နိုင်ငံရေး ဝိဉာဉ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံရေး ဝိဉာဉ်

မင်းဇော်မင်း
.
ဝိဉာဉ်ဆို၍ ပရလောက ဝိဉာဉ်ကို ဆိုခြင်းမဟုတ် ရုပ်ပိုင်း စိတ်ပိုင်း ဘဝပိုင်း အတွင်းကျကျ ကိန်းအောင်းနေသည့် စွဲလန်း မှုသဏ္ဍာန်ကို ဆိုလိုခြင်းဖြစ်သည်။
.
လူတစ်ယောက်၏ ရုပ်ပိုင်းကို ကြည့်ခြင်းဖြင့် ကောင်းမှု၊ ဆိုးမှုကို အပြင်ပန်း ဗဟိန္ဓသဏ္ဍန်ကြည့်မြင်နိုင်သလို စိတ်ပိုင်း တွင် ရိုးသားမှု၊ ကောက်ကျစ်မှုနှင့် စွဲထင်နက်ရှိူင်းသည့် စွဲလမ်း မှု အဇ္ဇျတ္တသဏ္ဍာန်ကို မှန်းဆနိုင်မည်ဟု ယူဆပါသည်။
.
ဘဝပိုင်းတွင်မူ မိသားစုအစဉ်အဆက် ကျင့်သုံးလာမှု သွေး မျိုးဆက် ဆင့်ကဲလာမှုနှင့် ဖြတ်သန်းလာသည့် အတွေ့အကြုံ များမှ ရရှိမှုများသည် စွဲထင်နေသည့် ဝိဉာဉ်ဟုပင်ဆိုချင်သည်။
.
ဤသို့ပင် ကရုဏာရှင်မာသာထရီဇာ၊ ကြက်ခြေနီ ဖခင်ဟင် နရီဒူးနန့်၊ ကမ္ဘာကြီးလုံးကြောင်း သက်သေပြခဲ့သဖြင့် (Stone to Death ) ခဲနှင့်ပစ်ပေါက် သတ်ဖြတ်ခံခဲ့ရသူ သိပ္ပံပညာရှင် ဂျော်ဒါနိုဘရူနိုတို့သည်လည်း လူ့လောက အကျိုးအတွက် ယုံ ကြည်ချက်ဖြင့် သက်ဆုံးတိုင် ရပ်တည် သွားခဲ့ကြသူများသည် သူ့နယ်ပယ်၏ ဝိဉာဉ်ကိန်းဝပ်မှုများကြောင့်ပင်။
.
ဆရာဝန်သည် လူနာ၏ ရောဂါကို သူသိတတ်မြောက်သည့် ပညာဖြင့် ခွဲခြမ်းစိတ်ဖြာကာ  ကုသမှုနည်းလမ်းများ လုပ်ဆောင် နိုင်မှုနှင့် ကျွမ်းကျင်မှုသည် သူ၏ ဝိဉာဉ် ကိန်းဝပ်မှုပင်ဖြစ်သည်။
.
Once a soldier, always a soldier ဟု စစ်သည်တော်များ ကြွေးကျော်ကြသည်။ စစ်သားတစ်ခါ ဖြစ်ဖူးလျှင် အမြဲတန်းပင် စစ်သား ဖြစ်နေသည်ဟု ဆိုလိုရင်းက ၎င်းတို့တွင် ကိန်းဝပ် နေ သည့် ဝိဉာဉ်၏ ပုံရိပ်ပင်ဖြစ်သည်။
.
ဤသို့ပင် နယ်မြေအသီးသီး၌ ကျင်လည်ကြသည့် သတ္တဝါ များတွင် ၎င်းတို့က ကျွမ်းကျင်သိမြင် တတ်ကျွမ်း ဖြတ်သန်း လာကြရသည့် ဘဝများမှ ဝိဉာဉ်များ ကိန်းဝပ်လာကြသည်။ ကူးစက်လာကြသည်။ လွှမ်းခြုံလာကြသည်။
.
ယင်းသို့ဖြစ်တည်မှုများတွင် ဝိဉာဉ်အကောင်းအဆိုးများက ပိုင်းဖြတ်ခြင်းဖြင့် ရိုးသားမှု၊ ကောက်ကျစ်မှု စသည်များဖြင့် ၎င်း တို့၏ ဝိဉာဉ်ပုံရိပ်ကို ဖော်ကျူးကြသည်မှာ ဓမ္မတာလိုပင် ဖြစ် နေသည်ကို တွေ့ရသည်။
.
ဆောင်းပါးခေါင်းစဉ်အရ ညွှန်းဆိုလိုသည်မှာ နိုင်ငံရေး ဝိ ဉာဉ်ဆိုသည်ကို ဖွင့်ဆိုလိုရင်းဖြစ်သည်။ မိမိတို့၏ ဘဝဝိဉာဉ်ကို လည်း ဆန်းစစ်ကြည့်မိကြစေရန် နိုင်ငံရေး ဝိဉာဉ်ဟုခေါင်းစဉ် တပ်ရခြင်းဖြစ်သည်။
.
တာချီလိတ်တွင် အမျိုးအဆွေများမှ အမှတ်တရ ပန်းခြံပြု လုပ် ထားရှိသည့် အောင်ဆန်းသူရိယ ဆွတ်ဗဟာဒူးရိုင်းသည် ထို စဉ်က တရုတ်ဖြူနယ်ချဲ့များ၏ ရန်ကို ကာကွယ်ရင်း တိုက်ခိုက် ကျဆုံးသွားမှု၏ သင်္ကေတသည်လည်း သူရဲကောင်းတို့၏ ဝိ ဉာဉ်ကိန်းဝပ်မှု၊ အဆုံးစွန်သော တိုင်းပြည်အတွက် အသက် စွန့်လွှတ်မှု ကြီးမြတ်သော ဂုဏ်ရှိခြင်းပင်။ ထိုသို့ပင် ယုံကြည် ချက်ကြောင့် အသက်စွန့်သူ တိုက်ပွဲ ၂ ဖက်စလုံးတွင် ရှိကြပေ သည်။
.


.
ဤသို့ပင် မကြာမီက ဆုံးပါးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ လူယုံတော်၊ အပါးတော်မြဲ၊ ကိုယ်ရံတော် ဦးစိုးဝင်းကို သုံး သပ်ရလျှင် သစ္စာရှိသည်ဆိုသည့် ပြယုဂ်ကို ဘဝတစ်ခုလုံးဖြင့် ပေးဆပ်ထားသလို မည်သည့် ရယူလိုမှုမှမရှိ စွန့်လွှတ်ပေးဆပ် ထားကြောင်း နိုင်ငံရေးဝိဉာဉ်အပြည့်ရှိ လူသားဟု မွှန်းလို သည်။ ယင်းသို့ပင် ယုံကြည်ချက်အတွက် ထောင်တွင်း၊ တော တွင်း ကျဆုံးကြရသည့် နိုင်ငံရေးဝိဉာဉ် ကိန်းဝပ်သူအများ ရှိခဲ့ ပါသည်။
.

ထိုသို့ပင် လားရှိုးလူငယ် လူမှုကူညီရေးအသင်းမှ ရှမ်းပြည် နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေစဉ် ဒဏ်ရာရလူနာသွား ရောက် သယ်ဆောင်စဉ် ပစ်ခတ်ခံရမှုကြောင့် ဥက္ကဌ ဦးထွန်းမြင့် သေဆုံးမှုသည်လည်း အဆုံးစွန် စွန့်လွှတ်ခဲ့သည့် လူမှုရေး ဝိ ဉာဉ်ရှိ သူရဲကောင်းတစ်ဦးပင် ဖြစ်သည်။
.
လက်ရှိ နိုင်ငံရေးနယ်ပယ် အသီးသီးတွင် နိုင်ငံရေး လုပ် ဆောင်နေသူများဟု ဆိုသူများမှာ မိမိတို့တွင် ကိန်းဝပ်နေသည့် နိုင်ငံရေးဝိဉာဉ်များကို ကိုယ်တိုင်ဆန်းစစ် မိကြပါရဲ့လား၊ ထို ကိန်းဝပ်နေသည့် နိုင်ငံရေးဝိဉာဉ်မှာ အဆိုးလား အကောင်း လား ဆိုသည်ကိုကော ဝေဖန်ကြည့်မိကြရဲ့လားဟု ပြောလို ပါသည်။
.
မြန်မာ့သမိုင်း အဆက်ဆက်တွင် စစ်အာဏာရှင် စနစ် အောက်က လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသည့် နိုင်ငံရေးဝိဉာဉ် ကိန်းဝပ်နေသူများရှိသလို ဘဝဟောင်းကို ပြန် ပြောင်း အသက်သွင်းလိုသည့်  နိုင်ငံရေးဝိဉာဉ် ကိန်းဝပ်နေသူ များလည်း ရှိကြပြီး လူမျိုးအပေါ် အခြေခံထားသည့် နိုင်ငံရေးဝိ ဉာဉ် ကိန်းဝပ်နေသူများလည်း ရှိကြသည်ကို တွေ့ကြရာမှ နိုင် ငံရေးဝိဉာဉ် ကိန်းဝပ်ခြင်းမရှိဘဲ နိုင်ငံရေးလုပ်စားသည့် ဟန်ပြ နိုင်ငံရေးသမား၊ ရေပေါ်ဆီ နိုင်ငံရေးသမားများလည်း အုတ်အ ရောရော ကျောက်အရောရော ဆိုသလို ပါဝင်လာကြသည်ကို ဆန်းစစ်မိပါသည်။
.
အများအကျိုးအတွက် ကိုယ်ကျိုးစွန့် နိုင်ငံရေးဝိဉာဉ် ကိန်း အောင်းသူများမှာ အာဏာဖြင့် ဖျက်ဆီး၍ မရသူများဖြစ်ကြ ကြောင်း၊ သက်သေပြခဲ့သူမှာ ရာထူးမှ နုတ်ထွက်ခဲ့သူ သမ္မတ ဟောင်း ဦးထင်ကျော်ကို ပြလိုပါသည်။ အထွဋ်အထိပ် အာဏာ ကိုရခဲ့သော်လည်း အာဏာထောင်ချောက်တွင် မသက်ဆင်း ဘဲ ဖြူစင်စစ်မှန်သည့် နိုင်ငံရေးဝိဉာဉ် ကိန်းဝပ်သူကို စံထား ပြပါဆိုလျှင် သူ့ကိုသာ ရည်ညွှန်းလိုကြောင်းပါ။
.
နိုင်ငံရေးပါတီ၏ အဘိဓါန်ဖွင့်ဆိုချက်အရ နိုင်ငံရေးအာဏာ ကို ရယူကျင့်သုံးရန် စုစည်းထားသည့် လူစုဟုဆိုရာ နိုင်ငံရေး ပါတီများ၏ နိုင်ငံရေးစနစ်ကို အကဲဖြတ်၍ ပါတီ၏မူဝါဒ၊ ရည် ရွယ်ချက်၊ ရှေ့လုပ်ငန်းစဉ်များကို အကဲဖြတ်ရာတွင်နိုင်ငံရေး ခေါင်းဆောင်၊ ပါတီခေါင်းဆောင်များတွင် ကိန်းဝပ်နေသည့် နိုင်ငံရေးဝိဉာဉ်ကိုလည်း အကဲဖြတ်ကြပါသည်။
.
ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည် ဗိုလ်ချုပ်အောင် ဆန်း၏ သမီးဖြစ်သော်လည်း ရှေ့ပိုင်းဘဝများတွင် နိုင်ငံရေး ဝိဉာဉ် နိုးကြားခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ ပြည်တွင်း ဖြစ်ပျက်နေသည့် အခြေအနေများအပေါ် သွေးအ တွင်း  စီးမျောနေသည့် နိုင်ငံရေးဝိဉာဉ် နိုးထလာခြင်းဖြစ်သည်မှာ ဒီမိုကရေစီမိခင်အဖြစ် ဘဝကို ရေကုန်ရေခမ်း လုပ်ဆောင်နေ မှုက နိုင်ငံရေးဝိဉာဉ် ဆိုသည်ကို အထူူးဖော်ညွှန်းပြနေခြင်းပင် ဖြစ်သည်။      
.
ဇာတ်သမားသည် ဆိုင်းသံကြားလျှင် ကချင်သည်၊ စစ်သား သည် စစ်ချီသံကြားလျှင် တက်ကြွသည်။ နိုင်ငံရေးသမားသည် နိုင်ငံရေးဝိဉာဉ်ဖြင့် လုပ်ဆောင်ကြသည်ဟု အကြမ်းဖျင်းဆိုနိုင် သည်။
.
ဤနေရာတွင် ဝိဉာဉ် ကိန်းဝပ်မှုသည် စကြာဝဠာအတွင်း တွင်လည်း ကိန်းဝပ်သည်ဆိုလျှင် လွန်သည်ထင်မည်လား၊ မိ မိတို့ ကမ္ဘာကြီးသည် နေစကြာဝဠာအတွင်းတွင် သက်ရှိများ တည်ရှိရာ တစ်ခုတည်းသော ဂြိုလ်ဖြစ်ရာ ယင်းသက်ရှိ လော ကသည်ပင် ကမ္ဘာ့ဝိဉာဉ်ဖြစ်သည်။ သက်ရှိလောကမှ ရေ၊ လေ၊ မြေ သတ္တဝါများထဲမှ ဉာဏ်ရည်မြင့်လူသားသည် ကမ္ဘာ့ကြီး၏ ဝိဉာဉ် အမြုတေပင်ဖြစ်သည်။
.
လူသား၏ ရုပ်ပိုင်းတိုးတက်မှု အစဉ်မှသည် စိတ်ပိုင်းတိုး တက်မှုများက လူသားလောကကို သာမက အခြားလောက များကိုပါ ပြုပြင်စေညွှန်း နေသည်ဖြစ်ရာ သုစရိုက် ဆိုသည့် ကောင်းသော ဝိဉာဉ် ၊ ဒုစရိုက်ဆိုသည့် ဆိုးသောဝိဉာဉ်များ သည် လူသားတို့၏ ဖြစ်တည်မှုဘဝများပေါ်တွင် ကိန်းဝပ်လာ ရာမှ လူကောင်း၊ လူဆိုး၊ စိတ်ကောင်း၊ စိတ်ဆိုးသည့်အသွင် သဏ္ဍာန်များ ကွဲပြားလာရသည်။ အကျယ်ကို ပညာရှင်များက ကျမ်းအဆူဆူဖြင့် ပြဆိုခဲ့ကြပြီးဖြစ်သည်။
.
မိမိလို အညတြ သတင်းစာအနေဖြင့်မူ အနှစ်ချုပ်ဆိုချင် သည်မှာ နိုင်ငံရေး ဝိဉာဉ်၏ အတ္တ၊ ပရရေချိန်သည် ၎င်း၏ဘဝမှ ပိုင်းဖြတ်ပေးသည့်  ၎င်း၏ဖြတ်သန်းမှုသမိုင်းဟုပင် ဆိုချင်ပါ သည်။
.
နိုင်ငံရေးဝိဉာဉ် တွင်ပင် အတ္တလွန်ကဲမှုက အာဏာရှင်ဖြစ် စေပြီး ပရ၏ အဆုံးစွန်စွန့်လွှတ်မှုတွင်မူ အာဇာနည်များ ပေါ် ထွန်းစေသည်မှာ သမိုင်းတွင် အများအပြားရှိပေသည်။
.
အတ္တလွန်ကဲမှုကြောင့် ဟစ်တလာ အာဏာရှင်ဖြစ်သည်။ ပရစွန့်လွှတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အာဇာနည်ဖြစ် သည်မျိုးပင်။ သတ်ခြင်း၊ သေခြင်းကြောင့် အာဇာနည်ဖြစ်သည် မဟုတ် လုပ်ရပ်ကြောင့်သာ အာဇာနည်ဖြစ်ခြင်းတည်း။
.
အာဏာရှင် ဆိုသည် ၎င်း၏ ရပ်တည်မှု ရေရှည်တည်တံ့ ရန်အတွက် နေရာကို မဖြစ်မနေ ဆုပ်ကိုင်ရင်း စစ်ပွဲများကို တိုက်ရသောကြောင့် စစ်ကို လိုလားသူ ဖြစ်ရသည်။ ၎င်းသည် Leader မဟုတ် Boss ဖြစ်သည်။ Leader များကမူ တိုင်းပြည် စည်ပင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးကို လိုလား သည်။ သို့အတွက် Dictator နှင့် Leaderသည် အဇြူနှင့်အမဲ ဆန့်ကျင် ဘက်ဖြစ်သည်။ သာဓက တစ်ခုကို ပြလိုပါသည်။
.
မြန်မာနိုင်ငံ၌ ၂၀၀၈ ဖွဲ့စည်းပုံပေါ်သည့်နှစ်တွင်ပင် ဂျာမန် မှ အဖြစ်မှန်အပေါ် ရိုက်ကူးသည့် The Wave ရုပ်ရှင် ထွက်ရှိ လာသည်။ အာဏာရှင်ပေါ်ရန် ၅ ရက်သာလိုသည် ဆိုသည့် ဇာတ်ကားပင်။ ဂျာမဏီရှိ အလယ်တန်းကျောင်း တစ်ခုမှ Roiner Wenger သည် သာမန်ကျောင်းဆရာ တစ်ဦးဖြစ်ပြီး သူသည် `အာဏာရှင်အုပ်ချုပ်ရေး`စနစ်ကို တစ်ပတ်ကြာ သင်ကြားရ မည့်တာဝန်အရ အတန်းများကို သင်ကြားရသောအခါ ကျောင်း သားများက`အာဏာရှင်စနစ်သည် ဝေးကွာခဲ့ပြီဖြစ် သဖြင့် ထပ်မံမပေါ်လာနိုင်တော့၊ လူထုက လက်မခံတော့`ဟုဆိုကြ သည်။
.
Wenger က အတန်းထိုင်ခုံများကို ပြန်စီလိုက်ပြီး အတန်း ခေါင်းဆောင် တစ်ယောက်ကို ရွေးချယ်စေသည်။ Wenger က မဲ အများဆုံး ရသဖြင့် အုပ်ချုပ်သူ ဖြစ်လာရာ ၎င်းက စည်းကမ်း၏ အရေးကြီးပုံကို ပြောကြားပြီး ၎င်းကိုလေးစားစွာဖြင့် Mr. Wenger ဟု ခေါ်ရန်က အစ ထိုင်ပုံထိုင်နည်း၊ ဆက်ဆံပုံဆက်ဆံ နည်းများကို သတ်မှတ်ပေးလိုက်သည်။
.
၎င်းဝင်လာသည့် ဒုတိယရက်တွင် သူ့အားတစ်ညီ တစ် ညွတ်တည်း ထိုင်ရာမှ ထနှုတ်ဆက်ကြပြီး ဆောင်ပုဒ်ဖြစ် သည့်`စည်းကမ်းသည်အင်အား၊ စည်းလုံးခြင်းသည် အင် အား`ဆောင်ပုဒ်ကို ဟစ်ကြွေးကြသည်။
.
Wengerက အတန်းသားများကို စစ်ချီတက်နည်း သင်ပေး သည်။ ယင်းနည်းက လူအားလုံးအား တစ်ပေါင်းတည်း ဖြစ်စေ သည်၊ စုပေါင်းခြင်း၏ အင်အားဖြစ်သည်။ ငါတို့ရဲ့ခြေလှမ်းနဲ့ အစိုးရမဲ့ဝါဒီများအား နင်းခြေခြင်းဖြစ်သည် စသည်ဖြင့် ဂုဏ် သိက္ခာများကို ဖော်ညွှန်းပြောဆိုသင်ကြားပြီး အင်္ကျီဖြူနှင့် ဘောင်းဘီကို အတန်း၏ယူနီဖေါင်းအဖြစ် သတ်မှတ်ခဲ့သည်။
.
တတိယရက်တွင်မူ အတန်းသူတစ်ဦး သတ်မှတ်အင်္ကျီ ဝတ်မလာသဖြင့် တစ်တန်းလုံးက သတ်မှတ်ခွဲခြားကာ ၎င်းကိုမ ဆက်ဆံကြတော့။ ၎င်း၏ရည်းစားပင် သူ့ကို တစ်ကိုယ်ကောင်း သမားဟု ဝေဖန်ခဲ့သည်။ အတန်းအတွက် အမည်ကို`The Wave`ဟု အမည်တပ်ကာ မြို့နေရာအနှံ့လိုက်ကပ်သည်။
.
စတုတ္ထနေ့တွင် အတန်းသားများသည် မိမိ၏အတန်းအပေါ် ခံယူချက် ပိုမိုပြင်းထန်လာကာ မိမိတို့အသင်းအဖွဲ့အတွက် နှုတ်ဆက်ရန် လက်သင်္ကေတတစ်ခုအဖြစ် ရေလှိုင်းသဏ္ဍာန် ရင်ဘတ်ရှေ့တွင် လက်ဖြင့် ပြဆိုမှုကို သတ်မှတ်ခဲ့ကြသည်။ ယင်းကား `The Wave` တည်း။
.
`The Wave`ထဲသို့ ပါလိုသူ အခြားအတန်းသားများပါ များ ပြားလာရာမှ  သင်္ကေတဖြင့် လူအချင်းချင်း  အဖွဲ့ခွဲကြတော့သည်။ လက်သင်္ကေတ မပြုသူကို ကျောင်းဝင်းအတွင်းပင် ဝင်ခွင့်မ ပြုကြတော့သည့်အပြင် အားကစားကွင်းကို အပိုင်စီးခဲ့ကြ သည့်အပြင် အစုလိုက်ရန်ဖြစ်ရာတွင် `The Wave` က အင်အားသုံးတော့သည်။ ကျောင်း၏ထိပ်ဖျားသို့ပင် တက် ကာ`The Wave`၏ သင်္ကေတကို ဆေးမှုတ်သည်အထိ ပိုင် စိုးလာကြသည်။ ဆရာ Roiner Wenger ကိုယ်တိုင် `The Wave` တွင်နစ်မျောကာ လူထု၏ဝန်းရံမှုကို နှစ်သက်လာခဲ့ သည်။
.
ပဉ္စမမြောက်နေ့တွင်မူ  Roiner Wenger ၏သင်ကြားရေး စမ်းသပ်မှုကို မြို့လူထုနှင့် ကျောင်းအုပ်ချုပ်ရေး ပိုင်းကပါ ‌ဝေဖန်ခဲ့ပြီး Roiner Wenger၏ ဇနီး ကိုယ်တိုင် ၎င်းကို ဒေါသ ထွက်ကာ လမ်းခွဲခဲ့တော့သည်။ ဤတွင် Roiner Wenger အား စမ်းသပ်မှုကို ရပ်တန့်ရန် တောင်းဆိုမှု များပြားလာသည့် အတွက် Roiner Wenger လည်းဝန်းရံမှုအတွင်း နစ်မျောရာမှ ပြန်လည်နိုးကြားလာပြီး ဤသည်မှာ စမ်းသပ်မှု တစ်ခုသာ ဖြစ်သည်ဟု ပြောသော်လည်း  အစွန်းရောက် ကျောင်းသား တစ်ဦးက `The Wave` ကိုမဖျက်သိမ်းရန် တောင်းဆိုသည် သာမက အခြားကျောင်းသားတစ်ဦးကို အင်တာနက်မှ ဝယ် ယူရရှိသည့် သေနတ်ဖြင့် ပစ်သတ်ကာ ၎င်းကိုယ်တိုင်လည်း  အဆုံးစီရင်ခဲ့သည့်အခါမှ  အခြားကျောင်းသူ ကျောင်းသား များလည်း အာဏာဘုံအတွင်း သက်ဆင်းကျရောက်ရာမှ နိုး ထလာကြသည့် ဖြစ်ရပ်မှန်ရုပ်ရှင် ဇာတ်လမ်းကို အာဏာ၏ ကြောက်စရာကောင်းပုံ၊ အာဏာ၏ အရသာကို စွဲလမ်းပုံကို ရည်ညွန်း ဖော်ပြလိုက်ရပါသည်။
.
`The Wave`ရုပ်ရှင်ကို  ဒေါက်တာဟိန်းနိုင်က နိုင်ငံရေး ပညာရှင်များ၏ အဆိုများဖြင့်ဖော်ပြရာတွင်
.
ပြင်သစ်သမိုင်းနှင့် နိုင်ငံရေးပညာရှင် Tocqueville  က ပြောခဲ့သည့်`ဒီမိုကရေစီသည် လူပုဂ္ဂိုလ်၏ လွတ်လပ်ရေးကို ချဲ့ထွင်ပေးသည်။ အာဏာရှင် စနစ်ကတော့ ထိုလွတ်လပ် ရေးကို ကန့်သတ်သည်။ ဒီမိုကရေစီသည် လူတိုင်းကို မိမိ ၏တန်ဖိုး ပေါ်လွင်စေရန် အားပေးသည်။ အာဏာရှင်စနစ် ကတော့ လူတိုင်းကို နိုင်ငံရေးအဖွဲ့အစည်း ယန္တရား၏ဝက် အူတစ်ခု၊ ကိရိယာတစ်ခု အဖြစ်သာမြင်သည်။ ဒီမိုကရေစီနှင့် အာဏာရှင်စနစ် ၂ ခုလုံးသည် တန်းတူညီတူအားပေးသည်။ သို့ပေမယ့် ဒီမိုကရေစီသည် လွတ်လပ်ရေးထဲမှ တန်းတူညီ တူကို ရှာဖွေသည်။ အာဏာရှင် စနစ်ကတော့ ဖိနှိပ်ထိန်းချုပ် ခြင်းထဲမှ တန်းတူညီတူကို တည်ဆောက်သည်`ဟုဆိုထား သည်ကို ဖော်ပြခဲ့သလို ပြင်သစ်စာရေးဆရာ ဗော်လ်တဲယား က`လူတိုင်း စိတ်ထဲတွင် မွန်မြတ်သည့် အလံတော်ကို စိုက် ထူပြီး အပြစ်နွံထဲသို့ လှမ်းဝင်သွားကြသည်`ဟူလို။
.
ဂျာမန်အတွေးအခေါ်ပညာရှင် Holderlin ၏`နိုင်ငံတစ်ခုကို ငရဲဖြစ်စေသည့်အကြောင်းရင်းသည် ထိုနိုင်ငံကို နိဗ္ဗာန်အဖြစ် တည်ဆောက်လိုခြင်းပင်`ဟူ သတည်း။
.
မြန်မာနိုင်ငံတွင် အာဏာရှင် အုပ်စိုးမှုက နှစ် ၇၀ ကျော် အမှောင်တိုက်အတွင်း သက်ဆင်းခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင် ငံတွင် မကောင်းမှုဝိဉာဉ်ဆိုးများ လွှမ်းမိုးခဲ့ရသဖြင့် တိုင်းပြည် ကြီး၏ အသွင်းသဏ္ဍာန် ညှိုးနွမ်းခဲ့ရသည်။ ထိုမှကိန်းဝပ်လာ သည့် ဒီမိုကရေစီဝိဉာဉ်၏ မှုံပြပြ အလင်းရောင်ဖြင့် အာရုဏ် ချိန် ရောက်လာရသည်။ အာဏာရှင် အမှောင်တိုက်ကို ဖြိုခွင်း ကာ လောကကို အလှဆင်မည့် အလင်းရောင် ထွန်းလင်းဖို့ ရောက်ရှိပေတော့မည်။ အလင်းရောင် ရောက်ရှိပြီးရင်တောင်မှ အာဏာရှင် ပြန်မွေးဖွားပြီး အမှောင်တိုက်ကို ပြန်မသွားရသည့် နိုင်ငံရေးဝိဉာဉ်ကောင်းများ ကိန်းဝပ်ရာ လူသားများမြန်မာနိုင် ငံကို လွှမ်းခြုံဖို့ လိုအပ်ပေမည်။
.
သို့အတွက် ကောင်းသော နိုင်ငံရေးဝိဉာဉ်များ ကိန်းဝပ်ရှင် သန်သည့် Leader များ၊ ပါရမီဖြည့် အထောက်အကူ လူသား များ၊ အမှားကို အမှန်မြင်၊ ပြုပြင်နိုင်စွမ်းရှိသည့် လူသားများ ပေါ်ထွန်း တည်တံ့စေကြောင်း ဤဆောင်းပါးမှ ရည်ညွှန်းပါ သည်။
.
ဇာတ်သမားသည် ဆိုင်းအရ မကတတ်လျှင် ဇာတ်ပျက် သည်။ စစ်ရေးစစ်မာန် မရှိက လက်နက်ကိုင် တပ်သည် တပ် နှင့်မတူ ပျက်နိုင်သည်။ သို့ဆိုလျှင် နိုင်ငံရေးသမားသည် လည်း နိုင်ငံရေးဝိဉာဉ် မရှိပါက အာဏာ ထောင်ချောက်သို့ ကျရောက်သွား နိုင်သည်ဟု သုံးသပ်ကြသည်။
.
သို့အတွက် ယခုလာမည့် ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံ ရေးဝိဉာဉ် အပြည့်အဝဖြင့် နိုင်ငံရေးနေရာ ရယူကြမည့် ပုဂ္ဂိုလ် များကို ပြည်သူများက ဆန်းစစ်ကြမည် ဖြစ်သည်။

Journal Download

Photo of three cats