ခေါင်းလောင်းထိုးသံ ကြားရပြန်လည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, August 8, 2020

ခေါင်းလောင်းထိုးသံ ကြားရပြန်လည်း

ကျော်လင်းထွန်း (ချောင်းဦး)
.
အရင်တစ်ပတ်က ခေါင်းလောင်းထိုးသံလေး ကြားရဖို့ အ ရေး (ကျောင်းဖွင့်ရဖို့ အရေး) ကျောင်းအုပ်ကြီးများ၊ ကျောင်းဆ ရာ၊ ဆရာမများ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဝင်များ အလွန်ပင်ပန်းစွာ စီမံရ၊ ပြင်ဆင်ရ၊ စစ်ဆေးရသည်ကို ရေးသားခဲ့ပါသည်။ ယခုတော့ဖြင့် ကျောင်းတွေလည်း ဖွင့်လို့ရ သည့် ကျောင်းကများပါသည်။ (A) အဆင့်နှင့် မကိုက်ညီ၍ ဖွင့် ခွင့်မရသည့် ကျောင်းမှာ အင်မတန် နည်းပါသည်။ (A) အဆင့် မရ၍ အခက်အခဲ ဖြစ်နေသော ကျောင်း (အထူးသဖြင့် နယ် ကျောင်း) ကိုလိုအပ်ပစ္စည်းများ ဝိုင်းဝန်းစုဆောင်းပေး၊ ဝိုင်းဝန်း ပြင်ဆင်ပေးကြသဖြင့် ကျောင်းဖွင့်ချိန် ၅ ရက်တစ်ပတ်သာ နောက်ကျပြီး စောနိုင်သမျှစောစော ပြန်ဖွင့်ခွင့် ရသွားပါသည်။
.
ဤသို့ဤနယ်ဖြင့် အခြေခံကျောင်းမှ အထက်တန်းများ၊ ဘော်ဒါဆောင် ထားရှိခြင်းမပြုသော ကိုယ်ပိုင်ကျောင်းမှ အ ထက်တန်းများ ဇူလိုင် ၂၁ ရက်တွင် ကျောင်းဖွင့်ကြ၊ ကျောင်း တက်ကြပါသည်။ ကျောင်းဝင်းအတွင်း Social distancing များ၊ Mask များ၊ Face shield များ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများနှင့် ပြေးလွှားဆော့ ကစား ပျော်ပါးခဲ့ကြသော ကျောင်းတော်ကြီး၊ ယခုတော့ဖြင့် အ ထက်တန်း အဆင့်ကိုပင် တိတ်ဆိတ်စွာ သင်ကြားကြရသော COVID-19 ကာလ စာသင်ကျောင်းမှာ ဆိတ်ငြိမ်လွန်းလှသည်။
.
စာသင်ကျောင်း အဝင်တွင် အပူချိန်တိုင်းပေးနေသော ဆ ရာမက အပူချိန်တိုင်း၊ အပူချိန်စာရင်းသွင်းသူက စာရင်းသွင်းနှင့် သင်ကြားရေး ဆရာ ဆရာမတို့ခမျာ ကျန်းမာရေးဝန်ထမ်း တစ် ပိုင်းဖြစ်ကြရသည်။ တစ်ယောက်နှင့် တစ်ယောက် အပြုံးချင်း ဖလှယ်ကြရသော ဆရာနှင့် တပည့်တို့၏ မင်္ဂလာနံနက်ခင်းတွင် မင်္ဂလာပါ ဆရာမ၊ မင်္ဂလာပါဆရာ ဆိုသော စကားနှင့် အပြုံး ချင်း ဖလှယ်ကြပေမယ့် mask နှင့် Faceshield နှင့် ကွယ်နေ သော အပြုံးကို အချင်းချင်းမမြင်ရ၊ နွေးထွေးမှု လျော့လာခြင်း၊ သူစိမ်းဆန်သော အကြည့်များနှင့် ဆက်ဆံကြရခြင်းများကို တွေ့လာရသည်။ ကျောင်းသား ကျောင်းသူများသည် ယခင်နှစ် များကဲ့သို့ ကြည်လင်ရွှင်ပြမှု မရှိကြတော့ပေ။
.
`ကျောင်းသား ကျောင်းသူများ ကိုယ်ပိုင်ရေဘူးကို အိမ်မှ ယူလာကြရန်`
`နေရာတိုင်းမှာ ၆ ပေခွာ`
.
စသောသတိပေး ဗီနိုင်းငယ်များ၊ စာတမ်းများကို တွေ့ရ သောအခါ စာသင်သား ဆယ်ကျော်သက်များအတွက် ကိုယ် ချင်းစာ သနားမိသည်။ ပုံမှန်ဆိုလျှင် အနော်ရထာ၊ ကျန်စစ် သား၊ အလောင်းဘုရား၊ ဗန္ဓုလ အသင်းတွေဖွဲ့။ ရေခပ်သူရေ ခပ်။ ရေအိုးဖုံး၊ ရေခွက်ဆေးသူကဆေးနှင့် ပျော်စရာကောင်း သော wnited team ဆိုသော ညီညွတ်စုဖွဲ့မှု။ အခုတော့ဖြင့် ကလေးတွေ ဟိုပစ္စည်းကိုင်၊ ဒီပစ္စည်းကိုင်နှင့် အန္တရာယ်များ သည် ဆိုသောအခါ တစ်ဦးနှင့်တစ်ဦး ၆ ပေခွာရမည်ဆိုသော အခါ မိန်းကလေးအသင်း ဘုရားပန်းလဲခြင်းမှာ အသက်မဲ့လှ သည်။
.
COVID-19 ကာကွယ်ထိန်းချုပ်မှု ကော်မတီ၏ စေတနာနှင့် ကန့်သတ်ချက်များ ချမှတ်၍ ကျောင်းများဖွင့်လှစ်စေခဲ့သည်။ ကလေးငယ်များသည် ပညာသင်ယူခွင့် ဆုံးရှုံးမည်ကို တွေးဆ ပြီး ကန့်သတ်ထိန်းချုပ်မှုများ၊ လမ်းညွှန်ချက်များနှင့် ကျောင်း များ ဖွင့်လှစ်စေခဲ့သည်။ ကျောင်းပိတ်ချိန် ၄ လကျော်ပြီးကျောင်း တက်ရမည် ဆိုသောအခါ ကျောင်းသားကျောင်းသူ အများစု ပျော်ကြသည်။ .
.
သို့သော်
ကျောင်းတကယ်ဖွင့်သောအခါ အရင်နှစ်များကလို မဟုတ် တော့။ အထက်တန်းအဆင့်ကိုသာလျှင် ကန့်သတ်ချက်၊ ညွှန် ကြားချက်များနှင့် ဖွင့်ရသည်။ ကလေးများ ပြေးလွှား၊ ဆော့က စား၊ ပျော်ပါးခွင့် မရကြတော့သော Social distancing ဆိုတော့ ကျောင်းဆင်း၊ ကျောင်းတက်လျှင်ပင် ရှေ့နောက်ခွာလျှောက် ကြရသည်။ ဆယ်ကျော်သက် ကျောင်းသားများ၏ ကျောင်းဆင်း ကျောင်းတက် လမ်းလျှောက်မြင်ကွင်းများ ရိပ်သာတွင်လှမ်း၊ ကြွ၊ ခွာ၊ လျှောက် သူများပမာ တွေ့နေရသည်။ ခေါင်းလောင်း ထိုးသံလေး ကြားရဖို့အရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်၊ စံသတ်မှတ်ချက်များ ကိုက်ညီပြည့်မီ အောင် ခက်ခဲပင်ပန်းစွာ ပြင်ဆင်ပြီးကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ကြ သည်။ စာသင်ခန်းအတွင်း ကလေးတစ်ဦးနှင့် တစ်ဦး ၆ ပေ ခွာရသည်။ သင်ကြားသော ဆရာ၊ ဆရာမနှင့် သင်ယူကြသော ကျောင်းသား ကျောင်းသူများမှာ mask နှင့် face shield တပ် ဆင်ကြရသည်။ စာသင်ခန်းတွင်း မြင်ကွင်းက သူစိမ်းဆန်သလို ခံစားရပြီး ကလေးများ ပျင်းရိငြီးငွေ့လာရသည်။ ခေါင်းလောင်း ထိုးသံ ကြားရပြန်လည်း ယခင်နှစ်များကလို မဟုတ်တော့ပေ။
.


.
ဘော်ဒါဆောင် ထားရှိသော ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ် ခွင့် လုံးဝ(လုံးဝ) မပြုနိုင်ဆိုသော အမိန့်ကြေညာချက်၏နောက် ဆက်တွဲ ဂယက်ကလည်း အားလုံးအသိပင်။ တဖန် အော်ဒါနှင့် ဆက်နွယ်သော ကိုယ်ပိုင်ကျောင်းများ (ဆိုလိုသည်မှာ ကျောင်း တွင် ဘော်ဒါမထားရှိသော်လည်း ပြင်ပတစ်နေရာတွင် ဘော်ဒါ ဆောင်ငှားရမ်း ကလေးများ ကျောင်းအိပ်ကျောင်းစား ထားရှိ သော ကျောင်းများ) ကိုပါ အရေးယူမည်ဟု ဆိုလာသောအခါ နယ်ဝေးကလေးများ ကျောင်းတက်ရန် ခိုလှုံနေရာ အခက်တွေ့ ကြရသည်။ မိဘများ စိတ်ဆင်းရဲရသည်။ ကိုယ်ပိုင်ကျောင်းများ အပေါ် ကျောင်းသားမိဘများ၏ ယုံကြည်မှု အားနည်းလာသည်။ ခေတ်ကာလအရ ကလေးအများစုမှာ မိဘအိမ်တွင် ဖုန်းနှင့် အ ချိန်ကုန်ကြသည်။ Facebook၊ Viber၊ Game များကိုသာ အာ ရုံစိုက်နေပြီး အိမ်အလုပ် နည်းနည်းကူပြီး စာမဖတ်ကြတော့။ အိမ်မှာ အားသည်နှင့် ဖုန်းနှင့်အချိန်ကုန်သူက များသည်။ ထို့ ကြောင့် မိဘအများစုမှာ ကလေးကို ဘော်ဒါဆောင် ကျောင်း အိပ်ကျောင်းစား ထားချင်ကြသည်။ ထို့ကြောင့် ကိုယ်ပိုင် ကျောင်းများက ပညာလည်းသင်ပေး။ ကျောင်းအိပ်ကျောင်းစား လည်း စီစဉ်ပေးနှင့် အဆင်ပြေကြသည်။
.

အခုတော့ဖြင့်
ခေါင်းလောင်းထိုးသံ ကြားရပြန်လည်း ဘော်ဒါဆောင် မရှိ ကြ၊ မထားကြရတော့သဖြင့် ကျောင်းကြို/ပို့ များစီစဉ်ကြရသည်။ အလုပ်တွေ ရှုတ်ကုန်ကြသည်။ ဘော်ဒါဆောင်နှင့် အသားတကျ နေထိုင်ကျောင်းတက်လေ့ရှိသော ကိုယ်ပိုင်ကျောင်းမှ ကျောင်း သားကျောင်းသူများ၊ မိဘများ ဒုက္ခတွေ့ကြသည်။ နေ့စဉ်ကြို/ ပို့ကြရသည်။ ကျောင်းမှ ferry စီစဉ်ပေးလျှင် မြို့တွင်းကတော့ ကိစ္စမရှိပါ။ နယ်ဝေးကလေးများ ကားခက မသက်သာပေ။ ထို့ ကြောင့် ကျောင်းနှင့် နီးစပ်ရာ ဆွေမျိုးများအိမ်တွင် ခိုကပ်နေရ သည်။ ကျောင်းမှ အတန်းပိုင်ဆရာ ဆရာမများ အိမ်တွင်လည်း COVID-19 team ကခွင့်မပြု။ ထိုအခါ မြို့ပေါ်မှ ကျောင်းသား မိဘများက ဘော်ဒါဆောင်မရှိဘဲ ကိုယ့်အိမ်ကို ကလေးပြန်အိပ် ရမည့် အတူတူ ပိုက်ဆံအကုန်ခံပြီး ကိုယ်ပိုင်ကျောင်းမထားချင် တော့ အစိုးရကျောင်းတက်လျှင် ပိုက်ဆံမကုန်။ COVID-19 ကာလ စီးပွားရေးကမောက်ကမဆိုတော့ လောလောဆယ် အ ခြေအနေအရ ကိုယ်ပိုင်ကျောင်းကထွက် အစိုးရကျောင်းတက် ကို ရွေးချယ်လိုက်ကြသည်။ အခြေခံပညာ အစိုးရကျောင်းတွင် ကျောင်းသားများ တိုးလာသည်။ ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းဆရာ/ဆရာမများမှာ အခန်းတွေ ပြန်စီစဉ်။ အချိန်ဇ ယားတွေပြန်ဆွဲ။ တိုးလာသော ကျောင်းသားဦးရေနှင့် ဆရာ/ ဆရာမအချိုးအရ တစ်သုတ်တက်၊ ၂ သုတ်တက်နှင့် မရတော့ သဖြင့် တစ်ပတ်ခြားတက်လုပ်ရသည်။ ကျောင်းသားတစ်ဦး သည် တစ်ရက်လျှင် ၄ နာရီ စာသင်ချိန် ၅ ချိန်သာသင်ရမည်။ တစ်ပတ်တက်ပြီးလျှင် တစ်ပတ်ပြန်နား။ အိမ်မှာနေရမည်။ ဒီ တော့ ကျောင်းသားမိဘများ ပြန်စဉ်းစားလာကြသည်။ ကိုယ် ပိုင်ကျောင်းကတော့ တစ်ပတ်လျှင် တနင်္ဂနွေသာနားသည်။ နေ့ တိုင်းအပတ်တိုင်း တစ်ရက် ၄ နာရီ စာသင်ခွင့်ရမည်။ ဒီတော့ အခြေခံပညာအစိုးရကျောင်းမှပြန်ထုတ်၊ ကိုယ်ပိုင်ကျောင်းပြန် အပ်တာတွေ ဖြစ်လာကြပြန်သည်။ ကျောင်းသား၊ ကျောင်းသူ အချို့ဆိုလျှင်အလွန်အင်မတန် သနားစရာကောင်းတော့သည်။ နဂိုကမှ နဝေတိမ်တောင် ကလေးတွေက အူကြောင်ကြောင်တွေ ဖြစ်လာသည်။ ကျောင်းတက်ရတာကို စိတ်ညစ်လာကြသည်။ သြော်ယခုကာလ ကျောင်းဖွင့်ရာသီအစ ကြုံဆုံကြရသော ဒုက္ခ များ။
.
သင်ရိုးညွှန်းတမ်းက ညှိရ ချိန်ရသည်။ သင်ခန်းစာကို စာသင်ခန်းတွင်း သင်ရန်နှင့် အိမ်တွင် လေ့လာရန် ခွဲရသည်။ ကျောင်းဖွင့်ရက် ၅ ရက်နောက်ကျခြင်းနှင့် စာသင်ချိန်တစ်ရက် ၄ နာရီသာ သင်ရခြင်းနှင့် ကာမိအောင် face to face in class က ကျောင်းတက်ချိန်နှင့် အိမ်လေ့လာရန် online teaching ပြင်ဆင်ကြရပြန်သည်။ အိမ်တွင် ကလေးကို online teaching အတွက် ဖုန်းပေးရတော့မည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကလေးက ဖုန်းကိုတလွဲသုံးခဲ့လျှင် စဉ်းစားသာကြည့်ပေတော့ ဟုသာ ဆိုချင်ပါသည်။ သင်ခန်းစာ၊ စာသင်ချိန်နှင့် ကလေးရဲ့ ပတ်ဝန်းကျင်အနေအထား၊ ထိန်းကျောင်းပေးနိုင်မည်။ အုပ် ထိန်းမှုသဟဇာတမှ ဖြစ်ပါမည်လား စဉ်းစားလာမိသည်။
.
ကျောင်း မဖွင့်လျှင် ပညာသင်ယူခွင့် ဆုံးရှုံးမည်ကိုတွေး၍ ကျောင်းဖွင့်လိုက်ရသည်။ ကြုံဆုံလာသည့် အခက်အခဲများနှင့် ကျောင်းသားကျောင်းသူများ၏ သင်ယူတတ်မြောက်မှုက တန် ရောတန်ရဲ့လားစဉ်းစာမိသည်။ စာသင်ခန်းအနေအထားအရ မူလတန်း၊ အလယ်တန်းဖွင့်ဖို့က မလွယ်။ COVID-19 ကာလ ခေါင်းလောင်းထိုးသံကိုဖြင့် နားဝယ်ပီတိ ဖြစ်လိုက်ချင်စမ်းပါဘိ တော့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About