မင်းဇော်မင်း
.
မူဆယ်မြို့ရှိ အဓိက လမ်းမကြီး ၅ ခုဆုံရာ နေရာတွင် မီးပွိုင့်တပ်ဆင်
သွားမည် ဖြစ်ကြောင်း မူဆယ်မြို့ရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ သိရ သည်။
.
“အရင်က ရှိခဲ့ဖူးတယ်လို့ သိရ တယ်။ ဒီနေရာက လမ်း ၅ ခွဆုံဆို ပေမဲ့
တည့်တည့်တော့ မကျဘူး။ နည်း နည်းလွဲတယ်။ အဓိကကဆေးရုံနဲ့ ကျောင်း ရှိနေတော့ လမ်းအသုံးပြု
သူတွေအတွက် ယာဉ်အန္တရာယ်များ ပြားတယ်။ အခုက နားလည်မှုနဲ့ မောင်းနေကြတာ။ ယာဉ်ထိန်းရဲတစ်
ယောက်ထဲနဲ့ ဟိုဘက်၊ ဒီဘက် ပြေး တားနေရတဲ့ အနေအထားဖြစ်နေလို့ တပ်ဖွဲ့ရန်ပုံငွေနဲ့ အလှူရှင်ကလည်း
ရှိနေတော့ မီးပွိုင့်တပ်နိုင်ဖို့ အုပ်ချုပ် ရေးပိုင်းကို တင်ပြတော့ခွင့်ပြုချက် ရပါတယ်။
ကုန်ကျစရိတ် တွက်ချက် တင်ပြဖို့ လုပ်ဆောင်နေပါတယ်”ဟု မူဆယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး
ဒုရဲ မှူး ချစ်စိန်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
.
အဆိုပါ မီးပွိုင့်ကို မန္တလေးမြို့မှ မှာယူ တပ်ဆင်နိုင်ရေးအတွက်
ညှိနှိုင်း ဆက်သွယ်ပြီး အင်ဂျင်နီယာများ၏ အကြံပြုချက်အရ ၁၀ လက်မတိုင် အသုံးပြုပါက ငွေကျပ်
၁၂၅ သိန်း ကုန်ကျပြီး ၈ လက်မတိုင် အသုံးပြုပါ က ငွေကျပ် ၁၁၅ သိန်း ကုန်ကျမည် ဖြစ်ကြောင်း
သိရသည်။
.
ယင်း နေရာတွင် တပ်ဆင်မည့် မီးပွိုင့်မှာ LED အမျိုးအစား မီးပွိုင့်
ဖြစ်ပြီး မကြာမီ တပ်ဆင်အသုံးပြု သွားမည်ဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ မီးပွိုင့်တပ်ဆင်ခြင်း ဖြင့် လမ်း ၅ ဆုံကို ယာဉ်ထိန်းတပ်ဖွဲ့
ဝင်အပြင် မီးပွိုင့်ဖြင့် ထိန်းချုပ်နိုင် မည် ဖြစ်သည့်အတွက် ခရီးသွားပြည် သူများ ယာဉ်အန္တရာယ်
လျော့ပါးစေ မည်ဖြစ်သည့်အပြင် မြို့အင်္ဂါရပ်နှင့် လည်း ညီညွတ်စေမည်ဖြစ်ကြောင်း သိရသည်။
.
မူဆယ်မြို့ရှောင်လမ်းနှင့် ပြည် ထောင်စု လမ်းမကြီးဘက်တွင်လည်း
မီးပွိုင့်များ တပ်ဆင်နိုင်မည်ဆိုပါက ယာဉ် သွားလာမှုများ ပိုမိုစည်းကမ်း တကျ ရှိလာနိုင်မည်
ဖြစ်သော်လည်း ရန်ပုံငွေ နည်းပါးသည့် အတွက် လုပ် ဆောင်နိုင်မှု မရှိသေးကြောင်းနှင့်
တရုတ်နိုင်ငံ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ လှူဒါန်းထားသည့် ဆိုလာမီးပွိုင့် ၂ ခုနှင့် စိန်ရတနာကုမ္ပဏီမှ
လှူဒါန်း ထားသည့် မီးပွိုင့်တစ်ခုတို့မှာ မြို့ တွင်းလမ်းများနှင့် ကိုက်ညီမှု မရှိသ
ဖြင့် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။