ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၀၀ ကျော်က ရေဝပ်ရေလျှံမှုနဲ့ မြေပြိုဘေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၀၀ ကျော်က ရေဝပ်ရေလျှံမှုနဲ့ မြေပြိုဘေး


မင်းမင်း
.
ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု အ နက် ဧရိယာအားဖြင့် အကျယ်ဆုံးသော ပြည်နယ်တစ်ခုဖြစ်ပြီး ၎င်း၏ နယ်နိမိတ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ နယ်နိမိတ်၏ လေးပုံတစ်ပုံ နီးပါး ရှိသည့်အပြင် နိုင်ငံ၏ ကုန်းမြင့်ပိုင်းဒေသတွင် တည်ရှိသည့် ပြည်နယ်တစ်ခု ဖြစ်သည်။
.
ထို့အပြင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးသည် ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေတွင် တည်ရှိပြီး မြို့ နယ်အတွင်း မြို့ ၄ မြို့၊ ရပ်ကွက် ၅၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၃၇၁ ရွာဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။
.
ထိုသို့ ပင်လယ်ရေ မျက်နှာပြင် အထက် ပေပေါင်း ၄၇၀၀ ကျော်တွင် တည်ရှိသည့် တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက် ၂၂ ခု ရှိသည့်အနက် မြို့လယ်ရှိ မြို့မရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ ပြည်တော်သာ ရပ်ကွက်တို့အပြင် အနိမ့်ပိုင်း ရှိ ညောင်ဖြူစခန်း ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ချမ်းမြသာစည် ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ရတနာသီရိရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိပြီး နှစ်စဉ် မိုးရာသီတွင် ဒေသခံများ အနေဖြင့် ရေကြီး ရေလျှံ ဘေးဒုက္ခ များကို ရင်ဆိုင် ကြုံတွေ့နေရသည့်အပြင် မြို့နယ် အတွင်းရှိ အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့တွင်လည်း အလားတူ ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း သိရသည်။
.
“ကျွန်တော်တို့ နယ်မြေထဲမှာ ရှိတဲ့ ရေဝပ် ဧရိယာက အရင် တုန်းက အခုထက် ကျယ်တဲ့အပြင် ရေထွက်ဖို့ ဂယ်ပေါက်လည်း ရှိတယ်။ အဲဒီတုန်းကတော့ အခုလို ရေကြီးရေလျှံတာတွေ လမ်းပေါ်မှာ ၁၂ ရာသီ ရေဝပ်လို့ဗွက်ထနေတာတွေ မဖြစ်ခဲ့ဘူး။ အရင်အုပ်ချုပ်ရေးမှူးကနေ လက်မှတ်ထိုးပြီး သူ့သဘောနဲ့သူ ရောင်းစားလိုက်တော့ ဝယ်တဲ့သူကလည်း မြေဖို့ပြီး မြေညှိလိုက် တယ်။ ဒီတော့ ရေဝပ်ဧရိယာက ကျဉ်းလာတဲ့အပြင် မိုးရေတွေ ချောင်းရေတွေနဲ့ ပါလာတဲ့ အမှိုက်သရိုက်တွေကလည်း ဂယ် ပေါက်မှာ သွားပိတ်တော့ ရေထွက်ပေါက် မရှိသလိုဖြစ်ပြီး ယုဇန လမ်းသွယ်ပေါ်အထိ ရေတွေက တစ်နှစ်ထက်တစ်နှစ် ပိုဝပ်လာ တယ်။ ရေက အကုန် ပြန်မကျဘဲ လမ်းကနုန်းတွေ ဗွက်တွေနဲ့ ၁၂ လရာသီ သွားလာလို့မရတဲ့ အခြေနေမျိုး ၄/၅ နှစ်လောက် ဆက်တိုက်ဖြစ်ခဲ့တာပါ။ နောက်ပိုင်း ပြည်နယ်အစိုးရ အဖွဲ့ ကိုယ်တိုင် လာဆင်းကြည့်မှ လမ်းပေါ်ရေမဝပ်ဘဲ သွားလို့ လာလို့ ရတာ။ ဒါတောင် မိုးတွင်း မိုးကောင်းရင် အိမ်ထဲအထိ ရေလျှံ လာတယ်”ဟု တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၃)၊ ယုဇန လမ်းသွယ် အတွင်း နေထိုင်သူ ဦးသိန်းထွန်းကဆိုသည်။
.
အဆိုပါ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၃)၊ယုဇနလမ်းသွယ် အ တွင်း ရေဝပ်ရေလျှံဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကွင်းစစ်ဆေးကြည့်ရှုပြီးနောက် ၎င်း ရေဝပ် ဧရိ ယာရှိ ရေဆိုးရေညစ်များကို ရေစုပ်မော်တာဖြင့် ရွှေတောင်ရပ် ကွက်ရှိ ရေမြောင်းအတွင်းသို့ စုပ်ထုပ်ပေးခဲ့ပြီး ရေဝပ်ဧရိယာ အတွင်း ရေထွက်ပေါက်အသစ် တူးဖော်ပေးခြင်း မရှိသဖြင့် မိုး သည်းထန်စွာ ရွာသွန်းချိန်၌ ရေဝပ်ရေလျှံမှုများ ဖြစ်ပေါ်နေရဆဲ ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.


.
ထို့အတူ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ (၂) ရှိ ရေဝပ် ဧရိ ယာ အတွင်း နေထိုင်သူ မသင်းသင်းထွေးကလည်း "ကျွန်မတို့ ၂၀၁၆ ကနေ ၂၀၁၉ အထိ ၄ နှစ်ဆက်တိုက် မိုးတွင်းရောက်ပီဆို တစ်ခြား ရပ်ကွက်မှာသွားပြီး အိမ်ငှား နေရတယ်။ ဒီတစ်နှစ်မိုး တွင်းတော့ ဘယ်လို လာမလဲ မပြောတတ်သေးဘူး။ ဒီနေရာမှာ ရေဝပ်လာတာက ဆယ်နှစ် ကျော်ပြီ။ နောက်ပြီး ကျွန်မတို့နေ တဲ့နေရာက ချိုင့်ဝှမ်းလို ဖြစ်နေတော့ ၂ ထပ်အိမ်တစ်လုံး မြုပ်တဲ့ အထိ ရေဝပ်ဖူးတယ်။ နဂါးပွက်ကျောင်းမှာ ရေဘေးဒုက္ခသည် စခန်း ဖွင့်ပြီး နေခဲ့ရတာ ကြုံဖူးတယ်။ အခုနောက်ပိုင်း စည်ပင် ကနေ ရေစုပ်စက်ထားပြီး ရေဝပ် ဧရိယာထဲကရေတွေကို မြစ ကြာဘုရားကုန်း အနောက်ဘက်ကို ပိုက်တွေသွယ်ပြီး စုပ်ထုတ် ပေးနေလို့ အရင်လို ဆိုးဆိုးရွားရွား မဝပ်တော့ပေမဲ့ ဝပ်နေတုန်း ပဲ။ ဒီမှာနေလာတာ နှစ် ၃၀ ကျော်ပြီ။ အပေါ်ထပ် တစ်ထပ်ပဲ လူ နေ လို့ရတယ်။ အောက်ထပ်မှာ မီးဖိုခန်းတောင် လုပ်လို့ မရဘူး။ ရေက တက်လိုက်ကျလိုက် ဖြစ်နေတုန်းပဲ”ဟု ပြောသည်။
.

ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ (၂) အတွင်းရှိ ချိုင့်ဝှမ်းမှာ အနောက်မြို့ပတ်လမ်း ရေနုတ်မြောင်းမှ ဆင်းလာသည့် ရေဆိုး ရေညစ်များ၊ အမှိုက်များနှင့် အနီးဝန်းကျင်မှ ရေဆိုးရေညစ်နှင့် အမှိုက်များကြောင့် ရေထွက်ပေါက် ပိတ်ဆို့ကာ ရေဝပ်ဧရိယာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ယင်းရေထွက်ပေါက်အား ပြန် လည် တူးဖော်ခဲ့သော်လည်း အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်း အောက်တွင် ဂလိုင်ပေါက် ဖြစ်ပေါ်လာသဖြင့် ရေထွက် ပေါက်အား ပြန်လည် ပိတ်ဆို့ထားခဲ့ရကြောင်း သိရသည်။
.
“ကျွန်တော်တို့ အိမ် စ ဝယ်တဲ့ အချိန်မှာ ဒီနေရာက ရေဝပ် ဧရိယာကြီးပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ရေထွက် ပေါက်ကို ပိတ်တော့ အိမ်အောက်ထပ် တစ်ခုလုံး နှစ်စဉ်လိုလို ရေမြုပ်နေတော့ အဝီစိတွင်း တူးစက်နဲ့ ရေထွက်ပေါက် ပြန်ဖော် ပေးရတယ်။ အဲဒီလို လုပ်လည်း ရေက ဝပ်နေတုန်းပဲ။ အနောက် မြို့ပတ်လမ်းနဲ့ ဒီအနီးဝန်းကျင်က ဆင်းလာတဲ့ အမှိုက်တွေက ဒီထဲမှာ လာစုသလို ဖြစ်နေတယ်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် သူတွေလည်း ရှိနေတော့ ရေနဲ့အတူ အမှိုက်တွေ ပါလာပြီး ရေ ထွက်ပေါက် ပိတ်တာပါ။ မိုးတွင်း မိုးကြီးလို့ ရေတက်လာပြီ ဆိုရင် မိသားစုတွေ အသိအိမ်မှာ သွားနေရတယ်”ဟု ရွှေတောင်ရပ် ကွက်ရှိ ရေဝပ်ဧရိယာအတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်နှင့် ကံသာ ရပ်ကွက်တို့တွင် ယခုနှစ်သြဂုတ်လ လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သ ဖြင့် ရေဝပ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် အပြင် မိုးရေတိုက်စားမှု ကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ထို့အပြင် အေးသာယာမြို့နှင့် ရွှေညောင်မြို့တို့တွင်လည်း ရေနုတ်မြောင်းများတွင် အမှိုက်များဖြင့် ပိတ်ဆို့ကာ မိုးသည်း ထန်စွာ ရွာသွန်းလျှင် ရေဝပ်၊ရေလျှံခြင်များဖြစ်ပေါ်ကာလယ်ယာ မြေစိုက်ခင်းများ ပျက်ဆီး ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.
ထိုသို့ ရေဝပ်ရေလျှံမှုများ ဖြစ်ပွားရခြင်းမှာ တောင်ကြီးမြို့ ပေါ်ရှိ လမ်းများ အဆင့်မြှင့်တင်ရာတွင် လမ်းဘေးလူနေအိမ်များ ထက် လမ်းမှာ ပိုမိုမြင့်နေသဖြင့် နေအိမ်များအတွင်း ရေဝင် ရောက်ခြင်းဖြစ်သည်ဟု ဒေသခံ အချို့မှလည်း သုံးသပ်ပြောဆို ထားသည်။
.
လက်ရှိတွင် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပါ အဝင် လမ်းပိုင်းအချို့အား လမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေနုတ် မြောင်း ချဲ့ထွင်ခြင်း လုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာ ရန် ပုံငွေဖြင့် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နှင့် ဩဂုတ်လ ၃ ရက်တို့က တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် ရေကြီးရေလျှံမှု နှင့်အတူ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ လုံး လုံးဝ ပျက်စီးခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်နေအိမ် ၂ လုံး ရှိကာ အမျိုးသား တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
.
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ၂၀၂၀ ပြည့် နှစ်၊ ဇွန်လအတွင်းက ကျောက်မဲမြို့တွင် လူနေအိမ် ၂ လုံး၊ ဇူ လိုင်လ အတွင်းက လားရှိုးမြို့တွင် လူနေအိမ် ၁ လုံး၊ လောက် ကိုင်မြို့နယ်နှင့် လောက်ကိုင်မြို့နယ်၊ မန်လော် ကျေးရွာ၊ တာဖျင် ကျိုင်းကျေးရွာတို့တွင် လူနေအိမ် ၅ လုံး၊ နမ့်ဆန်မြို့နယ်၊ နမ့် လန်းကျေးရွာ အုပ်စု၊ မန်ဝိုင်းအောက် ကျေးရွာတွင် လူနေအိမ် ၁ လုံး၊ မူဆယ်မြို့တွင် လူနေအိမ် ၁ လုံးတို့ မြေပြိုမှုကြောင့် ပျက် စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats