ကျိုင်းတုံဆေးရုံတွင် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ ကလေးငယ် ၁၉ ဦး ရှိပြီး ၂ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံဆေးရုံတွင် ဆုံဆို့နာ ရောဂါဖြစ်ပွားသူ ကလေးငယ် ၁၉ ဦး ရှိပြီး ၂ ဦး သေဆုံး


နန်းဝင်းရီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆုံဆို့နာ ရောဂါ ဖြစ်ပွားသူ ကလေးငယ် ၁၉ ဦး ဆေး ရုံ တက်ရောက် ဆေးကုသမှု ခံယူ လျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်က ၂ ဦးသေဆုံးခဲ့ကာ ကျန်ရော ဂါဖြစ်ပွားသူ အချို့တွင်လည်း ကျန်း မာရေး ဆိုးရွားသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
.

.
ဇူလိုင်လ ၃၁ ရက်က လသား ကလေး ၂ ဦး သေဆုံးပါတယ်။ ဖြစ် တာက လောလောဆယ်အထိ ဆေးရုံ တက် စုစုပေါင်း ၁၉ ဦးရှိပါတယ်။ တာချီလိတ်၊ မိုင်းဆတ်နဲ့ တာလေ ကပါ။ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကွင်းဆင်းပြီးတော့ ကာ ကွယ်ဆေးတွေ လိုက်ထိုးပေးနေ တယ်။ ကျန်တဲ့ကလေးတွေက တချို့ ကျန်းမာရေး အခြေအနေဆိုးတဲ့ ကလေးတွေလည်း ရှိပါတယ်” ဟု ကျိုင်း တုံဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေး မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဆုံဆို့နာ ရောဂါသည် Corynebacterium diphtheriae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရ ခြင်း ဖြစ်ပြီး အသက် ၁၂ နှစ်အောက် ကလေးငယ်များတွင် အများဆုံး ဖြစ် ပွားတတ်ကာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်ကြောင်း သိရသည်။
.
ရောဂါဖြစ်ပွားပါက ရောဂါပျိုး ချိန်ခေါ် ပိုးဝင်ရောက်ပြီး ရောဂါလက္ခ ဏာပြချိန် ၂ ရက်မှ ၅ ရက်ခန့်အထိ ကြာမြင့်ပြီး ရောဂါလက္ခဏာများမှာ အဖျားအနည်းငယ်မှ အပြင်းဖျားခြင်း၊ အားနည်းနုန်းခွေခြင်း၊ လည်ပင်းနာ ခြင်း၊ ၂ ရက်မှ ၃ ရက်အတွင်း လည် ချောင်းနှင့် အာသီးတို့တွင် ဖြူပြာ ရောင် သို့မဟုတ်  အညိုရောင် အမှေး ပါးများ ပေါ်ပေါက်တတ်ကာ အ မြှေးပါး သွေး ယိုစီးပါက အစိမ်းပုပ် ရောင် သို့မဟုတ် အနက်ရောင်သို့ ပြောင်းလဲပြီး ရောဂါ ပြင်းထန်ပါက လည်ပင်း အကြိတ်ထွက်ခြင်း၊ လည် ပင်း ရောင်ခြင်းနှင့် အသက်ရှူလမ်း ကြောင်း ပိတ်ခြင်းတို့ ဖြစ်ပွားတတ် ကြောင်း သိရသည်။
.
ရောဂါ ဖြစ်ပွားပါက အသက်ရှူ လမ်းကြောင်း ပိတ်ဆို့ပြီး ရုတ်တရက် သေဆုံးခြင်း၊ နှလုံးကြွက်သား ရောင် ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊နှလုံးပျက် စီးခြင်း၊ အာရုံကြောထိ ခိုက်ခြင်း၊ ခြေလက်ကြွက်သား မလှုပ်ရှားနိုင် ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားများသေခြင်းတို့ ဖြစ်ပွား နိုင်ကာ သေဆုံးနှုန်းအနေဖြင့် ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ရှိသည့်အပြင် ဆုံဆို့နာရောဂါကြောင့် နှလုံးထိခိုက် ပါက သေဆုံးမှုနှုန်း ၆၀ မှ ၉၀ ရာခိုင် နှုန်းအထိ ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats