တိုးတက်အောင်မြင်စေဖွယ် စွမ်းရည် ရှစ်သွယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုးတက်အောင်မြင်စေဖွယ် စွမ်းရည် ရှစ်သွယ်


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
အောင်မြင်ချင်
လူ့လောက၌ လူရယ်လို့ ဖြစ်လာကြသူတိုင်း အောင်မြင်ချင် ကြသူချည်းသာ ဖြစ်၏။ မိမိ ဝါသနာပါရာ ကဏ္ဍတိုင်းတွင် အဆင့် တစ်ခုတော့ဖြစ်မြောက်ချင်ကြ၏။ ဝါသနာ ဟူသည် မိမိစိတ်ဝင် စားပြိး တစိုက်မတ်မတ် ပြုလုပ်နေရလျှင် ပျော်ရွှင်ကြည်နူးမှုအ ပြည့်အဝပေးသော ကိစ္စ တစ်ရပ်ရပ် ဖြစ်သည်။ ငွေဝင်ချင်မှ ဝင် မည်။ အများတကာ ချီးကျူးချင်မှ ချီးကျူးမည်။ ကိစ္စ မရှိပါပေ။ မိမိနှင့် အတူ ပေါင်းသင်းသော ဝါသနာရှင် အချင်းချင်းက လေး စားဂုဏ်ပြုလျှင် ကျေနပ်နှစ်သိမ့်နေဖို့သာ လိုသည်။ ပမာအား ဖြင့် သီချင်းစာသား ရေးသားသူ၊ ယင်းစာသားကို တောက်ပြောင် လာအောင် တေးသံစဉ် ထည့်ပေးသူ။ ထိုသို့ တေးရေးနှင့် တေး သွားတီးကွက် အလှည့်အပြောင်း ဖန်တီးပေးသူ။ ထို ၂ ဦးကို သောတရှင်များ မသိရှိကြသည်က များ၏။ သီဆိုသူ တေးသံရှင် သာလျှင် နာမည်ကြီး လူသိများ ကြော်မငြာဘဲနှင့် ထင်ပေါ်ကျော် ကြားပါသည်။ ကျောင်းသားသည် စာမေးပွဲကြီး၌ အောင်ရမည်။ ဂုဏ်ထူးများစွာ ပါနိုင်က ဘဝအာမခံချက် ပိုကောင်းမည်။ ဘာ သာစုံ ဂုဏ်ထူးရှင်တို့၊ ထိပ်ဆုံး ၁၀ ဦး စာရင်းဝင်တို့၊ ဘက်စုံထူး ချွန်သူ (လူရည်ချွန်)တို့ကို အားလုံး ဝိုင်းဝန်း ချီးကျူးထောမနာပြု ဂုဏ်ပြုကြ၏။ ပြုစုပျိုးထောင်ကြသော မိဘနှင့် ကျောင်းဆရာ များက သူတို့လောက် နာမည် မထင်ပေါ်နိုင်ပါ။ ၁၀ တန်းဆို သော လက်ရှိ တန်းကုန် အစိုးရစစ်သည် ဘဝအချိုးအကွေ့ အ ဆစ်အပိုင်းကြီး ဖြစ်၏။ စနစ်ဟောင်းဟု ဆိုနေကြ၏။ စနစ်သစ် ကမူ၊ ၈ တန်းပြီးလျှင် ၉ တန်း မရှိတော့ဘဲ Grade 10 ပါတဲ့။ Grade 11 နှင့် Grade 12 ရှိဦးမည်မို့ ကျောင်းနေ ၁၂ နှစ် ၁၂ တန်းပညာ ရေး စနစ်သစ် ဖြစ်၏။ နှစ်စဉ်အောင်သွားပါမှ။ ၉ တန်းကို ကျော် လွှားလိုက်ခြင်းမှာ K.G ကို ထည့်ရေတွက်နိုင်ရန်ဖြစ်ပါလိမ့် မည်။
.
ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘဝ ၁၉၆၀ ပြည့် နှစ်ကျော်တွေတုန်းက ၉ တန်းကို H.S.F ဟု ခေါ်၏။ High School Final ပါတဲ့။ အထက်တန်း ပြီးဆုံးသော အတန်း၊ အစိုးရစစ် ဖြစ်၏။ ယင်း H.S.F အောင်လျှင် သက်မွေးဝမ်းကျောင်း ပညာရပ် သင် ကျောင်းအသီးသီးသို့ သင်တန်း တက်ရောက်နိုင်ပါပြီ။ တက္က သိုလ်တက်ရောက်ဖို့ကိုမူ ၁၀ တန်း Matriculation Exam ကို ဝင် ဖြေရ၏။ ၁၉၆၄ ခုနှစ်မှ စ၍ စနစ်သစ် တစ်မျိုး စတင်ပြန်သည်။ ထိုစဉ်က ၅ ဘာသာ ဖြေ စနစ်ဖြစ်၏။ အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ ၃ မျိုး မယူမနေရ။ ကျန် ၂ ဘာသာအတွက် သိပ္ပံတွဲမည်လား၊ ဝိဇ္ဇာ သိပ္ပံဆိုသော စီးပွားရေး အီကို ဘာသာတွဲနိုင်သည်က နောင်နှစ် အတော်ကြာမှ ပေါ်လာသော ဘာသာတွဲဖြစ်၏။ I.L.A အိုင် အယ်လ် အေ ဆိုသော အမှတ်ပေး စနစ်ဖြင့် ရွေးချယ်၏။ Intelligence Level and Aggregate ဆိုသည်မှာ ဘာသာစုံရမှတ် ပျှမ်းမျှ ယူသည့် သဘောပါ။ တစ်ဘာသာချင်းစီ၏ ရမှတ်ကိုတစ် ပြည်လုံး အောင်သူများ၏ ရမှတ်အနည်းအများ အလိုက် ဉာဏ် ရည်အမှတ်ကို ဇယားချ၏။ ဇယားတွင်း ဝင်သော ရမှတ်များစု ပေါင်းကာ အမြင့်ဆုံးရသူများ ဆေး၊ စက်မှု စသည်ဖြင့် လျှောက် ထားချက်အရ လိုင်းခွဲကာ တက္ကသိုလ်အသီးသီးသို့ တက်ရောက် ခွင့် ပြုခြင်း စနစ်ပါ။ ရှေးဦး ၂ နှစ်တုန်းက တစ်ဘာသာ ၁၀ မှတ် စီဖြင့် ပေးမှတ် ၅၀ အနက် ရမှတ်ပေါ် မူတည် ရွေးချယ်၏။ ၁၉၆၆ ခုနှစ်မှ စ၍ တစ်ဘာသာ ၂၀ မှတ်စီ ပေးပြီး ရွေး၏။ မှတ်မိသရွေ့ ၁၉၆၄ တွက် ၃၂ မှတ် ဝန်းကျင်။ ၁၉၆၅ တွက် ၃၇ မှတ် ဝန်းကျင် ပါ။ ၁၉၆၆ ၌ ၇၉ မှတ် ဝန်းကျင် အနည်းဆုံး ရမှ ဆေးတက္ကသိုလ် သို့ ဝင်၏။ ကျွန်တော် ၇၈ မှတ်သာ ရ၍ ကပ်ပြုတ်ပြီး ရိုးရိုး MBBS ဆရာဝန် မဖြစ်။ BDS သွား/ဆရာဝန် ဖြစ်လာခဲ့ရခြင်းပါ။
.
စွမ်းရည်
စွမ်းရည်အမျိုးမျိုး ရှိပါသည်။ ပညာဉာဏ်ရည် ဉာဏ်သွေး ကို intelligence ဟုခေါ်၍ I.L.A အသုံးအနှုန်းဖြင့် ၁၀ တန်းမက် ထရစ် စာမေးပွဲ အောင်ပြီးမှ ကြားဖူး၏။ ဉာဏ်ရည်ထက်မြတ်သူ တို့အား၊ သူ ဝါသနာပါရာ ထိပ်တန်း ပညာရပ်များ သင်ကြားနိုင်ဖို့ ရွေးပေးလိုက်သည့် ပညာရေးစနစ်ပါ။ ယခုအခါ စွမ်းရည်ကို "ကိုး တင့် Quotient"ဟု အသုံးများလာ၏။ အိုင်ကျူ I.Q ဟု ပညာ ဉာဏ်စွမ်းရည်ကို သုံးစွဲပါ၏။ ပါဠိမှာတော့ ဒွိဟိတ်နှင့် တိဟိတ် ဟူ၍ ပဋိသန္ဓေ နေစဉ် ပါလာသော ဟေတုဟိတ်ကို ခွဲခြား၏။ အိပ်စားကာမ ဤသုံးဝသာ သိလျှင် လူဖြစ်ပါလျက် တိရစ္ဆာန်ဟု ခေါ်ဆိုတတ်၏။ မိမိအကျိုး၊ ဆွေမျိုးအကျိုး၊ အများအကျိုး၊ သာ သနာအကျိုး၊ တိုင်းပြည်အကျိုးတို့ကို မျှော်တွေးပြီး လုပ်ဆောင် ပေးနိုင်ပါမှ လူသားစင်စစ် ပီသပါလိမ့်မည်တဲ့။ ဤတွင် ဉာဏ်ပ ညာကြီးမားကာ သင့်မသင့် ချင့်ချိန်တွေးခေါ် ဆုံးဖြတ်နိုင်သော သူ၌ ပဋိဘာနဉာဏ် ပါရှိသည် ယူ၏။ အာယုဝဏ္ဏ သုခံ ဗလံ ပဋိ ဘာနံ ဆိုသော ဘုန်းတော်ကြီးတွေ ဘိုးဘွားမိဘတွေ ဆုချပေး လေ့ရှိသည့် ကန်တော့ကျိုးကို အမှတ် ရရှိစေပါသည်။ ကျွန်တော် ကတော့ ရှေး ၁၀ တန်း ရောက်လျှင် တိဟိတ် ဖြစ်နိုင်ပြီယူ၏။ မွေးရာပါ ဉာဏ်ရည် ဉာဏ်သွေးကို ခန့်မှန်းခြင်းပါ။ ဆင်ခြင်သုံး သပ်ဆုံးဖြတ် မှန်ကန်နိုင်ဖို့ကိုမူ ပညာ ဗဟုသုတ ဆက်လက် လေ့ လာ ဆည်းပူးနိုင်လွန်းမှ ဖြစ်နိုင်မည်။ ဘွဲ့ရရှိတိုင်း ပညာအစစ် အမှန် မဟုတ်။ သညာသာ ဖြစ်၏။ အသိပညာ အတတ်ပညာ ဆိုရာ၌ အတတ်သည် ဆရာသမားများ သင်ကြားပေးလိုက်၍ တတ်မြောက်ခြင်း။ ယင်း လက်တွေ့ပေါ် မူတည်၍ ဆန်းသစ်တီ ထွင်နိုင်ပါမှ တိုးတက်မည်က အသိပညာ။ အတတ်နှင့် အသိပ ညာ နှစ်ရပ် ပေါင်းစပ်ပြီးမှ စဉ်းစားဝေဖန် သုံးသပ် ဆုံးဖြတ်နိုင်ပါ မည်။ အမှန်အကန် ဆုံးဖြတ်တတ်ဖို့ အရေးကြီး၏။ အများအကျိုး ဆောင်နိုင်လျှင် ပဋိဘာနဉာဏ် ပြည့်စုံနိုင်ပေပြီ။
.


.
အတန်းပညာ အတတ်ပညာ အသိပညာ ပဋိဘာနဉာဏ်တို့ နှင့် ပြည့်စုံပါက ဉာဏ်ပညာ စွမ်းရည် Intelligence Quotient နှင့် ပြည့်စုံပြီဟု ယူဆနိုင်ကြောင်းကို ဤမျှ ရှည်ရှည်ဝေးဝေးကြီး ရေးသားဆွဲခေါ်လာရခြင်း ဖြစ်၏။ ခေတ်ကာလတွင် ဘွဲ့တစ်ခုခု ရယူထားနိုင်လျှင် I.Q ပြည့်ပြီ ထင်မှတ်ထားကြကုန်၏။ အပြည့် အဝ မမှန်ကန်ပါ။ ဘွဲ့ရစာမတတ်တွေများသော မျက်မှောက် ခေတ်ကြီးထဲမှာ အတတ်ပညာလည်း ဝေး အသိပညာလည်း ဝေး ကြသဖြင့် ပဋိဘာနဉာဏ်ဆို ပိုလို့သာ ဝေးပါရော။ သည်သောအ ခါ တိုင်းပြည်ကြီး ပညာရေး နိမ့်ကျ၊ သင်ကြားသင်ယူရေး စနစ် မမှန်ကန်၊ ကျူရှင်အားကိုး၊ အမှတ်ရရှိရေးသည်သာ အဓိက၊ လိုင်းကောင်းဝင်ပြီး ဆရာဝန် အင်ဂျင်နီယာတွေသာ ဖြစ်လာကြ ပြီး၊ လက်တွေ့ဖြင့် ကျွမ်းကျင်လာသူ၊ ဘွဲ့မရသော်လည်း အောင် လက်မှတ် ဒီပလိုမာတွေ လောက်တောင် ဟန်မကျတွေများ၏။ ဟန်မကျမှန်းလည်း မသိဘဲ မာန်မာန တစ်ခွဲသားဖြင့် အောက်ခြေ လွတ်နေသူတွေသာ များနေလျှင် တိုင်းပြည်မည်သို့ ကြီးပွားတိုး တက်ပါတော့မည်နည်း။ ဤ၌ အောင်လက်မှတ် အကြောင်း စ ကားချပ်ထည့်ပေးချင်၏။ အနည်းဆုံး ၆ လ မှသည် တစ်နှစ်ခွဲထိ တက်ရသော သင်တန်းဆင်းကို အောင်လက်မှတ် Certificate ကိုသာ ပေးရိုးပေးစဉ်ရှိ၏။ အနည်းဆုံး ၂ နှစ်အထက်၊ ၃ နှစ်ကျော် အထိ သင်တန်း ဆင်းကို ဒီပလိုမာ Diploma။ အနည်းဆုံး ၄ နှစ် သင်တန်း ပြီးဆုံးသူကို ဒီဂရီ(Degree)၊ ယင်း ဒီဂရီ Bachelar ဘွဲ့ သည် တက္ကသိုလ်မှ အနိမ့်ဆုံးပေးသော အသိအမှတ် ပြုအောင် လက်မှတ်အခေါ်အဝေါ် ဖြစ်၏။ မဟာဘွဲ့ Master ရရန်နောက် ထပ် ၂ နှစ် သင်တန်းတက်ပြီးရုံမက မဟာဘွဲ့ယူစာတန်း ပြုစု တင်ပြနိုင်ရမည်။ စိစစ်ရေး အဖွဲ့က လက်ခံရပါဦးမည်။ Ph.D ဆို သော ဒေါက်တာပါရဂူ ဘွဲ့ယူလိုလျှင် ပညာရေးရှေ့ခရီးစဉ်ဆက် ပေဦးတော့။ လက်ရှိမှာတော့ M.Research ကိုအောင်မြင်ပြီးမှ ပါ ရဂူအတွက် ရှေ့ဆက်နိုင်မည်။ Research မှာ သုတေသနမို့ အ ကြောင်းအရာ တစ်ခုခုကို ပိုင်နိုင်စွာ သုတေသနပြု ထုတ်ဖော်ပေ ဦးပေါ့။
.

စိတ်၊ ရုပ်၊ ယုံကြည်
ဉာဏ်ပညာစွမ်းရည်ဖြင့် မိတ်ဆက်ခြင်း ခံရသော ကျွန်တော့် အဖို့ နောက်တစ်ချက် ထပ်ဆင့်တိုးလာသော စွမ်းရည်မှာ စိတ် စွမ်းရည် E.Q Emational Quotient ဖြစ်၏။ စိတ်ကို တစ်စုံတစ် ရာက ရိုက်ခတ်မှု ဖြစ်လာလျှင် တုံ့ပြန်မှုသည် ရှိစမြဲ။ ကောင်း သော တုံ့ပြန်မှု၊ ဆိုးသော တုံ့ပြန်မှုဟူ၍ နှစ်မျိုးနှစ်မည် ကွဲပြားနေ သေး၏။ ကောင်းသော တုံ့ပြန်မှုသာလျှင် ကောင်းသော ရလဒ်ကို ရရှိစေပါမည်။ ဆိုးသည့် ဒဏ် ပြန်ရိုက်ခတ်မှုသည် အကျိုးနည်း ချေတော့မည်။ ဤ၌ ကောင်းခြင်း ဆိုးခြင်း နှစ်ခုအနက် ရွေးချယ် ရမည့် တုံ့ပြန်မှုအတွက် ပေးနိုင်သော အချိန်သည် အလွန်နည်း ပါး၏။ စက္ကန့်ပိုင်းသာ ရှိမည်။ ကောင်းမြတ်မည့် နည်းလမ်းကို ရှေးရှု ရွေးချယ်နိုင်ရန် ဉာဏ်စွမ်းရည် အဓိက ဖြစ်၏။ ထို့ကြောင့် လည်း I.Q ကို ရှေ့တန်း တစ်ဂဏန်း၌ ထားရခြင်း ဖြစ်၏။ ဉာဏ် စွမ်းရည်ချည်းလည်း မဖြစ်သေးပါ။ သတိဦးစီးဖို့ လိုလာသည်။ သတိတမံ ဉာဏ်မြေကတုတ်၊ ပညာစွမ်း ချွန်းကဲ့သို့အုပ်" ဆိုရိုး စကား အရှိသား မဟုတ်ပါလား။ စိတ်၌ ရိုက်ခတ်လာမှု ဟူသမျှ ကို တုံ့ပြန်ရခြင်းသည် စိတ်လှုပ်ရှားမှုကြောင့် ဖြစ်၏။ Emotion ဟု အင်္ဂလိပ်၌ သုံး၏။ ဒေါသပေါက်ကွဲခြင်းသည် ဆိုးဝါးသော တုံ့ ပြန်မှုပါ။ မေတ္တာထား၍ ကိုယ်ချင်းစာတရားဖြင့် ညင်သာစွာ ပြုမူ ဆောင်ရွက်ခြင်းသည် ကောင်းမြတ်သော တုံ့ပြန်မှုဖြစ်၏။ အ ကောင်းကို ကြိုက်ကြ၏။ ကောင်းအောင် ဆုံးဖြတ်ပြုမူခြင်း ဟူရာ၌ အချက်ကိုးချက်ခန့် ပါဝင်စုပေါင်းနေကြ၍ ဖြစ်သည်။ ကဲ ကောင်းပါပြီ။ I.Q ဉာဏ်ပညာစွမ်းရည်၊ E.Q စိတ်တုံ့ပြန်စွမ်း ရည် နှစ်မျိုးလုံးနှင့် ပြည့်စုံပါပြီ ဆိုပါစို့။ အရာခပ်သိမ်း၌ အဆင် ပြေပြေ ဖြစ်လာပါမည်လား။ ကိစ္စအားလုံးအတွက် စင်းလုံးချော မဖြစ်နိုင်ပေ။ ဘာကြောင့်ပါနည်း။
.
ဘာသာရေး အခြေခံသော လူမျိုးစု အလိုက်ကိုးကွယ် ယုံ ကြည်မှုအပြင် ဓလေ့ထုံးတမ်း စဉ်လာ ယဉ်ကျေးမှုတို့ကလည်း ဆက်နွယ်ပါလာပြန်သည်။ ယခု တင်ပြသည့် အချက် နံပါတ် ၃ သည်လည်း စိတ်၌ပင် အခြေခံပြီး ပေါက်ဖွားလာရပါ၏။ အ ကြောင်းမှာ ဘာသာတရားနှင့် ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုတို့ သည် စိတ်သန္တာန်ကို လွှမ်းမိုးခြယ်လှယ်ထားသောကြောင့် ဖြစ် ပါ၏။ ထို့ကြောင့် မိမိတို့ ဆက်ဆံဖြေရှင်းရမည့် ကိစ္စသည် လူမျိုး နွယ်မတူ ဘာသာတရားမတူ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းမတူ ကွဲပြားခြားနားနေခဲ့သော် ကြိုတင်လေ့လာထားမှု ရှိထားက ကိုင် တွယ်ဖြေရှင်းရပို၍ လွယ်ကူအဆင်ပြေပါမည်။ Spiritual Quotient S.Q ဟု အတိုကောက် သုံးနှုန်းပါ၏။ တစ်ဖန် I.Q, E.Q နှင့် S.Q သုံးချက် ညီပါပြီ ဆိုငြားအံ့။ လူဟူသည် နာမ်နှင့် ရုပ် နာမ်တရား= ရူပခန္ဓာ + နာမ ခန္ဓာ) ပေါင်းစပ်ဖွဲ့စည်းထားသည် ဖြစ်ရာ နာမ်စွမ်းရည် ပြည့်ဝပြီး ရုပ်စွမ်းရည် မပြည့်စုံပါက လိုရာ ခရီး မပေါက်ရောက်နိုင်ပါ။ မကျန်းမာ၍ သက်တမ်းစေ့ မနေရ၍ ကြံစည်ထားသမျှ ခရီးဆုံး ပန်းကုံးတိုင်သို့ အောင်မြင်စွာ ရောက် ရှိလိမ့်မည် မဟုတ်။ ရုပ်ခန္ဓာသည် ကြံ့ခိုင်ပါလျက်လည်း ပြင်ပမှ အနှောင့်အယှက် ပယောဂ မဝင်ဖို့ အရေးကြီးသေး၏။ ဗိုလ်ချုပ် (အောင်ဆန်း)ကို နမူနာ ပေးချင်၏။ ရှေ့ Q ၃ ချက် ပြည့်စုံ၏။ အပင်ပန်းခံလွန်း၍လည်း ကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံ ကြီးတက်၊ ကုသအနားယူ၍ ဖြစ်နိုင်သေး၏။ ဂဠုန်ဦးစော၏ လုပ် ကြံမှု ပယောဂကိုမူ ကံတရားအရ မတွန်းလှန်မတားဆီးနိုင်ခဲ့၍ အကျိုးနည်း သေပွဲဝင်ရရှာ၏။ တိုင်းပြည်အတွက် မည်မျှ နစ်နာ ပါသနည်း။ အသက် ၃၂ နှစ်ကျော်ရုံရှိသေး၍ တကယ့်အရွယ် ကောင်း။ လူလတ်ပိုင်း ဝင်စမို့ နောက်ထပ်နှစ်ပေါင်း ၄၀ ကျော်၅၀ ကျော် တိုင်းပြည်အတွက် အများကြီးကို လုပ်ပေးနိုင်ဦးမည့် အ နေအထားပါ။ ထို့ကြောင့် P.Q Physical Q.ကလည်း အရေးကြီး လိုအပ်လာပြန်သည်။ ကျွန်တော် သိခဲ့ရသည့် အမှတ်စဉ် ၄ ခန္ဓာ ကြံ့ခိုင်စွမ်းရည် ဖြစ်ပါသည်။
.
နောက်ထပ် Q ၄ မျိုး
စွမ်းရည်တွေက တစ်မျိုးပြီးတစ်မျိုး တိုးလို့သာ လာနေပါ၏။ ခေတ်ကြီးနှင့်အညီ မလိုက်နိုင်က ကျန်ရစ်ပါမည်။ တစ်နေ့ ကျွန် တော့်သားကြီးနှင့် စကားပြောဖြစ်တော့ Quotient ၆ မျိုးခန့် ဖြစ် နေပါပြီတဲ့။ နောက်ပိုင်း Q တွေကို သူလည်း အစဉ်မထိုးနိုင်ရုံမက နာမည်တွေတောင် ဝိုးတိုးဝါးတား ဖြစ်နေတော့၏။ အစ္စရေးမှာ စိုက်ပျိုးရေးသင်တန်း တစ်နှစ်ခန့် တက်ရောက်ခဲ့ရသူ တပည့် တစ်ဦး အိမ်မှာ လာတည်းဖြစ်ရာ စကားဖောင်ဖွဲ့ဖြစ်၏။ Quotient အကြောင်း ရောက်သွားတော့ Q ၈ လုံးအကြောင်းကြား သိရပါတော့၏။ စီစဉ်ပုံခြင်းတော့နည်းနည်းစီ အထက်အောက် ကွဲပြားတတ်ပါသတဲ့။ နံပါတ် ၅ အဖြစ်သူက Cultural Q ဟုပြော ၏။ Cultural သည် Cult မှ လာ၍ ယုံကည်မှုမှာ အခြေခံ၏။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာကို Culture ဆို၏။ Spiritual Q တွင်လည်း ပါဝင်ပြီးသား မဟုတ်လား ဟူ၍ ဆွေးနွေးဖြစ်၏။ Spiritual မှာ ယုံကြည်ကိုးကွယ်မှုဘက် ပိုမို ယိမ်း၏။ နာမ်တရား ရာနှုန်းများ၏။ ဘုရားမှ မဟုတ် နတ်ဒေဝါ ကိုးကွယ်မှုတို့အပြင် ထင်ရှားကျော်ကြား လူပညာရှိ ခေါင်းဆောင်တို့တောင် ပါဝင်နိုင် ၏။ တရုတ်ပညာရှိ ကွန်ဖူးရှပ် စသည်သာဓက ရှိ၏။ Cultural ကျတော့ ရုပ်ပိုင်းဘက် ပိုမို ယိမ်းကာ ရုပ်တရား ရာနှုန်းများ၏။ ဓလေ့ထုံးတမ်း စဉ်လာများကြောင့် ယဉ်ကျေးမှုဘောင်တွင်း ဝင် သွား၍ဟု ဖြစ်၏။ ထားတော့။ နောက် နံပါတ် ၆ အရေးကြီးလာ သည်မှာ ငွေကြေးကိစ္စ ဖြစ်၏။ Financial Q ပါတဲ့။ ရင်းနှီးမြှုပ်နှံ မှု ငွေပင်ငွေရင်းများလေလေ အကျိုးအမြတ်ကြီးမားလေလေတဲ့။
.
အောင်မြင်တရား ပေါင်းရှစ်ပါး
ကံချင်းတူလျှင် ဉာဏ်ပိုလျင် အစဉ်သာစမြဲ။
ဉာဏ်ချင်းတူဆင် ဝီရိယယှဉ် သူတွင် သာစမြဲ။
လုံးလတူလျှင် နှုတ်ချိုလွင် ကြည်လင်သာစမြဲ။
ပြုံးချိုမျက်ရွှင် စေတနာစင် သက်ဝင်သာစမြဲ။
မေတ္တာလည်းယှဉ် ကောင်းစေချင် သူလျှင် သာစမြဲ။
ခေါင်းဆောင်ကောင်းတွင် နောက်လိုက်ခင် ခွဲလျှင်မရမြဲ။
မကွဲတူပင် စည်းလုံးစဉ် ဇွဲခင်အောင်မြင်မြဲ။ 

Journal Download

Photo of three cats