ခွန်အောင် (နောင်တရား)
.
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တ ရားဒေသမှ စိုက်ပျိုးထွက်ရှိသည့် ခ ရမ်းချဉ်သီးများ
ဈေးကောင်းပြန်ရ သဖြင့် ခရမ်းချဉ်စိုက် တောင်သူများ နှင့် ရောင်းဝယ်သူများ အဆင်ပြေ လျက်ရှိကြောင်း
သိရသည်။
.
မြန်မာနိုင်ငံ တစ်ဝှမ်းတွင်
ပြီးခဲ့ သည့် မေလနှင့် ဇွန်လအတွင်းက COVID-19 ရောဂါ ဖြစ်ပွားမှု အခြေ အနေအရ နောင်တရားဒေသတွင်
ခရမ်းချဉ်စိုက် တောင်သူများ ဈေး ကောင်း မရခြင်း၊ ဆုံးရှုံးခြင်းများ ဖြစ် ပေါ်ခဲ့ရပြီးနောက်
ယခု ဩဂုတ်လအ တွင်း ဈေး ပြန်လည် ရရှိလာခြင်းဖြစ် သည်ဟု သိရသည်။
.
“အရင် COVID-19 ကာလမှ
အောင်ပန်း ကုန်စိမ်းပွဲရုံတွေက ခ ရမ်းချဉ်သီး တစ်ပိဿာကို ၁၅၀ ကျပ် နဲ့ပဲ ဝယ်တယ်။ တချို့ပွဲရုံကလုံးဝမ
ဝယ်ကြဘူး။ လှူလိုက်ရတာတွေ လည်း ရှိတယ်။ သွန်ရတာလည်း ရှိ တယ်။ ကျွန်တော်တို့ အရောင်းအဝယ်
လုပ်တဲ့ သူတွေလည်း ရှုံးတယ်။ စိုက် တဲ့သူလည်း ရှုံးတယ်။ အခုဩဂုတ် လ ပထမပတ်မှာတော့ ဈေး
ပြန်ရလာ တယ်။ အခုလို ခရမ်းချဉ်သီး ဈေးပြန် ကောင်းလာတော့ အရင်က ရှုံးခဲ့တာ တွေ ပြန်ရတာပေါ့။
ဈေးကောင်းရ ဖို့ မျှော်လင့်ပါတယ်”ဟု နောင်တရား ဒေသရှိ ခရမ်းချဉ်သီးဝယ်ယူ ရောင်း ချသူ
ဦးတဘဲက ပြောသည်။
.
.
လက်ရှိ အောင်ပန်းပွဲရုံတွင်
ခ ရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဈေးအထိ ရရှိနေပြီး တောင်သူ များထံမှ ၈၉၀-၉၀၀ ကျပ်နှုန်းဖြင့်
ဝယ်ယူရခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
“ခရမ်းချဉ်သီး ဈေးပြန်ကောင်း
တော့ ကျွန်တော်တို့ စိုက်တဲ့လူတွေ လည်း အဆင်ပြေတယ် ကျွန်တော့် ခြံဆို ၂ ခါ ခူးပြီးပြီ။
ပိုက်ဆံက ၃ သိန်း ကျော်ရနေပြီ။ ဒီလိုဈေးလေးဆိုရင် တော့ ခရမ်းချဉ်သီးစိုက်ရတာ ပျော်
ပါတယ်”ဟု နောင်တရားမြို့မှ ခရမ်း ချဉ် စိုက်တောင်သူ ဦးလှဲင်းက ပြော သည်။
.
ခရမ်းချဉ်သီးသည် ကုန်စိမ်းဖြစ်
သောကြောင့် ဈေးအတက်အကျမြန် နိုင်ပြီး စိုက်ပျိုးရေးကိုလည်း နည်း စနစ် မှန်ကန်စွာ စိုက်ပျိုးမှသာ
အ ကျိုးအမြတ် များနိုင်ကြောင်း ၎င်းထံ က သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း
ဒေသ အတွင်း ခရမ်းချဉ်သီးကို ညောင်ရွှေ၊ အောင်ပန်း၊ ရွာငံနှင့် နောင်တရားမြို့ များတွင်
စီးပွားဖြစ် အဓိက စိုက်ပျိုး ကြခြင်း ဖြစ်ကြောင်း သိရသည်။