ရပ်ကွက်နေ ပြည်သူများအား ရိုင်းပြစွာ ဆက်ဆံခဲ့သည်ဟု ဆိုကာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် စာရေးအား အရေးယူပေးနိုင်ရန် တိုင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်ကွက်နေ ပြည်သူများအား ရိုင်းပြစွာ ဆက်ဆံခဲ့သည်ဟု ဆိုကာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် စာရေးအား အရေးယူပေးနိုင်ရန် တိုင်ကြား


မင်းမင်း
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ် ကွက်တွင် ရပ်ကွက်နေပြည်သူများ အား ရိုင်းပြစွာ ဆက်ဆံခဲ့သည်ဟုဆို ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာ ဝန်ကျ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ စာရေးဝန်ထမ်းအား အရေးယူ ပေးရန် ရပ်ကွက်နေပြည်သူတစ်ဦးက ဩဂုတ်လ ၁၄ ရက်တွင် မြို့နယ် အုပ် ချုပ်ရေးမှူး ထံသို့ တင်ပြတိုင်ကြားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရပ်ကွက်စာရေးမသည် ရပ်ကွက်နေပြည်သူများ ထောက်ခံစာ လာရောက် ထုတ်ယူရာတွင် ရိုင်းပြ မောက်မာစွာ ဆက်ဆံပြီး ထောက်ခံ စာပြုလုပ်ပေးခြင်း မရှိသည့်အတွက် တိုင်ကြားရခြင်း ဖြစ်သည်ဟု တိုင် ကြားစာပေးပို့ထားသူ ဒေါ်ခင်လေး နွယ်ထံက သိရသည်။
.


.
“တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ လို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို တိုင်စာ ပေးပို့တာပါ။ မိတ္တူကိုလည်း သက်ဆိုင်ရာ ရုံးအသီးသီးကို ပေးပို့ သွားမှာပါ။ ရှမ်းပြည်နယ်အစိုးရ အ ဖွဲ့ကိုလည်း တင်ပြမှာပါ။အောက်ခြေ မှာ အခုလို အကျင့်ပျက်ခြစား၊ ဥပဒေ မဲ့ ထင်တိုင်း လုပ်နေတဲ့ ရပ်ကွက်ရုံး စာ ရေးမတွေ ရှိနေလို့ အထက်လူကြီး တွေ အလုပ်ရှုပ်ရတဲ့အပြင် သက်ဆိုင် ရာ ဌာနပုံရိပ်ကိုလည်း ထိခိုက်စေ တယ်။ ပြည်သူတစ်ဦးကို ဘယ်ဌာန က ဝန်ထမ်းဖြစ်ဖြစ် မဟုတ်မမှန် စွပ်စွဲ ပြောဆိုတာတွေ က ဒီမိုကရေစီခေတ် နဲ့ မသင့်လျော် ဘူး။ ပြည်သူတွေအနေ နဲ့ နိုင်ငံ့ဝန်ထမ်းနဲ့ ဥပဒေကို အယုံအ ကြည် မဲ့သွားစေနိုင်တယ်”ဟု ဒေါ်ခင် လေးနွယ်က ပြောသည်။
.

ယင်း ဘုရားဖြူရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး စာရေးဝန်ထမ်းသည် ရပ်ကွက်နေ ပြည်သူ ဒေါ်နန်းစံခဲကို ထောက်ခံစာ ပြုလုပ်ပေးရာတွင်ရင့် သီးရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်းနှင့် ထိုသို့ ဆက်ဆံခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံသို့နှုတ် ဖြင့် တင်ပြတိုင်ကြားခဲ့သော်လည်း အ ရေးယူဆောင်ရွက် ပေးခြင်း မရှိသည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးထံ သို့ တိုင်ကြားစာ ပေးပို့ရခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောဆို ခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဘု ရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေး ဒေါ်ပွင့်သီရိသောင်းထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်း ရာတွင် “သူက နိုင်ငံတော်နဲ့တောင် ပြဿနာ တက်နေတဲ့သူပါ။ သူကရုံး မှာ မဟုတ်မမှန်တာတွေပြောပြီး ထောက်ခံစာလာ ယူတယ်။ ကျွန်မကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဆဲလို့ ကျွန်မက ရုံးကနေ မောင်းထုတ်လိုက် တယ်။ အဲဒီလို မောင်းထုတ် လိုက် တာကို သူက တိုင်ကြားစာပေး ပို့ တယ်ဆိုတော့ လက်သင့်မခံသင့်ဘူး လို့ ထင်တယ်။ ဒါက မမှန်တိုင်ကြား တာပါ။ ကျွန်မ ဒီရပ်ကွက်မှာ တာဝန် ယူထားတာ ၁၃ နှစ် ရှိပါပြီ။ သူက ရပ် ကွက်ရုံးကို သက်သက်မဲ့ ပြဿနာရှာ နေတာပါ”ဟု ပြန်လည် ဖြေကြားခဲ့ သည်။
.
ထို့အတူ ဘုရားဖြူရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးခွန်ညွန့်မောင်ကလည်း “စာရေးမနဲ့ မခင်လေးနွယ်တို့ စကား များတယ်ဆိုတာတော့ ဟုတ်ပါတယ်။ သူတို့ ၂ ယောက်က ပြဿနာတော့ ရှိတာပေါ့။ ထောက်ခံစာကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက လုပ်ပေးလိုက် ပါပြီ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန် တော့်အနေနဲ့ ထင်မြင်ချက် မပေးလို ပါဘူး”ဟု ပြောဆိုခဲ့သည်။
.
ဒေါ်ခင်လေးနွယ် ပေးပို့သည့် တိုင် ကြားစာတွင် မိမိ အကျိုးစီးပွားသာ ကြည့်ပြီး အများနှင့် သက်ဆိုင်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ကိုယ်ပိုင်ရုံးသဖွယ် မိသားစုလိုက် နေ ထိုင်ပြီး ရပ်ကွက်သူ/ရပ်ကွက်သား များ အပေါ် မလိုတစ်မျိုး၊ လိုတစ်မျိုး ရိုင်းပြစွာ ဆက်ဆံနေသည့် ဘုရားဖြူ ရပ်ကွက် စာရေးဝန်ထမ်းအား အရေး ယူပေးရန် တင်ပြတိုင်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
.
အလားတူ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁၁) အတွင်း နေထိုင်သူများမှ လျှပ်စစ်မီတာဘောက် လျှောက်ထား ရန်အတွက် လိုအပ်သည့်‌ ထောက်ခံ စာ လာရောက်ထုတ်ယူရာတွင် ၎င်း တို့အား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စာရေးဝန်ထမ်းမှ ရင့်သီးကြမ်းတမ်း စွာ ပြောဆို ဆက်ဆံခဲ့ကြောင်းနှင့် ထို သို့ ဆက်ဆံခံရသူများ အနေဖြင့် ရပ် ကွက် အုပ်ချုပ်ရေးမှူးထံသို့ အရေး ယူပေးရန် တင်ပြတိုင်ကြားခဲ့သော် လည်း တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိ ကြောင်း သိရသည်။

Journal Download

Photo of three cats