ဒေါက်တာအောင်ကျော်
(သွား/ဆရာဝန်)
.
၃/၈/၂၀၂၀ တနင်္လာနေ့ညနေပိုင်း ၅ နာရီကျော်နေပါပြီ။ မ မျှော် လင့်သော
မက်ဆေ့တစ်တို ရောက်လာပါသည်။ "၃၃ နှစ်ပြည့် မွေးနေ့ပါဆရာ။ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့
ပြစ်မှားမိတာများ ရှိခဲ့ရင် ဝန်ချတောင်းပန်ပါတယ်
ဆရာ"။ ကျွန်တော် အတော့်ကို အံ့ဩသွားပါသည်။ လူလတ်ပိုင်း အရွယ်၊ စိတ်ဓာတ်တက်ကြွ
ထက်မြတ်တုန်း၊ လူ့ဘဝကြီးမှာ "ငါကွ"ဆိုပြီး မာန်တက်လို့ ကောင်းတုန်း၊ သားမယားနှင့်တကွ
တပည့်တပန်းတွေနှင့် လုပ် ငန်းတွေမှာလည်း အောင်မြင်အရာ ရောက်နေတုန်း၊ ကျန်းမာရေး လည်း
အလွန့်အလွန် ကောင်းနေတုန်း၊ ဘဝမွန်းတည့်အချိန် သည် အလွန်မတန်မှ နေပျော်ထိုင်ပျော် ခေါင်းမော်လို့
အရသာ ရှိလွန်းသော ဘဝအဆစ်အပိုင်း မဟုတ်ပါလား။ အမှားကို ပြုမိ မှားမှန်း မသိသော သူတွေသာ
များလှ၏။ မှားပြုခဲ့ခြင်းကို သိပါ ပြီဆိုပါစို့။ ယင်း အမှားအတွက် သက်ဆိုင်ရာ သူကာယကံရှင်ထံ
မှာ ဝန်ချတောင်းပန်ဖြစ်ဖို့ကလည်း ခက်ခဲဘိလှခြင်းပါ။ ဘာ ကြောင့် ခက်ခဲရပါသနည်း။ ဂါရဝေါစ
နိဝါတောစ ဆိုသော မင်္ဂ လာတရားနှင့် မပြည့်စုံနိုင်သောကြောင့်ပါ။ မိမိထက် အသက်ကြီး ရင့်သူကို
အရိုအသေ ပြုခြင်း ဂါရဝတရား။ အသက်ငယ်စေ ကာမူ အမှားကို ခွင့်လွှတ်ပါရန် ဝန်ချတောင်းပန်ခြင်း
နိဝါတဆိုသော နောက်တစ်ဆင့်တရား။ ယင်းပြုဖွယ် တရားနှစ်ပါးလုံးကို ပြုနိုင် ဖို့ ခက်ခဲရခြင်း
အကြောင်းရင်းမှာ မာန်မာန ခံနေတတ်ကြ၍ဖြစ် ၏။ မာန်မာနကို နှိမ့်ချကာ နတ်ဖြင့်သာမက ကိုယ်ကာယပျပ်ဝပ်
နွံကျိုးစွာ လက်ဆယ်ဖြာထိပ်မှာမိုး ရှိခိုးဖို့ ဆိုသည်ကား အလွန် ပင် ဆောင်ရွက်ဖို့ ခက်ခဲကြီးမက
ခက်ခဲစေသည်မှာ အမှန်ပါ။
.
ကျွန်တော့်လက်ကိုင်ဖုန်း ကိုင်မိချိန်မှာ ညနေ ၆ နာရီကျော် နေပါပြီ။
တုံ့ပြန်စာလေးကို အတိုချုပ်စီပြီး ပို့ရပါ၏။ "လူကြီးနဲ့ လူငယ်ယှဉ်လိုက်ရင် လူငယ်အမှား
ပိုမှာပေါ့။ လူကြီးလည်း အ မှားမကင်းနိုင်ပါဘူး။ မှားဦးတော့ အမှားနည်းပြီး သေးငယ်မှာ
လေ။ လူငယ်မှားတိုင်း လူကြီးတွေ ဗွေမယူခွင့်လွှတ်မြဲပါပဲ။ အ မှတ်အတေးမရှိကြေးဟာ မင်္ဂလာပါတစ်ပါးပါ။
သန်တုန်းမြန်တုန်း ၃၃ မို့၊ စာပေနဲ့ တကွ အလုပ်အများကြီးလုပ်နိုင်ဆဲ၊ နောင်လည်း ဆက်လက်
လုပ်သွားဦးမှာပဲလို့ ယုံကြည်ထားပြီးသားပါ။ သက် ရှည်ကျန်းမာ စိတ်ချမ်းသာ၊ ဘေးဘယာဝေးကွာ
လိုရာ ဆန္ဒအား လုံး ပြည့်စုံနိုင်ပါစေကြောင်း မွေးနေ့ ဆုမွန်ကောင်း တောင်းခြွေ ပေးလိုက်ပါတယ်ဗျာ"။
ဤသို့ လိုရင်းသို့ ရောက်အောင် တိုတို ရှင်းရှင်းလေး ရေးပို့သည်ဆိုဦးတော့ ဖုန်းကွန်မန့်
အနေနှင့် အ တန်ငယ် ရှည်နေပေပြီ။ ပြောပြချင်၊ ရေးပြချင်နေတာတွေ ရင်ထဲ ခေါင်းထဲမှာ တစ်ပုံတစ်ပင်ကြီးဟု
အင်းသွေးပါရှိသူ ပီပီ အင်းစ ကားက ကြားညပ်ပါလာပြန်၏။ ဟုတ်ပါ၏။ မွေးနေ့ဆိုသည်မှာ မွေးနေ့ရှင်အတွက်
အမွန်အမြတ်ဆုံးနေ့ တစ်နေ့ ဖြစ်ပါ၏။ လူ့ လောကကြီးထဲသို့ မွေးမိခင် မာတာက အရောက်ပို့ဆောင်ပေးခဲ့
သော နေ့ထူးပင်။ ယင်းနေ့ထူးကို ကြုံကြိုက်ဖြစ်ဖို့ ဆိုသည်က လည်း တစ်နှစ်တွင် တစ်ရက်တည်း။
တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်အနက်၊ တစ်ရက်ဆိုမှ တစ်ရက် ကွက်ကွက်လေးလေ။ တစ် နှစ်လည်လာဖို့
၃၆၄ ရက်ကြီးများတောင် စောင့်ပါလေဦးတော့ ပေါ့။
.
ကဗျာဉာဉ်
ကျွန်တော့်ကို စာရေးချာမွေ့ လှသည်။ ဘာမျှမဟုတ်သည့် အကြောင်းအရာကို
ဖတ်ကောင်းအောင် ဆွဲဆောင်သွားနိုင်သည် ဟူ၍ မိတ်ဆွေ အပေါင်းအသင်းများက ထောမနာပြုကြမှ
မိမိ ကိုယ်မိမိ ပြန်သုံးသပ် ဆင်ခြင်မိပါသည်။ အမှန်ဟုတ်သလား။ မြှောက်ပင့်ပြောသော လောကွတ်(လောကဝတ်)စကား
မမှန် ထက်ဝက် မှန်ထက်ဝက်လား။ ကြာတော့ ကြာမြင့်ခဲ့ပါပြီ။ လွန်ခဲ့ သော နှစ်အစိတ်ကျော်ကာလတုန်းကပါ။
ကျွန်တော့် လုံးချင်းစာ အုပ်လေးတွေ ထွက်၍ နာမည် အရှိန်လေး တက်စ၊ ပင်လောင်းမြို့ မှ
အလယ်တန်းကျောင်းအုပ် ဆရာကြီး တစ်ဦးသည် သူ့သမီး သွားဖုံးတွေ ပြည်တည် ရောင် ရေစီးကမ်းပြို
ဖြစ်ချင်ချင်ကိုဆေး ခန်းလာပြရင်း "ဆရာ့စာရေးကောင်းလှချည့်ကို သုံးသပ်ကြည့် လိုက်တဲ့အခါ
တောင်တန်းဆရာတော်ကြီးရဲ့ ဟန်ပန်နဲ့ စာရေးဆ ရာ ဝင်းဦးတို့ရဲ့ ရေးစတိုင်လ် နှစ်မျိုးရောနေတာတွေ့ရတယ်။
တစ်ဦးချင်းတောင် ကောင်းနေပြီးသားမှာ ၂ ဦးကောင်းပေ့ရေး သားပုံ ရောသမမွှေထားတော့ ပိုကောင်းပြီပေါ့
ဒေါက်တာရယ်" ဟု ချီးကျူးစကား ဆိုလာ၏။ ကျွန်တော် ရှက်သွေဖျန်းမိသည် မှာ အမှန်ပါဟု
ဝန်ခံရပါမည်။ စာဖတ်သူ တစ်ဦးထံမှ ဗွေဆော်ဦး တုံ့ ပြန်မှုကောင်းကို ရရှိလိုက်ခြင်းမို့ကြောင့်ပါ။
ယင်းကျောင်းအုပ်ဆ ရာကြီး ပြန်သွားတော့ အတွေးတွေ အမျှင်တန်းပြီး ကျန်ရစ်ခဲ့၏။ စေ့စေ့တွေးတော့
ရေးရေးပေါ်လာသည်။ မှန်နေ၏။ စစွာဦးထွက် သော "တောင်ကြီးရောက် အဝေရာ ခရီးစဉ်"
အမှတ် ၁ စာအုပ် သည် ဆရာတော်ကြီး အရှိန်အဝါကြောင့် ရက် ၄၀ ကျော်မှာ အုပ် ငါးထောင် ပြတ်သွားခဲ့ပါပြီ။
မှတ်တမ်းဆိုသော်လည်း ဝတ္ထုကဲ့သို့ အလွန် ဖတ်ကောင်းသည်ဟု အသံများ လျှံထွက်လာပါ၏။ ဆရာ
တော်ကြီး ဘုန်းတန်ခိုးနှင့် ပွဲဦးထွက် တာလွှတ်ကောင်းခဲ့၏။ စာ ပေနယ်၌ ဤသို့ အကျိုးပေးရန်
မလွယ်ပါပေ။
.
.
ရှုမဝမဂ္ဂဇင်း၊ ရှုမဝဦးကျော်ကိုင်တွယ် တတ်ပုံကောင်းခြင်း၊ စာရေဂဆရာများကို
အလွန်လေးစား တန်ဖိုးထားခြင်း၊ စာပေ စိတ်ဓာတ်ကြီးဖြင့် စာဖတ် ပရိသတ်ပေါ် ထားရှိသော စေတနာ
မေတ္တာကြီးခြင်း၊ ဝိုင်းတော်သူဝိုင်းတော်သားများကို မိသားစုစိတ် မျိုးနှင့် စောင့်ရှောက်မြှင့်တင်ပေးခြင်း
စသော အချက်များက အ လွန်အကျိုးပေးပါ၏။ အပြင်အဆင် ထိပ်တန်း အပြင် စာပေတန် ဖိုးကြီး စာမူများကို
တောင်းယူနိုင် ထည့်ဖော်ပြပေးနိုင်သည်က လည်း ကြီးစွာသော အောင်မြင်မှုကို ရစေသည်မို့၊
ရှုမဝ မဂ္ဂဇင်း ကို လပေးယူနိုင်မှ သေချာပေါက် ဖတ်နိုင်မည့် အဆင့်သို့ ရောက် ခဲ့ရ၏။
မင်းသားမဖြစ်မီ မှော်ဘီလေတပ်၌ တာဝန်ထမ်းဆောင် နေတဲ ဗိုလ်လှမြင့်၏ ဝင်းဦးဟူသော ကလောင်အမည်သည်
အစ် ကို ဝင်းညွန့်ထံမှ "ဝင်း"၊ အစ်မတင်တင်ဦးထံမှ "ဦး"တစ်လုံးစီ
ပေါင်းစပ်ထားခြင်း ဂါရဝ တရား ချစ်မေတ္တာကြောင့်၊ ပရိသတ် အမာခံရရှိ နာမည်ကြီးနေပေပြီ။
သတ္တိ မရှိသော ယောက်ျား၊ အ ထီးကျန် စသည့် လပြတ် ဝတ္ထုတိုများ၊ တက္ကသိုလ်ကျောင်းသား
တစ်ဦး၊ နှစ်ယောက်ထဲ နေချင်တယ်၊ စသော အခန်းဆက် ဝတ္ထု ရှည်များ နာမည်ကြီးနေ၏။ အကြောင်းအရာကောင်း၊
အလှည့် အပတ် မထင်မှတ်ဘဲ ဖောက်ထွက်တတ်သည့် အပြင် စကားပြေ အရေးအသားချောလိုက်ပုံမှာ ကာရန်
အချိတ်အဆက်လေးများ ကြောင့် ပြေချောလွန်းနေ၏။ ကဗျာကိုလည်း ကိုင်နိုင်စွမ်း ရှိသူ ကိုး။
ကဗျာဉာဉ်သည် စာရေးချောစေသည်ကား အမှန်ပင်။ ကျွန် တော့်မိတ်ဆွေ ဆရာမတစ်ဦး မွေးနေ့အတွက်
"မွေးနေ့တစ်ခါ ရောက်၊ နေရမယ့်ရက် တွေပျောက်၊ သေနေ့ဘက် ပိုနီးသွား၊ သံ ဝေဂတရားတရား
ဆင်ခြင်ပွား။ ရထားတဲ့ လူ့ဘဝ၊ အလဟဿ မဖြစ်ပါမှ။ အကျိုးရှိရှိ ကုသိုလ်ဝေဆာ၊ အကုသိုလ်မဖြာ
လူမှန် စွာ။ ရာရှည်သက်ကျော် ရှည်စေသောဝ်၊ ဆုမွန်ကောင်း တောင်း ပေးပါသနော်"ဟု ကွန်မန့်ပေးလိုက်၏။
.
မွေးနေ့နှင့် ရက်
ဆောင်းပါးအစပျိုးခဲ့သော မမျှော်လင့်သည့် မွေးနေ့ ဂါဝရ နိဝါတ တောင်းပန်စကား
ဆိုခဲ့သူ စာပေ မိတ်ဆွေအား ဂျာနယ် တိုက်၌ ဆုံမိကြ၏။ "မွေးနေ့အတွက် ဘာမှလည်း မကျွေးဘူး
နော်။ ဆုတောင်းပေးလိုက်ရတာ အမော"ဟု ကျီစယ်လိုက်ပါ၏။ တစ်ဆက်တည်းမှာပင် "ဘော်ဒါကြီး၊
ဝါဆိုလပြည့်နေ့မှာ မွေး တာလားဗျ"ဟု လှမ်းထောက်မိ၏။ မိခင်ဖြစ်သူနှင့်ပါ မွေးနေ့မွေး
ရက် ထူးကဲစွာသွားထပ်သည်မို့ မွေးနေ့အလှူ ၂ ယောက်စာ တစ် ခါတည်း ဆွမ်းကပ်လှူဒါန်းဖြစ်သည်ဟု
ပြောပြ၍ အလှူအတွက် သာဓုသုံးကြိမ် ခေါ်ရပါ၏။ မွေးနေ့ ဆိုသည်မှာ မာတာ မိခင်က မိမိကို
မွေးဖွားပေးခဲ့သော နေ့စွဲကို ဆိုလို၏။ မြန်မာလို ဆိုရလျှင် ဝါဆိုလပြည့် ဖြစ်နေမည်။
အင်္ဂလိပ်လိုတော့ဖြင့် ယခု ၂၀၂၀ ပြည့် နှစ် ဩဂုတ်လထဲ၌ လဆန်း ၃ ရက်နေ့ပါ။ မွေးရက်ဆိုသည်ကား
မွေးစဉ်တုန်းက ရက်သတ္တတစ်ပတ် ၇ ရက်အနက် မည်သည့်ရက် နည်း။ ယခုနှစ် ယခုလတွင် တနင်္လာနေ့
ကျရောက်၏။ ဟုတ်နေ ပါ၏။ မိတ်ဆွေ၏ နာမည်သည် တနင်္လာနံနှင့် အင်္ဂါနံ တွဲဖက်ပေး ထား၏။
ပင်စည် က ခ ဂ ဃ င ဗျည်းအက္ခရာ ငါးလုံးမှ တစ်လုံး၊ အညွန့် စ ဆ ဇ ဈ ည ဗျည်းအက္ခရာ ငါးလုံးမှ
တစ်လုံးစီ ယူကာ လှပစွာ အတိတ်နိမိတ်ကောင်းစွာ မှည့်ခေါ်ထား၏။ ဤသို့ပင် မြန်မာ့ထုံးတမ်း
ဓလေ့အရ၊ သစ်ပင်ကြီး၏ ပင်စည်သည် အကိုင်း အခက်အလက်မှ အညွန့် ဖြာဝေတတ်သွားမှ ကြီးထွား
ရှင်သန် မည် မဟုတ်ပါလား။ ရှေးရိုးကတော့ ရိုးစင်းစွာ နာမည်ကို နှစ်လုံး ပူးသာပေးတတ်လှပါ၏။
လွန်ခဲ့သော နှစ်ပေါင်း သုံးအစိတ် (နှစ် ၂၅ ကို ၃ လီ ၇၅)ကျော်က ဓလေ့ ရိုးရိုးလေးပါပေ။
ဟိုးအထက် ကာ ရီကျော် နှစ် ၁၀၀ ကျော်တုန်းက ပို၍ပင် ရိုးလွန်းသေး၏။ နေ့သင့်နံသင့် တစ်လုံးတည်းပေးတတ်ကြသည်။
ပမာအားဖြင့် ဦးဖြူ၊ ဦးညို၊ မပန်း၊ မပွင့် စသည်ကို ကြည့်သိနိုင်၏။ ယင်း ရှေး နှစ်ပေါင်း
ရာကျော်မှာပင် အလွန် ခေတ်မီသော သူများလည်း ရှိ ပါ၏။ နှစ်လုံးပြူးတွဲ၍ နာမည်ပေးနေပြီ။
မြသိန်း၊ ကျော်ဟိုး၊ လှ တိုး၊ ကြေးမုံ စသည်ဖြင့်။ နောင်တော့ အမည် သုံးလုံး အထိ ဖြစ်
လာသည်။
.
သစ်ပင်တိုင်း၌ အမြစ်ရှိ၏။ ဤသည်ကို တင်စားကာ၊ လူ သားတိုင်း၌ အချစ်ရှိ၏။
တိုင်းပြည်မှန်က စစ်ရှိ၏ ဟု ဆိုကြ၏။ ထားပါတော့။ အမြစ်ရှိမှ အတွယ်အကုပ် ကောင်းမှ သစ်ပင်ခိုင်မြဲ
မည်။ ရေသောက်မြစ် မနက်၊ မြစ်ပွားတွေ ဘေးကို မဖြာလျှင် တော်တန်ရုံ လေပြင်းဒဏ်ကို ခံနိုင်မည်
မဟုတ်။ အကြမ်းမှန်းဆ နိုင်သည်ကား မြေပေါ် သစ်ပင် အမြင့်အတိုင်း မြေတွင်း ရေ သောက်မြစ်ရှည်
နက်၏တဲ့။ သစ်ပင် အရိပ်အဝန်းအတိုင်း မြေ အောက် မြစ်ပွားတွေ ပြန့်ကား နယ်ချဲ့၏တဲ့။ ထို့ကြောင့်
နာမည် သုံးလုံးပေးကြသောအခါ၊ မွေးနေ့ ရက်၏ ရှေ့တစ်ရက်ကို ပဋိ သန္ဓေယူရက်ဟု သတ်မှတ်ပြီး
အမြစ်စတွယ်ပြီ လက်ခံထားကြ ၏။ ဆိုပါစို့။ တနင်္လာသားအဖို့
တနင်္ဂနွေသည် ပဋိသန္ဓေ ယူသည့် အမြစ်။ တနင်္ဂနွေနံက ဗျည်းမှာ အ၊ ဥ နှစ်လုံး ရှိ၏။ တနင်္လာသား
အတွက် နေ့နံကိုက် "ကျော်"ကို ပင်စည်အဖြစ် ယူသည် ဆိုငြား အံ့။ အမြစ်
"အောင်"ကို ရှေ့က ခံလိုက်၏။ အညွန့် အင်္ဂါနံအတွက် "ဇော"ကို ယူလိုက်လျှင်၊
"အောင်ကျော်ဇော"ဖြစ်ပြီ။ နာမည် နှစ် လုံးရှိသူ အားသာလျှင် ရှေ့တစ်လုံးကို
သူ့မွေးနံ ယူနိုင်၏။ နာမည် သုံးလုံး ရှိသူအား ရှေ့ဆုံး တစ်လုံးကို မွေးနံယူ၍ မမှန်နိုင်။
အ လယ်တစ်လုံး ဖြစ်နိုင်ခြေများ၏။ ခုခေတ်များမှာတော့ နာမည်ကို လေးလုံး နှင့် အထက် ပေးကြ၏။
မွေးနံမှန်းဆဖို့ မျက်စိ လည် ချင်စရာပေ။ ကျွန်တော့် သားသမီးများနှင့် မြေးများကို နာမည်
လေးလုံးစီချည်း ပေးထား၏။ ခေတ်မီသည် ဆိုရပါမည်။ ခေါ်ရ တာ ရှည်တော့ အိမ်မှာ အတိုကောက်သာ
သုံး၏။
.
သုံးလပြည့်
ကျွန်တော်တို့ မြန်မာလူမျိုး၌ ရှေးရိုးစဉ်လာအရ အယူအဆ တွေ၊ အတိတ်နိမိတ်
ကောက်တာတွေ၊ အစွဲတွေ များလှစွာ ရှိ၏။ နာမည်စီးသည်တဲ့။ ပညတ်သွားရာ ဓာတ်သက်ပါသည်တဲ့။
နာ မည်စီးခြင်းမှာ နာမည်က သိပ်အကောင်း လွန်နေသောအခါ လူ အပေါ်မှာ တင်စီးနေသလို ဖြစ်၍
နာမည်ကြီးသင့် ကျော်ကြားသင့် သလောက် လူက မဖြစ်လာနိုင်ပါတဲ့။ ဆိုပါစို့။ မအပ်မရာ သိဒ္မတ္ထ
ဟူသော ဘုရားလောင်း မင်းသား ဘဝက အမည်ကို ယူမှည့်ခြင်း။ မယသော ဓရာ ဆိုသည့်တိုင်းရင်းဆေး
ဆရာမခေတ် ပညာတတ် တစ်ဦးနှင့်လည်း ခင်မင်သိကျွမ်းဖူးပါ၏။ ပါဠိနာမည်ကို လှသည် ထင်ပြီး
"သီဟဇော်၊ သီဟထွန်း၊ သီဟကျော်၊ သီဟစိုး"စသည်တွေ များလှ၏။ သီဟသည် ပါဠိစကားလုံး
ဝေါဟာရပါ။ အဓိပ္ပါယ်မှာ ခြင်္သေ့ဖြစ်၏။ ခြင်္သေ့နှင့် ညားသော မင်းသမီး၏ သားအမည်မှာ
သီဟဗာဟု ဖြစ်ကြောင်း စာပေနှံ့စပ်သူတို့ သိကြပြီးဖြစ်၏။ နာ မည်လှသည်။ သတ္တိရှိသည်။
"တစ်ကောင်တည်း ဒါပေမဲ့ ခြင်္သေ့" ဆိုသော စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၏
စကားအ လွန်ဩဇာကြီးခဲ့ဖူးပါ၏။ မည်မျှပင် အမည်လှလှ၊ အဓိပ္ပါယ်မည် မျှပင် ကောင်းကောင်း၊
လူကြီးဘိုးဘွား ဆရာသမားတွေကတော့ တိရစ္ဆာန်အမည်ကို ယူ၍ လူကိုပေးခြင်း၌ မကြိုက်မနှစ်သက်နိုင်
ကြပါ။ "လူကတိရစ္ဆာန် နာမည် မှည်ရတယ်လို့ကွာ။ မွေးထား တာလူ မိဘ နှစ်ပါးက ပေါက်ဖွားတဲ့
လူသားစင်စစ်။ ဘယ့်နှယ် တိရစ္ဆာန်ဖြစ်ရတာလဲ။ ကိုယ့်သားသမီးကို တစ်သက်လုံး သုံးရ မယ့်
နာမည်ကြီးနဲ့ နံနှိမ်ရတယ်လို့။ မဖြစ်ကောင်းပါဘူး။ မမှည့် ကြနဲ့"ဟူ၍ ပြောဆိုသတိပေး
ဆုံးမ ဩဝါဒများ ကြားဖူးရများလှ ပြီ။
.
ကျွန်တော့်ဤဆောင်းပါး
ခေါင်းစီးကြီးကို "ရက်မြတ်သုံးနေ့ ဆို မုန်းပေါင်းအကြောင်း" ပေးထားပြီး၊
ယခု အဆုံးသတ်ကာနီး မှ ရေးဖြစ်ပါတော့မည်။ ရက်မြတ် သုံးနေ့ကတော့ လပြည့်နေ့ကို ရည်ညွှန်းပါသည်။
ဆိုမုန်းပေါင်းမှာ သုံးလ၏ အမည်ကို အတို ကောက် ယူထားခြင်းပါ။ အတိုကောက် ဆိုသည့်အတိုင်း
အဆုံး သတ်တစ်လုံးစီ ဖြစ်ပါ၏။ ဤမျှလှစ်ပြလျှင် အကင်းပါးလှပ် (ပါး လျှပ်)သည့် စာဖတ်သူတို့
သိရှိရိပ်မိပြီး ဖြစ်ပါမည်။ အတွေးလွန် နေသူအတွက်၊ ၁။ ဝါဆိုလပြည့်၊ ၂။ တန်ဆောင်မုန်းလပြည့်။
၃။ တပေါင်းလပြည့်ဟူသော နေ့ရက်ကြီး သုံးနေ့သည် မြင့်မြတ် သော ရက်မြတ် ဖြစ်ပါသည်။ ယင်းသုံးရက်မြတ်၌
မွေးဖွားသော အမျိုးသားကောင်း (အမျိုးသမီးကောင်းဟု မပါရှိ)သည်လည်း အ တိတ်ကံအရ မြင့်မြတ်ရာ
ဘဝကလာခဲ့ကြ၍ ယခုမျက်မှောက်ဘ ဝမှာလည်း ဘဝအဆင့်အတန်း မြင့်မြင့်၊ လုပ်ရပ်မြင့်မြတ်အောင်
မြင်ကာ နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်လိမ့်မည်ဟု ကောင်းအ တိတ် ကောင်းနိမိတ် ဖတ်ကြယူကြပါ၏။ ကံသည် ကမ္မအလုပ် ဟူသော ပါဠိမှ ဆင်းသက်လာသည့် အလျောက်
မျက်မှောက် ဘ ဝ၌ အလုပ်ကောင်း ကြိုးစား၊ ဇွဲလုံ့လ ဝီရိယ ရှိပါမှ အထွတ်အ ထိပ်သို့ အောင်မြင်တက်လှမ်းနိုင်ပါလိမ့်မည်။
"သန္ဓေတောထွက်၊ ဓမ္မစက်၊ ဟောမြွက်ခါကို လဝါဆို"လင်္ကာလေး အတိုင်းပင်၊ ပါရမီ
ရှင်ကြီး ဂေါတမ ဗုဒ္ဓသည်ပင်လျှင် ဗုဒ္ဓဝင်အရ နောက်ဆုံးဘဝ၌ ဝါဆိုလပြည့်နေ့ထူး ရက်မြတ်နှင့်
သုံးကြိမ်သုံးခါ ကြုံဆုံခဲ့ရပါ ကြောင်း မီးမောင်းထိုးပြရင်း။