လွိုင်လင်မြို့အဝင် တိုးလ်ဂိတ်အနီး၌ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သြဂုတ်လ ၃၀ ရက်၊ နံနက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်း အဖွဲ့သည် လွိုင်လင်မြို့အဝင် တိုးလ်ဂိတ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်နေ ကျော်ဆန်းဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တိုးလ်ဂိတ်အနီး ရေမြောင်းအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ယင်းနောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာဘေးလွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၅ ပြား (ကာလတန်ဖိုးငွေ ၁၇၄၅၀၀၀ ကျပ်)၊ (၉၉၉)တံဆိပ်ပါဘိန်းဖြူဟုယူဆရသော အဖြူရောင် ပုံဆောင်ခဲ/အမှုန့် အလေးချိန် ဝ ဒသမ ၃၃၅ ကီလိုဂရမ်ခန့်၊ (ကာလတန်ဖိုးငွေ ၈၃၇၅၀၀၀ ကျပ်)၊ စုစုပေါင်းတန်ဖိုးငွေ ၁၀၁၂၀၀၀၀ ကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် ကျော်ဆန်းဦးအား လွိုင်လင်မြို့မ ရဲစခန်း၌ မယ(ပ)၁၃/၂၀၂၀၊ မူး/စိတ်ပုဒ်မ၊ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူ၍ ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
.

Home
မှုခင်း
ရှမ်းတောင်သတင်းများ
လွိုင်လင်
လွိုင်လင်တိုးလ်ဂိတ် အနီးတွင် ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
လွိုင်လင်တိုးလ်ဂိတ် အနီးတွင် ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Tags
# မှုခင်း
# ရှမ်းတောင်သတင်းများ
# လွိုင်လင်
Share This
About Unknown
လွိုင်လင်
Tags
မှုခင်း,
ရှမ်းတောင်သတင်းများ,
လွိုင်လင်