မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၌ ​ပြည်သူများက ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၌ ​ပြည်သူများက ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်း

မျိုးညွန့်​ရွှေ
.
လင်းခေးခရိုင်၊ မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်၊ အုပ်စု (၉) အုဋ်ဖိုဘုန်းတော်ကြီး ကျောင်းလမ်းအား ရပ်ကွက်နေပြည်သူများက စုပေါင်း၍ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်း ခင်း​နေလျက် ရှိကြောင်း သိရသည်။
.

"လမ်းကို ရပ်ကွက်နေပြည်သူ​တွေ ၊ အလှူရှင်​တွေရဲ့ စုပေါင်း လှူဒါန်းမှုအားနဲ့ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။" ဟု လွိုင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ကျော်နိုင်က ပြောသည်။
.
အဆိုပါ ကွန်ကရစ်လမ်းမှာ အလျား ပေ ၇၀၀ ၊အကျယ် ၁၂ ပေ နှင့် ထု ၆ လက်မ ရှိမည် ဖြစ်ပြီး လက်ရှိတွင် ပေ ၅၀၀ ခန့်ထိ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats