ကိုဗစ်ကပေးသော သင်ခန်းစာများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကိုဗစ်ကပေးသော သင်ခန်းစာများ


ကျော်လင်းထွန်း (ချောင်းဦး)
.
ကိုဗစ်ကပေးသော သင်ခန်းစာများတွင် အကောင်းအဆိုး ဒွန်တွဲနေသည်ဟု ဆိုနိုင်သော်ငြား အဆိုးကများနေပါ၏။ လူမှု ဘဝအတွက် အကောင်းသင်ခန်းစာများမှာ ရှိပါ၏။ သို့သော် အဆိုးသင်ခန်းစာထက်စာလျှင် လွန်စွာနည်းပါ၏။ ဥပမာ ကျန်း မာရေး သတိရှိလာခြင်း၊ နေအိမ်တွင် ပျော်မွေ့နေတတ်လာခြင်း၊ အချိန်နှင့် အခွင့်ကောင်းရယူတတ်သူများ စာဖတ်ခြင်းနှင့် Online data များ အသုံးချခြင်းဖြင့် အသိပညာ တိုးလာကြခြင်းမျှသာ ဖြစ်ပါလိမ့်မည်။ အဆိုးသင်ခန်းစာများမှာ ပြောမဆုံးနိုင်အောင် ပင် ရှိတော့သည်။ ဥပမာ အနည်းငယ် အနေဖြင့် အလုပ်လုပ်ခွင့် များ ပိတ်ပင်ခံရသဖြင့် လူငယ်နှင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများ နစ်နာကြရခြင်း၊ သွားလာမှု လူစုလူဝေးများ ကန့်သတ်ခံရခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် စီးပွား ရေးလုပ်ငန်းများ ယာယီအားဖြင့် ရပ်ဆိုင်းသွားရခြင်း စသည် စသည်ဖြင့် ဆိုးကျိုးပေါင်းများစွာ လူထုကြားမှာ ကြုံတွေ့ရရှာ ခြင်းတို့ ဖြစ်သည်။
.
သင်ခန်းစာကောင်း တစ်ခု
ပညာရေးလုပ်ငန်း (ပြင်ပကျူရှင်၊ ဘော်ဒါ ဖွင့်လှစ်ခြင်း၊ လိုက်လံ သင်ကြားခြင်း လုပ်ငန်း) ဆိုသည်မှာ တိမ်ကောစရာ အကြောင်းမရှိဟု လူတိုင်းမှတ်ယူကြသည်။ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ရှိနေသရွေ့ မိမိကလည်းစာအ သင်အပြ ကောင်းမည်ဆိုလျှင် ပညာသင်ကြားရေး ဝန်ဆောင်မှု လုပ်ငန်းဆိုသည်မှာ နွေမိုးဆောင်း ရာသီမရွေး လူမှုဝန်းကျင် ကြားတွင် မရှိမဖြစ်လုပ်ကိုင်နေရမည်။ စဉ်ဆက်မပြတ် လုပ်ငန်း ဟု ဆုံးဖြတ်သတ်မှတ်ကြသည်။ သို့သော်ငြားလည်း ၂၀၁၉ ကို ဗစ်ကြီး၏ ပူးတွဲပါ ဆိုးကျိုးအနေဖြင့် ပညာရေးလုပ်ငန်းများ ရပ် ဆိုင်းခဲ့ရသည်။ ၂၀၂၀ မေလဆန်း ဆိုသည်မှာ ခါတိုင်းနှစ်များ ကဲ့သို့ ပုံမှန်အတိုင်းသာဆိုလျှင် ပညာရေးလုပ်ငန်းများ (ကိုယ် ပိုင်ဘာသာရပ်သင် ကျူရှင်များ၊ ဘော်ဒါများ၊ ကိုယ်ပိုင်ကျောင်း များ)ငွေရွှင် လူရွှင်ချိန် ဖြစ်သော်လည်း ယခုတော့ဖြင့် သြဂုတ်လ ဆန်းသာ ရောက်သော်ငြား ဝင်ငွေဆိုသည်မှာ ဝေဝါးဝါးနှင့် လုပ် ငန်း လုပ်ကိုင်နေရသည်မှာလည်း ပျောက်သောလမ်းမှာ စမ်းတ ဝါးဝါး ဖြစ်နေသည်။ လုပ်ငန်းလုပ်ကိုင်၍ ရသည့်ငွေထက် လုပ် ငန်းလုပ်ကိုင်ခွင့် ရရေးအတွက် ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ် ရေး အတွက် ပြင်ဆင်ရသည်။ ကုန်ကျငွေကို အရင်းစိုက်ထုတ် ကြရ၍ လုပ်ငန်းရှင်များ ညည်းညူကြသည်။ နောက်ဆုံးတော့ လည်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ၍ လည်ပတ်မှုလေးရှိပြီး ဝင်ငွေ ထွက်ငွေ မျှတနေလျှင်ပင် တော်ပါရဲ့ဆိုကာ ကျေနပ်နှစ်သိမ့် နေကြရတော့သည်။
.


.
မှောင်ခို ပညာရေး
မျှော်လင့်မထား၊ ထင်မှတ်မထားသော ဟိုယခင်က သိုသို သိပ်သိပ် လုပ်ခဲ့သော မသိတစ်မျိုး၊ သိတစ်မျိုး၊ သိသာသိစေ မမြင် စေနဲ့ ဆိုသော မှောင်ခိုပညာရေး လုပ်ငန်းကြီးမှာ ကျယ်ပြန့်လာ တော့သည်။ ကိုဗစ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်မည်ယူဆရ သော ဇူလိုင် ၂၁ ရက်တွင် အခြေခံပညာ အထက်တန်းအဆင့် Gard-10 (သင်ရိုးသစ်)နှင့် Gard-11 (သင်ရိုးဟောင်း) များကို စတင်သင်ကြား စေတော့မည်ဆိုသောအခါ ဇူလိုင်လဆန်းသည် နှင့် ဘာသာရပ်သင် ကျူရှင်များ၊ ဘော်ဒါဆောင်များ၊ ကိုယ်ပိုင် ကျောင်းများမူ လှုပ်ခါ လှုပ်စိနှင့် ဇာတ်လမ်းစတော့သည်။ အချို့ မှာလည်း ကိုဗစ်မှ အားမနာ မေလဆန်းကတည်းကပင် စာသင် ကြား၊ အိပ်ဆောင်ထား စနေကြသည်လည်း ရှိနေသည်။ နိုင်ငံ တော်ကသာ ၅ ယောက်ထက် ပိုမစုရ ဆိုသော်ငြား ကလေး တွေရဲ့ အနာဂတ်ကို အကြောင်းပြ၊ မိမိဝင်ငွေရရေး လောဘကို ရှေ့တန်းတင်သော မှောင်ခိုပညာရေး လုပ်ကြသူများနှင့် ကိုဗစ် ဆိုတာ ပျင်းတောင်ပျင်းသေးတယ် ဆိုသော မိဘအုပ်ထိန်းသူ များ လက်တွဲညီခဲ့ကြသဖြင့် ၅ ဦးမက၊ ၆ ပေမကွာ၊ အမိန့်ကြေ ညာချက် ဆိုသည်မှာ နိုင်ငံတော်အလုပ်ဟု သတ်မှတ်သွားကြ ပြီး ကျောင်းသားလူငယ်များကို ရှေ့ဆောင်လမ်းပြသွားကြသည်။
.

ဤသို့သော အခြေအနေကို ကိုယ်ပိုင်ကျောင်းများက အောင့်သက်သက် ဖြစ်လာကြသည်။ ကိုယ်ပိုင်ကျောင်းများသည် အစိုးရထံ တရားဝင်မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး ပေးဆောင် ကြရပြီး ကျောင်းဖွင့်လှစ်ခွင့် ရရှိရေးအတွက် ကိုဗစ် ၁၉ အဖွဲ့၏ စစ်ဆေးမှုကို ခံယူရဖို့အရေး ငွေကုန်ကြေးကျခံ ပြင်ဆင်ခဲ့ရ သည်။ ဤအချိန်တွင် မိဘအုပ်ထိန်းသူများက ညအိပ်ဘော်ဒါ မရှိသော၊ မထားရဲသေးသော ကိုယ်ပိုင်ကျောင်းများထက် ည အိပ်ဘော်ဒါ ထားနေသော ဘာသာရပ်သင် ဘော်ဒါဆောင်ကို ပို့ကြသည်။ ကိုယ်ပိုင်ကျောင်းများမှာ အစစ်ဆေးခံနေစဉ် ည အိပ်ကလေး မထားရဲကြပါ။ ဘော်ဒါထားရှိ ဖွင့်လှစ်ပါကကျောင်း ပိတ်ရမည်ဆိုသော အမိန့်ကြေညာချက်ကို ကြောက်နေကြရ သည်။ ဤအချိန်တွင် နိုင်ငံတော်ကို မှတ်ပုံတင်ကြေး အနည်း ငယ်သာသွင်းရပြီး၊ အစစ်ဆေး မခံကြရသော ဘာသာရပ်သင် ဘော်ဒါများသို့ ကလေးများ ရောက်သွားသောအခါ ကိုယ်ပိုင် ကျောင်းများ ရင်နာကြရသည်။ မေလလယ် ဝန်းကျင်ကပင် မှောင်ခိုပညာရေး ထဲထဲဝင်ဝင် စမ်းသပ်ထားသော ကိုယ်ပိုင် ကျောင်းအချို့မှာ သိပ်မခံစားကြရ။ တရားဥပဒေကို တိကျစွာ လိုက်နာသော တရားဝင် ကိုယ်ပိုင်ကျောင်းများမှာ တရားခံမဖြစ် စေရေးအတွက် ညွှန်ကြားချက်၊ အမိန့်ကြေညာချက်များကို လိုက်နာနေချိန် မှောင်ခို ပညာရေးမှာ ဟိုတစ်ဘက်၌မူ အောင် ပွဲခံကြ၊ ရှင်သန်ရပ်တည်နေကြသည်မှာ ကိုဗစ်သင်ခန်းစာ လှ လှပပများပင် ဖြစ်နေသည်။
.
မျက်စိမှိတ်လိုက်ရသော မြေပြင်အနေအထား
ကိုဗစ် ၁၉ ရောဂါမကူးစက်၊ မပြန့်ပွားလေရအောင် အခြေခံ စားသောက်ဆိုင် (လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါး ဆိုင်)များ ဖွင့်လှစ်လိုပါက စားပွဲခုံအလယ်တွင် ပလတ်စတစ် ကန့်လန့်ကာ(Partition) များထားရမည်။ စားပွဲခုံ တစ်ခုနှင့်တစ် ခု အကွာအဝေးသတ်မှတ်ချက် ကိုက်ညီမှု ရှိရမည်။ ဆိုင်အဝင် ဝတွင် လက်ဆေးခုံ ထားရမည်။ စားသုံးသူများ၊ စားသောက် အားပေးသူများ Mask တပ်ရမည်၊ စသည် စသည်များညွှန်ကြား ထားပြီး ထွေအုပ်၊ ကျန်းမာရေး၊ စည်ပင်၊ စားသောက်ကုန်စ သော အဖွဲ့စုံစစ်ဆေးကြပြီး ဆိုင်ဖွင့်ခွင့်များ ပြုခဲ့သည်။
.
စားသုံးသူကို ရောဂါမကြောက်ရ ကောင်းလားဟု အပြစ် တင်ရမည်လား။ ဆိုင်ရှင်ကိုပင် လောဘကြီး၍ ကိုယ်ရောင်းရပြီး ရောဆိုပြီး စည်းကမ်းမရှိခြင်းကို အပြစ်တင်ရမည်လား။ စဉ်းစား ရန်လိုလာသည်။ အဖွဲ့စုံ စစ်ဆေးစဉ် ဟန်ပြ For Show ဖြစ် သော အကာအကွယ်များမှာ partition များမှာ နောက် ၂ ရက်  ခန့်အကြာ စားပွဲခုံတိုင်းတွင် မထားဘဲ စားပွဲတစ်ခုတည်းပေါ်မှာ ထပ်လျက် ကပ်လျက် ကျန်စားပွဲများ ပေါ်တွင် ဘာ partition မရှိတော့၍၊ mask တပ်စရာ မလိုတော့၍ လွတ်လွတ်လပ်လပ် ဖြစ်နေသည်။ စစ်သည့် အဖွဲ့ရော၊ စစ်ဆေးခံ ဆိုင်ရှင်ရောမှာ ယာယီတာဝန်ကျေ။ စားသုံးသူတွေကလည်း ရေလိုက်ငါးလိုက် ဝတ္တရားကျေ။ ရရှိလိုက်သည့် သင်ခန်းစာမှာ ခေါက်ရိုးကျိုးနေ သော အပေါ်ယံဟန်ပြ နိုင်ငံသူနိုင်ငံသားတွေ ဟုသာ ဆိုရမည်။
.
ကျောင်းတွေစဖွင့်ပြန်တော့ လမ်းပေါ်မှာ ကျောင်းလာစဉ် ပူးကပ်၊ Mask မတပ်သော ကလေးများက ကျောင်းနားနီးမှ Mask တပ်၊ Faceshield တပ်။ နဖူးမှာ အပူတိုင်းရသည်ကိုပင် သေနတ်နှင့် ဆော့ကစားရသကဲ့သို့ ဟာသလုပ် ဖြစ်ကတတ် ဆန်း လုပ်ရပ်များ။ ကျောင်းတက်ကြပြန်တော့ ၅ ရက်တက် ၉ ရက်နား တစ်ပတ်ခြား။ စာတတ်မြောက်မှုထက် ပညာသင်ကြား ခွင့် မဆုံးရှုံးရလေအောင် ဆောင်ကြဉ်းပေးသော ကိုဗစ်ကြီးကို ပင် ကျေးဇူးတင်ရမည်လား။ မျက်စိမှိတ်ပြီး နားလည်ပေးသူများ ကို လေးစားရမည်လား။ ကိုဗစ်ကြီးကပေးသော သင်ခန်းစာများ။
.
Internet များ Online များနှင့် စာအုပ်များ
ယခင်က အိမ်တွင် အနားယူချိန် နည်းကြသူများမှာ ကိုဗစ် ကျေးဇူးကြောင့် အိမ်တွင်နေချိန်၊ နားချိန်ကြာကြာရရှိကြသည်။ မိသားစုနှင့် နွေးနွေးထွေးထွေး အနားယူချိန် ရကြသည်ဟု အ ပေါ်ယံမှန်သော်ငြား ညွှန်ကြားချက်များကြောင့် ဝင်ငွေနည်းပါး ချိန် ဖြစ်နေကြ၍ ချွေတာပြီးရှိနေသည်ကို ကြာရှည်ခံအောင် သုံး နေကြရသည်။ အပြင်ထွက်ချိန် နည်းသွား၍ အိမ်တွင်းအောင်းချိန် များလာကြသဖြင့် စာဖတ်ချိန်များပြီး ဗဟုသုတ များကြရမည် ဖြစ်သည်။ သို့သော် ခေတ်ကာလ၏ နည်းပညာနှင့် globalization ၏ နောက်ဆက်တွဲ အနေဖြင့် လူအများစုမှာ ဖုန်းများ၊ အင်တာ နက်များနှင့်သာ အချိန်ကုန်ကြရသည်။ စားသောက်စရိတ်ကို ချွေတာ၊ phone bill ကိုဦးစားပေးတတ်လာသော ကိုဗစ်သင် ခန်းစာကို ရသူက ရ ကြသည်။
.
ကိုယ်ပိုင်ကျောင်း အများစု၏ ကျောင်းသားကျောင်းသူ စု ဆောင်းရေးနှင့် မိဘအုပ်ထိန်းသူများ ကျေနပ်မှု ရရှိစေရေး နည်း ဗျူဟာအရ online teaching ပေါ်ပေါက်လာသည်။ အခြေခံ ပညာကလေးများမှာ phone handest များ လိုအပ်သည်ဆို၍ မိဘအုပ်ထိန်းသူများ ဝယ်ပေးကြရသည်။ online teaching သည် ကလေးတွေအတွက် ထိရောက်ပါ့မလားကို တွေးတော ရင်း ကိုဗစ်ရဲ့သင်ခန်းစာများရေးရန် မကုန်နိုင် မခန်းနိုင်ကြောင်း သင်ခန်းစာရမိတော့သည်။

Journal Download

Photo of three cats