပေသည်။
.
မြန်မာ့သမိုင်းကို ကြည့်လျှင် ဘုရင်အနော်ရထာ လက်ထက် အေဒီ ၁၀၄၄မှ
စ၍ ရေတွက်ပါက ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင် ဆန်း ကျဆုံးသည်အထိနှစ်ပေါင်း ၉၀၃ နှစ်တွင်
၇၄ နှစ်သာ မြန် မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြောင်း တွေ့ရမည် ဖြစ်သည်။
.
အနော်ရထာ နန်းသက်(AD ၁၀၄၄-၁၀၇၇) ၃၃ နှစ်၊ ဘုရင့် နောင် နန်းသက်(AD
၁၅၅၀-၁၅၈၁) ၃၁ နှစ်၊ အလောင်းဘုရား AD ၁၇၅၂-၁၇၆၀) ၈ နှစ်နှင့် ဗိုလ်ချုပ်အောင်ဆန်း ၂
နှစ်(၁၉၄၅ မှသည် သေဆုံးသည် အထိ ဦးဆောင်မှု ပေးခဲ့သည့်ကာလ)တို့ကို စုပေါင်းပါက ၇၄ နှစ်သာ
ရှိပါသည်။
.
ဟောရင်းသာ ပျံလွန်တော်မူမည်၊ တရားကားမရ ဆိုသလို ဖြစ်နေသော်လည်း
ငြိမ်းချမ်းရေး တရားကိုတော့ ဟောရပေမည်။ ငြိမ်းချမ်းရေး တရားသည်သာ ပြည်သူ့အတွက် အားကိုးရာဖြစ်
၍တည်း။
.
၁၉-ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ
ကော်မတီ(UPDJC) အစည်းအဝေးကို နေပြည်တော်ရှိ MICC 3 တွင် သြဂုတ်လ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့ရာတွင်
အ ဆိုပါ အစည်းအဝေးသို့ တက်ရောက်ကာ အဖွင့်မိန့်ခွန်းပြောကြား ခဲ့သည့် ချင်းအမျိူးသား
တပ်ဦး၏ ဒုတိယဥက္ကဌ၊ UPDJC ၏ ဒုတိ ယဥက္ကဌဖြစ်သူ ဒေါက်တာ လျန်မုန်းဆာခေါင်းက`ငြိမ်းချမ်းရေးကို
ဆောင်သူတို့သည် မင်္ဂလာရှိ၏၊ အကြောင်းမူကား သင်တို့ကို ဘုရားသခင်၏သားတော် သမီးတော်များဟု
အခေါ်ခံရမည်`ဟု ခရစ်ယာန် သမ္မာကျမ်းစာကို ကိုးကားပြီး ကျေးဇူးတင်စကား ပြောခဲ့သည်။
.
ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လို့ရှိရင် သက်ဆိုင်
ရာ ဘာသာတရားများ အလိုက် မင်္ဂလာ တရားတော်အရခေါ် ဆောင်ခံရမည် ဖြစ်သည့်အတွက် အဆိုပါ မင်္ဂလာတရားကိုခံယူ
နိုင်ဖို့ ငြိမ်းချမ်းရေးကို မရမက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါသည်
ဟု ပါရှိခဲ့သည်။
.
`NLD အစိုးရသက်တမ်းအတွင်း ရှမ်းပြည်ငြိမ်းချမ်းရေးကြိုးပမ်းမှုသည်
အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က သြဂုတ်လ
၁၇ ရက် ညနေ ၃ နာရီတွင် ရှမ်းပြည်နယ်အစိုးရရုံးတွင်ပြုလုပ်သည့် ရှမ်းပြည်နယ် အစိုးရ၏
စတုတ္ထ လေးနှစ်တာ ကာလအတွင်း လုပ်ငန်းဆောင် ရွက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြော ကြားခဲ့သည်။ ၄င်းကပင် တိုက်ပွဲရှောင် ပြည်သူများ၏ ဒုက္ခသောကကို ဖြေရှင်းဆောင်ရွက်ရာတွင်
အစိုးရအဖွဲ့အနေဖြင့် အကြီးမားဆုံး အခက်အခဲ တွေ့ကြုံနေရသည်ဟု ပြောကြားခဲ့သည်။
.
သို့အတွက် ငြိမ်းချမ်းရေးကို တစ်ကယ်ချစ်ရင်၊ ငြိမ်းချမ်း
ရေးကို တစ်ကယ် လိုချင်ရင်၊ ပြည်သူတွေကို တစ်ကယ်ချစ်ရင်၊ တိုင်းရင်းသားများကို တစ်ကယ်
ချစ်ရင် မတူကွဲပြားမှုများစွာကို အတ္တများ စွန့်ခွာပြီး ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့
ငြိမ်းချမ်း ရေးကိုအရ ယူကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း။ ။