No Vote မှသည် Go Vote ဆီသို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

No Vote မှသည် Go Vote ဆီသို့

မင်းဇော်မင်း
.
မဲပေးခွင့်သည် ဒုလ္လဘ္ဘတစ်မျိုးဟု ဆိုချင်သည်။ မဲပေးခွင့် ရှိမှ၊ မဲစာရင်းတွင်ပါမှ၊ မဲစာရင်းတွင် မှန်မှ၊ မှတ်ပုံတင်ရှိမှ၊ အိမ် ထောင်စု စာရင်းနှင့် ကိုက်မှမဲပေးခွင့်ရခြင်းကြောင့် ဆိုရခြင်းဖြစ် သည်။ အသက် ၁၈ နှစ်မှမဲပေးခွင့်ရသည် ဖြစ်ရာ မြန်မာနိုင်ငံ၏ ယခု ၅ နှစ်တစ်ကြိမ် မဲပေးခွင့်နှုန်းထား အရဆိုလျှင် အသက် ၇၀ နှစ်လောက်အထိ ၁၀ ကြိမ်မျှသာ မဲပေးရမည် ဖြစ်သည်။ ထိုကြားထဲမှ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်သည်များ ရှိလာနိုင်သဖြင့် ရခဲလှသည့် မဲပေးခွင့်ကို လက်မလွတ်ကြစေလို ကြောင်းပါ။
.
`မဲရုံကို မဲရုံကို လာကြ လာကြ မဲသွားထည့်မယ်ကွာ`ဟု တစ်ချိန်က အဆိုတော် အောင်ကိုလတ်၏သီချင်းသံဖြင့် လူထု မဲထည့်နိုင်ရေး လှုံ့ဆော်ခဲ့သည်ကို သိမီသူများ မှတ်မိကြမည် ထင်ပါသည်။ ယခုလည်း မဲပေးခွင့်ရှိသူတိုင်း မဲရုံကို မဲသွား ထည့်ကြရန် No Vote  မှသည်  Go Vote  ဆီသို့ကြွေးကျော်သံဖြင့် ပြည်သူလူထုကြီး မဲသွားထည့်ကြပါရန် လာမည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေ ထွေ ရွေးကောက်ပွဲကြီးအတွက် လှုံ့ဆော်လိုက်ရခြင်းပါ။
.
အသည်းကြားက မဲတစ်ပြားဟု ဆိုကြသလို စဉ်းစဉ်းစားစား မဲတစ်ပြားဟု ဆိုလာကြသည်။
.
မြန်မာနိုင်ငံ၏ မဲထည့်မှုသမိုင်းစဉ်ကို ဆန်းစစ်ကြည့်မည် ဆိုပါက ယခင်ပါလီမန် အစိုးရလက်ထက်မှသည် တစ်ပါတီ အာ ဏာရှင် ခေတ်များတွင် မဲများ ထည့်ခဲ့ကြရသည့် အနှစ်သာရ ခြင်းတော့ ကွာပေမည်။
.
ပါလီမန်ခေတ်က လွတ်လပ်စွာ မဲပေးခဲ့ကြရသည်။ ကိုယ် ကြိုက်သူကို မဲပေးခွင့် အပြည့်အဝရကြသည် ဟုဆိုသော်လည်း မဲအရောင်းအဝယ် ကိစ္စများဖြင့် လည်း ကြုံခဲ့ကြရသည်ဟု သိမီ သူများက ဆိုကြသည်။
.
တစ်ပါတီ အာဏာရှင်ခေတ်တွင်တော့ မဲပေးသည် ဆို သည်မှာ ငွေကုန်ခံကာ for Show ပြုလုပ်သည့် လုပ်ငန်းစဉ်တစ် ရပ်သာဖြစ်ပြီး လွတ်လပ်ခွင့် လုံးဝမရှိသည့် အနေအထားဖြစ် သည်။ အမဲရောင်မဲပုံးမှ မဲများ အဖြူရောင်သို့ပြောင်းထည့်ခြင်း၊ တစ်ဦးတည်းရွေးပြီး တစ်ဦးတည်းပြိုင်စေခြင်းများဖြင့် တန်ဖိုးမဲ့ မဲများ ပေးခဲ့ကြရသည်။
.
စစ်အာဏာရှင်အောက်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲကမူ တကယ့်ရွေးကောက်ပွဲအတွက် အသည်းကြားက မဲတစ်ပြားကို အားရပါးရ ထည့်ခဲ့ရသော်လည်း မသမာသူများက ရလဒ်ကို ညစ်ပတ်စွာ အသိအမှတ် မပြုခဲ့ကြသည်ကို မမေ့နိုင်ကြသေးပါ။
.
ဆိုတော့ ၂၀၀၈ အောက်က ၂၅ ရာခိုင်နှုန်း အကျော ပေးထားရသည့် ရွေးကောက်ပွဲကို ဆန်းစစ်ပါက ကြိုက်မဲနှင့် ကြောက်မဲများ ရှိနေသေးသလို ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီ ခြင်းများလည်း ရှိနေပေသေးသည်ဟု ပြောမည်လား။
.
မဲပေးခွင့်ပါ ထပ်ရရှိထားသူများအနေဖြင့် ၂၅ရာခိုင်နှုန်းမက အကျောရယူထားသည်သာမက ကြိုတင်မဲ၊ အတွင်းမဲရုံစသည် များကလည်းမြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ၏ လက်ရှိပကတိ အ ခြေအနေသည်သာ။
.
အကယ်၍များ  No Vote  ဆိုသည့်အတိုင်း မဲပေးသူ သတ် မှတ်ရာခိုင်နှုန်း မပြည့်မီသဖြင့် ရွေးကောက်ပွဲ မအောင်မြင်ပါက မြန်မာနိုင်ငံ ဘာဖြစ်သွားမည်နည်း။
.
သေချာတာကတော့ မြန်မာ့လူထု ၁၀၀ ရာခိုင်နှုန်း ရှုံးသွားရ ခြင်းပင်ဖြစ်ပေမည်။ အဘယ့်ကြောင့်နည်း လက်ရှိအစိုးရ အ သုံးမကျ၍၊ လူထုထောက်ခံချက်မရ၍၊ မယုံကြည်သဖြင့် စ သည်များဖြင့် လူထုက မဲပေးရွေးချယ်သည့် နည်းစနစ်ကို အ စားထိုးမည့် အာဏာလမ်းကြောင်း တစ်ပတ်လည် ပြန်လာနိုင် တော့မည် ဖြစ်ခြင်းကြောင့်ပင်။
.


.
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့လျှင်ရော၊ အချိန်တန် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါက သမ္မတ၊ ဒုသမ္မတနှင့် လွှတ် တော်ဥက္ကဌ ၂ ဦးသာ ကျန်ရှိသည့် အနေအထားမှသည် ဗဟို ဦးစီးစနစ်က အစားထိုး ဝင်လာမည်ဖြစ်ရာ လွှတ်တော်များဖြင့် နိုင်ငံကို ထိန်းကျောင်းနေရသည့် အနေအထားမှသည် နိုင်ငံ၏ Check and Balance ကို ဗဟိုဦးစီးစနစ်က ယာယီဖြစ်စေ မောင်းနှင်သွားမည့် အခြေအနေ ရောက်ရှိသွားမည်ဖြစ်သည်။
.

အဓိကမှာ လူထုကိုယ်စားလှယ်များ မရှိတော့သဖြင့် လူထု ဆန္ဒဖြင့် အုပ်ချုပ်သည့် အစိုးရတစ်ရပ် ယာယီပျောက်ကွယ် သွားသည့် အနေအထားသည် အလွန်စိုးရိမ်စရာ အနေအထား ဖြစ်ခြင်းပင်တည်း။
.
ယခု မဲစာရင်း စတင် ကြေညာသည်က စ၍ အဆင့်ဆင့် ဆန်းစစ်ကြည့်ရအောင်ပါ။ မဲစာရင်းထုတ်ပြန်ရာတွင် မှတ်ပုံ တင်အမှတ်များ များပြားစွာ ထပ်နေခြင်းများ၊ မမှန်ကန်မှုများ ပြားခြင်းများက လက်ရှိရွေး/ကော်များအနေဖြင့် ၄ နှစ်ကျော် ကာလအတွင်း ဘာလုပ်နေသနည်းဆိုသည့် မေးခွန်းလူထုက မေးလာကြသည်။ ဆိုလိုသည်မှာ မဲစာရင်းမှန်ကန်မှုသည် ရွေး ကော်များတွင်သာ အဓိကတာဝန်ရှိကြောင်း ပြောလိုရင်းဖြစ် သည်။      
.
စာရေးဆရာနောင်ကျော်က အစစအရာရာ ပြည်သူတို့၏ တာဝန်သာ ဖြစ်ပါကြောင်း ဆိုတဲ့ခေတ်ကို ပြန်ရောက်နေပြီလား၊ မှန်အောင်၊ မလွဲအောင်လုပ်ရမှာ ပြန်စစ်ရမှာ ကော်မရှင်အဆင့် ဆင့်ရဲ့တာဝန်၊ သန်းခေါင်စာရင်းကို Up Date လုပ်ထားရန် စ သည်တို့ကို ပြည်သူ့လစာစား ကော်မရှင်များက ၄ နှစ်အတွင်း သေချာစွာမလုပ်ထားခြင်းကို ပြည်သူတို့၏တာဝန်ဆိုပြီး လွှဲချဖို့ ခေတ်ရောက်နေပြီလားဟု မေးထားပါသည်။
.
လူထုအနေဖြင့် ရွေးကောက်ပွဲ စိတ်ဝင်စားမှုရေချိန် လျော့ ကျနေသည်ဟု စစ်တမ်းများက ဆိုထားရာမှ ယင်းမှားယွင်းမှု မ ပြည့်စုံမှုများက မဲမပေးရလည်း မပေးဘူးပေ့ါဆိုသည့် အတွေး ကို လက်တွေ့ကျင့်သုံးသွားနိုင်သည့် အခြေအနေသို့ တွန်း အားပေးနေသည်ကို သတိချပ်ရန်လိုပေသည်။
.
မဲရုံကို မဲကြည့်သူဦးရေ အားတက်သရော မရှိခြင်းက ရှေ့ တွင်ထောက်ပြခဲ့သည့် ရွေးကောက်ပွဲပြည့်မီမှု စံနှုန်းလျော့ပါး မှုကို ကြိုတင်ခန့်မှန်းထားသလို ဖြစ်လာနိုင်ချေများပြားလာ နေသည်ကို စိုးရိမ်ဖွယ်တွေ့ရသည်။ မဲစာရင်းချို့ယွင်းမှုများ သလို၊ မဲစာရင်းကြည့်သူနည်းပါးသလို၊ မဲစာရင်း ထုတ်ပြန်မှု ကြိမ်ရေလည်း နည်းပါးနေသည်က လူထုအတွက် အခွင့်အ ရေးများရယူလိုစိတ်နည်းပါး စေသည်ကိုလည်း ပြန်လည်သုံး သပ်သင့်စေပါသည်။
.
တစ်ခါမကြည့်မိသူက ၂ ခါတွင် မကြည့်မိသေးဟုဆိုလျှင် ၃ ခါတွင်တော့ သွားကြည့်မိမည်ဟု ယူဆပါသည်။၂၀၁၅ က မဲစာရင်း ၄ ကြိမ်မျှ ထုတ်ပြန်ခဲ့ကြောင်း အမှတ်ထင်ထင်ရှိမိ ပြီး ယခုတွင်မူ ၂ ကြိမ်သာ ထုတ်ပြန်မည် ဆိုသည်ကလူထုအ တွက် အခွင့်အလမ်း နည်းပါးနေခြင်း ဖြစ်သည်။ လူထုအခွင့် အလမ်း နည်းပါးမှုသည် မဲပေးချင်စိတ် လျော့ပါးမည်ဖြစ်သည် သာမက မဲပေးသူရာခိုင်နှုန်းလည်း လျော့ပါးမည်မှာ သေချာ သလောက်ဟု ဆိုချင်ပါသည်။
.
မဲဆိုသည်မှာ လူထုအတွက် လက်နက်ဖြစ်သည်။ အဆိုပါ လက်နက်ဖြင့် မိမိလိုလားသည့် ပစ်မှတ်ကို ထိမှန်စေရန် ကြိုး ပမ်းရာတွင် ကြိမ်ရေများလာလေ ထိမှန်ရန် အခွင့်အလမ်းပို များလေဖြစ်ရာ ပေးလိုက်သည့်မဲဖြင့် မိမိအတွက် မိမိတိုင်းပြည် အတွက် ဖြစ်စေမည့် ပစ်မှတ်ကို ထိမှန်စေရေး အခွင့်အလမ်း များကို ဖန်တီးပေးရန် လိုအပ်ပေသည်။ မဲမပေးမှု၊ မဲမှားပေး မှုများ၏ ကုစားမှုရလဒ်က ၅ နှစ်ရှိပြီး ထိုအတောအတွင်း ကု စားခွင့်အခြေအနေ ပေါ်ပေါက်မလာနိုင်သည့် အခြေအနေမျိုး လည်း ရောက်နိုင်ပေသည်။
.
သည်တော့ မဲစာရင်းတွင် မပါ ခြင်းက နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခြင်းဖြစ်ခြင်း၊ မဲစာရင်းတွင်ပါသော်လည်း မှန်ကန်မှုမရှိ သည့် အချက်အလက်များကို ပြင်ဆင်ခြင်းမရှိပါက မှတ်ပုံ တင်နှင့် မကိုက်ညီသဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်ခြင်းများ ဖြစ်ပေါ် လာစေမည်ဖြစ်သဖြင့် မဲစာရင်းသွားကြည့်ရန် အထူးလိုအပ် ကြောင်း တိုက်တွန်းလိုပါသည်။
.
စကားစပ်၍ ပြောရလျှင် လွန်ခဲ့သော ၂၀၁၅ နှစ်မတိုင်မီက တည်းက ဆုံးပါးခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင် ပါရှိခဲ့ဖူးသူ ဇနီး  မယားအား လွမ်းဆွတ်သတိရသောအားဖြင့် ယခုမဲစာရင်းတွင် ပြန်ပါလာနေသည်ကို အမှတ်တရလာရောက် ကြည့်ရှုသူ တစ် ဦးအကြောင်း စာရေးဆရာ တင်ညွန့်က ဟာသအနေဖြင့် ရေး ဖွဲ့သည်ကို ဖတ်မိသဖြင့် သေသူများလည်း အမှတ်တရ လွမ်း ဆွတ်နိုင်သည့် မဲစာရင်းရှိနေပါ သေးကြောင်းနှင့် မဲပေးခွင့်မ ရှိသူများပါရှိလာပြီး မဖျက်မိပါက မဲဆန္ဒရှင်စာရင်း မမှန်ကန် မှုအပြင် မဲရလဒ်တွက်ချက်ရာတွင်လည်း စာရင်းဇယားမမှန် ကန်မှု တစ်စိတ်တပိုင်း ထိခိုက်မည်ကိုလည်း သတိချပ်ဖို့ လို ကြောင်းပါ။
စကားစပ်၍ ပြောရလျှင် လွန်ခဲ့သော ၂၀၁၅ နှစ်မတိုင်မီက တည်းက ဆုံးပါးခဲ့သည့် မဲဆန္ဒရှင်စာရင်းတွင် ပါရှိခဲ့ဖူးသူ ဇနီး  မယားအား လွမ်းဆွတ်သတိရသောအားဖြင့် ယခုမဲစာရင်းတွင် ပြန်ပါလာနေသည်ကို အမှတ်တရလာရောက် ကြည့်ရှုသူ တစ် ဦးအကြောင်း စာရေးဆရာ တင်ညွန့်က ဟာသအနေဖြင့် ရေး ဖွဲ့သည်ကို ဖတ်မိသဖြင့် သေသူများလည်း အမှတ်တရ လွမ်း ဆွတ်နိုင်သည့် မဲစာရင်းရှိနေပါ သေးကြောင်းနှင့် မဲပေးခွင့်မ ရှိသူများပါရှိလာပြီး မဖျက်မိပါက မဲဆန္ဒရှင်စာရင်း မမှန်ကန် မှုအပြင် မဲရလဒ်တွက်ချက်ရာတွင်လည်း စာရင်းဇယားမမှန် ကန်မှု တစ်စိတ်တပိုင်း ထိခိုက်မည်ကိုလည်း သတိချပ်ဖို့ လို ကြောင်းပါ။
.
မဲပေးခွင့် ရရှိနေသည်ကို စိတ်မဝင်စား၍ မဲ မပေးခဲ့ပါက ဘာဖြစ်မည်နည်း-
.
နိုင်ငံတွင် အဆိုပါမဲပေးခွင့်ရရှိရန် အသက်သွေးချွေးတို့ဖြင့် ရင်းနှီးခဲ့ရသည့် သမိုင်းတာဝန်ကို လျစ်လျူရှုခြင်းဖြစ်သလို မိမိ ၏နိုင်ငံကို ကောင်းအောင်ဆောင်ရွက်ရန် မိမိကိုယ်တိုင်ပါဝင်ရန် လိုအပ်သည့် အခွင့်အရေးတစ်ရပ်လည်း ဆုံးရှုံးခြင်းမည်၏။ စစ် အာဏာရှင်အုပ်ချုပ်စဉ် မဲပေးခွင့်ရရန် နေနေသာသာ စကား အဖြစ်ပင် ပြောဆိုဆွေးနွေးပါက ထောင်ဒဏ်၊ ညှင်းပန်းနှိပ် စက်ဒဏ်များရှိခဲ့သည့် လူ့အဖွဲ့အစည်း၏ ဆိုးယုတ်မှုများကို သိမြင်ပါက မိမိပေးမည့်မဲသည် နိုင်ငံတော်၏ ကောင်းကျိုးကို မည်မျှတန်ဖိုးရှိအောင် ရွက်ဆောင်နိုင်မည် ဆိုသည်ကို သိရှိ မည်ဖြစ်ပါသည်။
.
မဲပေးခွင့် မရသူများတွင် သာသနာ့ဝန်ထမ်းများ၊ စိတ်ရော ဂါရှင်များ၊ ထောင်ကျနေသူများ၊ လူမွဲကြေညာခံထားရသူ၊ ရွေး ကောက်ပွဲဥပဒေအရ တားမြစ်ထားသူများနှင့် နိုင်ငံသားမဖြစ်သူ များသာ ဖြစ်ရာယင်းအထဲတွင် သင်ပါနေပါသလား၊ မပါဘူးဆို လျှင် မပါဝင်သူ တစ်ဦးအနေဖြင့် မဲပေးရန်မှာ သမိုင်းပေးတာ ဝန် တစ်ရပ်ဖြစ်ပေသည်။ သို့အတွက်  (မဲရုံသို့မဲသွားပေးပါ)။ မဲစာရင်းကို မကြည့်ဘဲ မဲစာရင်းမပါဝင်မှု၊ ပါသော်လည်း မမှန် ကန်မှုများကို မပြုပြင်ပါက ဘာဖြစ်မည်နည်း-
.
မဲပေးရက်တွင် မဲမည်မျှ ပေးချင်နေသော်တောင်မှ မဲပေး ခွင့် ရရှိတော့မည် မဟုတ်ချေ၊ မဲပေးခွင့် စာရင်းတွင် မပါမှ တော့ မည်သို့ မဲပေးခွင့် ရရှိတော့မည်နည်း၊ မှတ်ပုံတင် ပြရုံ၊ အိမ်ထောင်စုစာရင်းပြရုံဖြင့် မဲပေးခွင့် ရှိသည့်နိုင်ငံ မဟုတ်ပေ။ မှတ်ပုံတင်ပါ အချက်အလက်များနှင့် မဲစာရင်းပါ အချက်အ လက်များ ကွဲလွဲနေသည်ကို မပြင်ခဲ့ပါက မဲပေးခွင့်ဆုံးရှုံးရမည်
ဖြစ်ပါသည်။ မဲပေးခွင့်ရှိသူသာ မဲပေးခွင့်ရှိပါသည်။ သို့မှသာ ကိုယ့်ကြိုက်မဲကို ပေးချင်သလိုပေး၍ ရပါသည်။ သို့အတွက် ( မဲစာရင်းကြည့်ပါ။ လိုအပ်သည်များ လုပ်ဆောင်ပါ။)
ပယ်မဲ မဖြစ်ရန် လိုပါသည်-
.
မိမိလုပ်လိုက်သည့် အလုပ်တစ်ခု လွဲချော်မှား၍ တန်ဖိုးမဲ့ ဖြစ်ခြင်း မဖြစ်ရန်မှာ ပယ်မဲမဖြစ်အောင် မဲပေးတတ်ရန် လိုပါ သည်။ ရည်ရွယ်ချက်ဖြင့် ပယ်မဲဖြစ်အောင် လုပ်လျှင်လည်း ဤ သူသည် ၎င်း၏စိတ်သဏ္ဍန်တွင် မကောင်းမှုအမြဲတမ်း စွန်းထင် နေစေမည့် ၎င်းသာသိသည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်မိခဲ့ခြင်း ဖြစ်သလို တစ်သက်တာ နောင်တရနေစေမည် ဖြစ်ပေမည်။ တစ်နည်းအားဖြင့် မိမိကိုယ်တိုင် အဖျက်လုပ်ငန်း တစ်ရပ်ကို ကျူးလွန်မိနေသည်ကို သိရှိနေသည့် စိတ်ကြောင့်ပင်ဖြစ်ပေ သည်။ သီဆိုသည့်သီချင်းဖြင့် တီးလုံးကိုက်မှ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါမည်။ လမ်းမှန်သွားမှ လိုချင်သည့်နေရာ ရောက် ပါမည်။ မဲထည့်မှန်မှ ပယ်မဲမဖြစ်ဘဲ တန်ဖိုးရှိပါမည်။ သို့အတွက် (ပယ်မဲ မဖြစ်စေရန် မဲ သေချာပေးပါ။)
.
ပျောက်မဲ၊ ပယ်မဲ၊ ကြိုတင်မဲများ-
၂၀၁၅ ရွေးကောက်ပွဲက ကြိုတင်မဲ ၊ ပျောက်မဲ၊ ပယ်မဲ များ လွှတ်တော်အလိုက် တရားဝင်ထုတ်ပြန်မှုကို ပြန်သုံးသပ် ကြည့်မည်ဆိုပါက- ပြည်သူ့လွှတ်တော်တွင် မဲပေးသူဦးရေ ၂၃၉၁၁၇၈၄ ဦး၊ (၂၄ သန်း နီးပါး)၊ ကြိုတင်မဲ ၁၄၃၈၁၈၂ (မဲ ပေးသူ ဦးရေ၏ ၆ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပယ်မဲ+ပျောက်မဲ ၁၄၉၅၄၇၄ (မဲပေးသူဦးရေ၏ ၆ ဒသမ ၂၅ ရာခိုင်နှုန်း)ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲက ကြိုတင်မဲ ၊ ပျောက်မဲ၊ ပယ်မဲ များ လွှတ်တော်အလိုက် တရားဝင်ထုတ်ပြန်မှုကို ပြန်သုံးသပ် ကြည့်မည်ဆိုပါက- ပြည်သူ့လွှတ်တော်တွင် မဲပေးသူဦးရေ ၂၃၉၁၁၇၈၄ ဦး၊ (၂၄ သန်း နီးပါး)၊ ကြိုတင်မဲ ၁၄၃၈၁၈၂ (မဲ ပေးသူ ဦးရေ၏ ၆ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပယ်မဲ+ပျောက်မဲ ၁၄၉၅၄၇၄ (မဲပေးသူဦးရေ၏ ၆ ဒသမ ၂၅ ရာခိုင်နှုန်း)ရှိသည်။
.
အမျိုးသားလွှတ်တော်တွင် မဲပေးသူဦးရေ ၂၃၉၄၆၇၀၉၊ ကြိုတင်မဲ ၁၄၅၁၅၂၈(မဲပေးသူဦးရေ၏ ၆ ဒသမ ၀၆ ရာခိုင်နှုန်း)၊ ပယ်မဲ+ပျောက်မဲ ၁၂၃၂၀၇၂ (မဲပေးသူဦးရေ၏ ၅ ဒသမ ၁၅ ရာခိုင်နှုန်း) ဖြစ်သည်။
.
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် မဲပေး သူဦးရေ ၂၃၃၆၉၆၉၄ ဦး၊ ကြိုတင်မဲ ၁၄၀၈၉၆၇(မဲပေးသူဦးရေ၏ ၆ ဒသမ ၀၃ ရာခိုင်နှုန်း)၊ ပယ်မဲ+ပျောက်မဲ ၁၁၀၂၉၅၀ (မဲပေး သူဦးရေ၏၄ ဒသမ ၇၂ ရာခိုင်နှုန်း) ဖြစ်သည်။
.
ရှမ်းပြည်နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၃၁၄၀၆ ဦးရှိ ခဲ့ပြီး၊ ၂၀၈၃၅၄၃ ဦး မဲပေးသဖြင့် မဲပေးသူရာခိုင်နှုန်း ၆၆ ဒသမ ၃၄  ဖြစ်သည်။ မဲဆန္ဒရှင် ၁၀၅၇၀၇၈ ဦး မဲလာပေးခဲ့ခြင်းမရှိပေ။ မဲပေးသူ ၁၅၁၁၇၀ ဦးသည် ကြိုတင်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်း ၇ ဒသမ ၂၆ ဖြစ်သည်။ ပယ်မဲ ၁၇၉၈၉၆ နှင့် ပျောက်မဲ ၉၄၇၈ ရှိခဲ့ သည်။ ပယ်မဲအရေအတွက်သည် ကြိုတင်မဲပေးသူ ဦးရေထက် ပိုများနေသည်ကိုတွေ့ရမည်ဖြစ်သည်။
.
ဆန်းစစ်ချက်များအရ မဲပေးလိုစိတ်တွင် ရှမ်းပြည်နယ်တွင် ၃၀ ရာခိုင်နှုန်းသာရှိပြီး လူလတ်တန်းစားများ၏ ဒီမိုကရေစီ ယုံ ကြည်မှု လျော့ကျရခြင်းက No Vote အသံ ထွက်ပေါ်လာခြင်းဟု ယူဆကြခြင်းဖြစ်သည်။ No Vote  သည် မဲမပေးလိုမှု၊ ပယ်မဲဖြစ် စေမှု၊ ပျောက်မဲမှအစ ရွေးကောက်ပွဲတစ်ရပ်၏ အာနိသင်ကို လျော့ပါးစေသည့် ကိစ္စရပ်များဖြစ်စေခြင်းဖြစ်သည်။
.
မြန်မာ့လူထုသည် ဒီမိုကရေစီကိုဖော်ဆောင်သည့် အစိုး ရကို မျှော်လင့်ခြင်းဖြစ်သည်။ လူထုဗဟိုပြုအစိုးရ၊ လူထုဆန္ဒကို ဖော်ဆောင်ပေးမည့် အစိုးရကို မျှော်လင့်သဖြင့် မဲထည့်ကြ ခြင်းဖြစ်သည်။ ပါတီကို အထူးပြုသည် ဆိုသည်ထက် ဒီမိုကရေစီကို အထူးပြုခြင်းဖြစ်ရာ မဲပေးလိုစိတ် လျော့ကျရခြင်းသည် ဒီမိုကရေစီကို ယုံကြည်မှု အားနည်းစေခြင်း ဖြစ်ပေသည်။
.
တိုင်းရင်းသားနယ်များတွင်  ဒီမိုကရေစီ၊ အမျိုးသားရေး ဆို သည်များထက် ဆက်ကြေးကင်းလွတ်ခြင်း၊ အဓမ္မလူစု ဆောင်းခံရခြင်း၊ စစ်ရေးပဋိပက္ခများကို ရပ်တန့်ပေးနိုင်မည့် သူ၊ စစ်မက်တိုက်ခိုက်မှုများတွင် မြေဇာပင်ဖြစ်ရသည့် အခြေ အနေများမှ ကယ်တင်ပေးနိုင်မည့်သူကို မဲထည့်မည်သာ ဧ ကန်ဖြစ်သည်။ ကြောက်မဲများ ပေးရခြင်းထက် ရင်ထဲက လာ သည့် ကြိုက်မဲများကို ပေးခွင့်မျှော်လင့်နေ ကြသည်ကိုသိမြင် ခံစားရပါသည်။
.
ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်၊ တင်မြှောက်လိုက် သည့် အစိုးရမှ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်စွမ်း မရှိသည်က မျှော်လင့်ချက်မဲ့ခြင်းဖြစ်သဖြင့် အလကားပါကွာ ဟုဆိုသည့် မဲပေးလိုစိတ်လျော့ပါးရသည့် အဓိက အခြေခံအ ကြောင်းများတွင် ပါဝင်သည့်အပြင် လွယ်ကူစွာ မဲပေးနိုင်သည့် အခင်းအကျင်း၊ ရွေးကောက်ပွဲ စံနှုန်းများနှင့်အညီ ကျင်းပပေး နိုင်သည့် အခြေအနေများကသာ မဲပေးလိုမှုစိတ်ဓာတ်ကို မြှင့် တင်ပေးနိုင်မည်ဖြစ်သည်။
.
လာမည့် တပ်မဲရုံများသည် ပြင်ပမဲရုံများ ဖြစ်လာသဖြင့် တပ် ဖွဲ့ဝင်များနှင့် တပ်မိသားစုများ လွတ်လပ်စွာမဲပေးခွင့်ကလည်း ရွေးကောက်ပွဲ၏ စံနှုန်းကို မြှင့်တင်ပေးမည်ဖြစ်ပေမည်။
လာမည့် တပ်မဲရုံများသည် ပြင်ပမဲရုံများ ဖြစ်လာသဖြင့် တပ် ဖွဲ့ဝင်များနှင့် တပ်မိသားစုများ လွတ်လပ်စွာမဲပေးခွင့်ကလည်း ရွေးကောက်ပွဲ၏ စံနှုန်းကို မြှင့်တင်ပေးမည်ဖြစ်ပေမည်။
.
သို့အတွက်  No Vote   ဆိုသူတွေ ရွေးချယ်လို့ မရဘူး ဆို သူ တွေအတွက်  Go Vote လုပ်ရန် ကြိုက်တဲ့ ပါတီရွေး၊ ကြိုက် တဲ့ပါတီကို မဲပေးနိုင်ဖို့ နိုင်ငံသားအခွင့်အရေး တစ်ခုဖြစ်တဲ့ မဲ ပေး ခွင့်ရဖို့၊ မဲစာရင်းကိုသွားကြည့်၊ ပါမပါ၊ မှန်မမှန် စစ်ကြည့်ပါ။ မ မှန်တာကို မပြင်ခဲ့ရင် မဲပေးချင်လည်း မရပါ။ စာရင်းပါတာတောင် မဲ ပေးခွင့် မရှိသူများရှိပါသည်။ မြန်မာနိုင်ငံမှ နိုင်ငံသားအဖြစ် ဆုံး ရှုံးထားသူများမှာ မဲစာရင်းတွင်ပါသော်လည်း မဲပေးခွင့်ရမည် မ ဟုတ်သဖြင့် မဲစာရင်းတွင် ပါဝင်နေခြင်းမှာလည်း မှားယွင်း ပါ လာခြင်းသာဖြစ်သည့်အတွက် ရွေးကော်များမှ ပယ်ဖို့လိုပါမည်။
.
အနီ၊ အစိမ်း၊ အဝါ၊ အပြာ၊ ကျားခေါင်း၊ ကျားဖြူ၊ နဂါးစသည် ဖြင့် ကိုယ်ကြိုက်ရာ ကိုယ်နှစ်သက်ရာ၊ ကိုယ်ယုံကြည်ရာ၊ ကိုယ် လေးစားရာ ကြိုက်တာရွေးထည့်နိုင်ရန်  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ (၉၆)ပါတီထဲက ကြိုက် သည့်ပါတီ၊ ကြိုက်သည့်သူကို မိမိရင်ထဲက  ကြိုက်မဲ (ကြောက် မဲမဟုတ် )ကို ပေးရန် တိုက်တွန်းနှိုးဆော် လိုက်ရကြောင်းပါ။
.
Go Vote  မဲရုံကို မဲသွားပေးခွင့် စိတ်ချနိုင်ရေး၊ အနာဂတ် နိုင် ငံတော်ကို ထုဆစ်နိုင်မည့် သစ်ကောင်းမျိုးကောင်းကိုရွေးချယ် ပေးနိုင်ရေး သင်မဲစာရင်းကြည့်၍ အမှန်ပြင်ကာ မဲရုံကိုမဲသွား ပေးပါ။
Go Vote  မဲရုံကို မဲသွားပေးခွင့် စိတ်ချနိုင်ရေး၊ အနာဂတ် နိုင် ငံတော်ကို ထုဆစ်နိုင်မည့် သစ်ကောင်းမျိုးကောင်းကိုရွေးချယ် ပေးနိုင်ရေး သင်မဲစာရင်းကြည့်၍ အမှန်ပြင်ကာ မဲရုံကိုမဲသွား ပေးပါ။
.
မဲပေးသူပြည်သူများကို သစ်ခုတ်သမားများဟု ခံယူပါက သစ်တစ်ပင်ကို ခုတ်မယ်ဆိုရင် တွေ့ရာမြင်ရာ အပင်ခုတ်မှာ လား၊ ဒီသစ်ကို ဘယ်နေရာမှာ သုံးမှာလဲ၊ အိမ်သာအတွက်လား၊ နန်းတော်အတွက်လား၊ ဆိုတာ ချင့်ချိန်ပါ။ အဲဒါလူထုဆိုတဲ့ သစ်ခုတ်သမားတွေရဲ့ ရင်ထဲက စဉ်းစဉ်းစားစား မဲတစ်ပြားပါ။
.
ရွေးချယ်လိုက်တဲ့ပါတီ၊ ကိုယ်စားလှယ်၊ အစိုးရဆိုတဲ့ ပန်းပု ဆရာတွေက ရလာတဲ့သစ်ကို ဖြစ်ကတတ်ဆန်းထုမယ် ဆိုရင် ၎င်းတို့၏ စိတ်စေတနာနှင့် အရည်အချင်းသာ ဖြစ်ပေမည်။ သို့ သော် သစ်ခုတ်သမား လူထုကတော့ ပန်းပုဆရာတွေ မည်သည့် ပုံ ထွက်လာသည်ကို စောင့်ကြည့်နေမည်ဖြစ်ကြောင်းပါ။ သို့အ တွက် မြန်မာနိုင်ငံသား မဲပေးခွင့် ရှိသူ မဲဆန္ဒရှင် အားလုံး မဲစာ ရင်း စစ်ပြီး မဲသွားပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ကြောင်းပါ ခင်ဗျား။

Journal Download

Photo of three cats