အောင်ဆန်းဝင်း
.
တွေ့နေရတာတော့ ရေကန်၊ ရေမရှိဘဲ ရက်ပေါင်းများစွာ ပတ်ကြားအက်ကြီးနဲ့ဆိုတော့
အမည်ခံ သက်သက် ရေကန်ပေါ့။ ရေမရှိတဲ့ အချိန်လည်း ရေကန်လို့ ခေါ်ကြတယ်။ ရေတွေ ရှိတဲ့အ
ချိန်လည်း ရေကန်လို့ ခေါ်ကြတာပဲ။ ရေတွေရှိမှ ရေကန်လို့ ခေါ် ကြတာ မဟုတ်ဘူး။ တစ်စက်မှ
မရှိတဲ့ ပတ်ကြားအက်ကြီးကို လည်း ရေကန်လို့ ခေါ်ကြတယ်။ ဒါပေမဲ့ ရေကန်ဆိုတာ ရေရှိမှ တင့်တဲ့
အမျိုး။ ရေနဲ့ ကန်နဲ့ တွဲနေမှ ရေကန်ရယ်လို့ အားပါးတရ ခေါ်လို့ကောင်းတာ။ ငါးကလေးတွေ
ဖားကလေးတွေ ကလက် တက်တက်လုပ်နေမှ ရေကန်ပီသတာပေါ့။ ကြာပန်းလေးတွေများ ရှိရင် ကန်အလှက
ထပ်ဆင့် တိုးတယ်။ ငှက်မျိုးစုံ ကျက်စားရင် သဘာဝ တရားကြီးရဲ့ အကောင်းအဆိုး အပျက်အယွင်းတွေကို
ကောက်ချက်ချလို့ ရနိုင်တယ်။ နာမည်အရင်းအတိုင်း ပြည့်ပြည့် စုံစုံ ဖြစ်နေဖို့အတွက်ကတော့
ရေကော ကန်ပါ ရှိနေမှ။
.
ရေမရှိတဲ့ ကန်ကြီးကို အားအားယားယား ငုတ်တုတ်ထိုင် ကြည့်တာ တော်တော်ကြာခဲ့တယ်။
စက္ကန့်တွေနဲ့ တွက်ရင် ပို တောင်ကြာလိမ့်ဦးမယ်။ ရေကန်ကြီးနား ဖြတ်သွားတဲ့ လူတိုင်း
ကလည်း ပြောကြတယ်။ ဒီတစ်နှစ် ကန်ကြီးထဲ ရေတက်ပါဦးမ လားပေါ့။ ကန်နဲ့ ရေကို တွဲမြင်ချင်တဲ့စိတ်နဲ့
ပြောတာလား၊ ရေအ တွက် စိုးရိမ်လို့ ပြောကြတာလားတော့ သူတို့တွေ စိတ်ထဲစကင် ဝင်ဖတ်ကြည့်မှ
သိနိုင်လိမ့်မယ်။ တကယ်လည်း သူတို့စိတ်ထဲ ရှိ တဲ့အတိုင်း ရေကန်ကြီးရဲ့ အနေအထားက စိုးရိမ်ရေမှတ်။
တစ် ပေါက်နှစ်ပေါက် မိုးလောက်နဲ့ ကန်မျက်နှာပြင်က ဆင့်ပါးစပ်နှမ်း ပက်သလောက်ရယ်။ မိုးက
ဆင်းလာဖို့ မေ့နေပုံရခဲ့တယ်။ လူတွေ က ပြောကြတယ်။ ဒီတစ်နှစ်တော့ မိုးပါးမယ် ထင်တယ်ပေါ့။
ဒါ ပေမဲ့ မိုးက အပြောမခံဘူး။ ဆင်းလာရွာလိုက်တာများ သောက် ကျိုးတွေကို နည်းလို့။ ဒုက္ခတချို့တောင်
ကပ်ပါလာသေး။
.
ကျောင်းဖွင့်တဲ့နေ့က ထုံးစံ မပျက် စရွေးကိုက် တစ်ခါဝုန်း သွားတယ်။
နောက်ရက်တွေကျတော့ မယားငယ် အိမ်သွားတဲ့ ခြေလှမ်းလို တိတ်တဆိတ် ဖြောက်တောက်ဖြောက်တောက်နဲ့။
ရန်ကုန်မိုးက အစိုးမရဘူး။ တအုန်းအုန်းသည်းတဲ့ မိုးအောက်မှာ တစ်ကိုယ်လုံး ရွဲရွဲစိုစေတယ်။
မိုးအရသာ ခံရင်း ကောင်းကင်ကို မော့ကြည့်တော့ ပြင်းရှရှ နေရောင်အောက် ယောင်တောင်တောင်
ရောက်နေတတ်တယ်တဲ့။ အခုလည်း တောင်ကြီးမိုးဆိုးနေတာ အဲဒီလို။ မတောက်တစ်ခေါက် နေရောင်လေး
လက်တာမြင်လို့ သွားအကဲမစမ်းနဲ့။ အကာအကွယ် အမိုးအအုပ် မပါလို့ကတော့ (Walking In The
Rain) မိုးရေထဲ ဒိုးပေတော့။ တစ်သက်နဲ့ တစ် ကိုယ် မရပ်ဘူး ထင်လောက်အောင် ရွာနေသည်းနေရင်းက
ကက် ဆက်ခလုတ် ပိတ်သလို ရပ်ချင်လည်း ရပ်သွားတတ်တာ။ မိုးနဲ့ နွားသိုး အစိုးမရဘူးလို့
ဆိုတတ်ကြပြန်တယ်။
.
.
ဒုတိယဝါဆို လပြည့်နေ့က မိုးရဲ့ ကစ်ချက်တွေ အတော်ပြင်း တယ်။ ဘယ်လောက်များ
သောက်မြင်ကပ်နေတယ် မပြောတတ် ဘူး။ မနက် မိုးမလင်းခင်တည်းက လက်ကုန်ဖဲ့တာ တစ်မိုးကြီး
စုန်းစုန်းချုပ်တဲ့အထိ။ မိုးရာသီ မိုးတွင်းဆိုတာကြီး ချက်ကျလက် ကျ မြင်ရတဲ့နေ့ပေါ့။
အဲဒီမိုးကြီးရွာလိုက်တာ ပတ်ကြားအက်ကန် မျက်နှာပြင် လက်ဖက်ရည်ရောင် ပြောင်းသွားတယ်။
တွန့်လိမ် တွန့်လိမ် ကြက်ခွပ်လေး တချို့ ရောက်လာတယ်။ လက်ကုန်ကစ် နေတဲ့ မိုးချက်တွေအောက်မှာ
လေက ထပ်သရမ်းတယ်။ ဟောင်း နွမ်းဆွေးမြေ့နေတဲ့ ရေမဲပင် တချို့တော့ ကန်ဘောင်ပေါ် အတုံး
အရုံး။ ပင်ပျိုတွေကတော့ မျက်စိပျက် မျက်နှာပျက်နဲ့ လဲကျသွား တဲ့ အိုမင်းမစွမ်းတွေကို
လှမ်းကြည့်တယ်။ ဘယ်အချိန် ငါတို့အ လှည့်ရောက်လာမလဲပေါ့။ ဒီမိုးဒီလေ ပုံစံနဲ့ပင်ပျိုတွေလည်း
မျက် ခုံးခပ်လှုပ်လှုပ်ရယ်။ လဲကျသွားနိုင်တယ်။
.
သည်းလွန်းမက သည်းတဲ့ မိုးပေါက်တွေ ရောက်လာတော့ မိုးမျှော်သူတွေ
ပျော်ကြတယ်။ ရေဒုက္ခသည်တွေရဲ့ အိတ်ထောင် ထဲ ပိုက်ဆံတချို့ ကျစ်ကျစ်ထုပ်ထုပ်ပြန်ပိုက်မိကုန်တယ်။
နေ့မ အား ညမနား နေ့စဉ်နေ့တိုင်း နားဒုက္ခပေးတဲ့ ရေသယ်ထော်လာ ဂျီတွေရဲ့ ခဏတာ ဇာတ်သိမ်းခန်းပေါ့။
ဘယ်အချိန်ထိ တစ်ခန်း ရပ်ထားမယ် ဆိုတာတော့ မိုးအပေါ်မှာပဲ မူတည်ပါတယ်။ ဒီရက် ပိုင်းတော့
မိုးတွေက သည်းလွန်းနေတယ်။ မိုးရောက်လာလို့ ပျော်တဲ့လူတွေများ ရှိသလို မိုးပေါက်တွေကြောင့်
ဒုက္ခရောက်တာ တွေလည်း တွေ့နေရတယ်။ အမြင့်ပေ ၅၀၀၀ နီးပါးရှိတဲ့ တောင် ပေါ်မြို့မှာ ရေကြီးရေလျှံခြင်း
ဒုက္ခကို နှစ်စဉ်ကြုံတွေ့နေရတယ်။ ဒလဟောတိုးတဲ့ ရေထိုးအားကြောင့် မြေပြိုတွေ ဖြစ်လာတယ်။
မြေပြိုမှုရဲ့ နောက်ဆက်တွဲ ဂယက်က ကြီးမားလွန်းနေတယ်။ မ ကြာခဏ လူသားတွေရဲ့ အသက်ပေးဆပ်ရမှုတွေ
ဖြစ်လာတယ်။
.
အခုနောက်ပိုင်းနှစ်တွေမှာ မိုးသည်းတဲ့ အချိန်တိုင်း ရေကြီး ရေလျှံမှုတွေက
မြို့ပေါ်နေရာတော်တော်များများမှာ ဖြစ်လာတာ တွေ့ရတယ်။ အနိမ့်ပိုင်း ရပ်ကွက်တွေမှာနေထိုင်တဲ့
လူတွေ နှစ် တိုင်းလိုလို ရေမြှုပ်တာ ခံစားနေရတယ်။ အဓိကကတော့ ရေ မြောင်းတွေ စနစ်တကျ
မရှိတာလည်း ပါတယ်။ အိမ်တွေဆောက် ပြီဆိုတာနဲ့ ရေမြောင်းတွေ သေချာလုပ်၊ မလုပ်ဆိုတာကို
သက် ဆိုင်ရာ စစ်ဆေးဖို့ လိုအပ်တယ်လို့ ထင်တယ်။ ရပ်ကွက်တွေထဲ မှာ ကြည့်လိုက်ရင် ရေမြောင်းစနစ်တွေက
ဆိုးဆိုးဝါးဝါးဖြစ်နေ တာများတယ်။ နောက် အိမ်တိုင်းလိုလို ခြံလုံးပြည့် ကွန်ကရစ် ခင်းကြတယ်။
ခြံစည်းရိုးကိုလည်း အသေပိတ်ထားသလို ကာကြ တယ်။ အဲဒီတော့ မိုးသည်းပြီဆိုတာတဲ့ ရေစိမ့်ရေထွက်နိုင်တဲ့
အ ပေါက်ကမရှိတော့ဘူး။ နှစ်တိုင်း ရောက်နေတဲ့ ဒုက္ခအတွက် အား လုံးမှာ တာဝန်ရှိတယ်လို့
မိတ်ဆွေတစ်ယောက်က ပြောတယ်။
.
တစ်နေ့က အရပ်တကာ လမ်းသလားရင်း ထရံကာသွပ်မိုး နှစ်ထပ်အိမ်လေးတစ်လုံးနား
ရောက်သွားတယ်။ အိမ်လေးက သပ်ရပ်တော့ ဘာရယ်မဟုတ် ငေးကြည့်မိတာ။ အိမ်ဝိုင်းထဲ စပ်စု ကြည့်တော့
ဝိုင်းလုံးပြည့် သဘာဝ မြေကြီးသားတွေ။ ညီညာ အောင် ညှိထားတော့ ဝိုင်းလေးက သပ်ရပ်နေတယ်။
မြက်ပင် တွေလည်း ကင်းတယ်။ ခြံဝိုင်းထဲမှာ ရာသီစာ သီးပင်စားပင်တချို့ စိုက်ထားတယ်။ ပိုစိတ်ဝင်စားစရာ
ကောင်းတာက ခြံဝိုင်းလေး ကို ခတ်ထားတဲ့ ခြံစည်းရိုး။ အရပ်အခေါ် စည်းရိုးကာပင်။ (သိုး
ဆောင်းနာမည်တော့ မေ့နေလို့ ထည့်မရေးတော့ဘူး)။ ခြံပတ် လည်တစ်ခုလုံး စည်းရိုးကာပင်လေးတွေ
စိုက်ပြီး ကာရံထား တယ်။ စည်းရိုးကာပင် တန်းပေါ်မှာ ရွှေနွယ်ပင်တွေက အပြည့်။ မိုးသည်းလာတယ်။
ခြံဝိုင်းထဲ ရေမတင်ဘူး။ ကျလာတဲ့ မိုးရေ စက်တွေက စည်းရိုးကာပင်တွေကြားက ထွက်သွားတယ်။
.
အခုနောက်ပိုင်း လူတွေ လုံခြုံရေး ပိုဂရုစိုက်လာတယ်ပြော ရမလား။
အဝင်အထွက် လုပ်စရာ တံခါးက လွဲပြီး ခြံပတ်လည်ကို အုတ်တုံးတွေနဲ့ အသေပိတ် ခတ်ကြတယ်။ တချို့အိတ်တွေက
မြေအနိမ့်ပိုင်းမှာ။ ဝိုင်းလုံးပြည့် ကွန်ကရစ်တွေ ခင်းတယ်။ မိုး တွေ သည်းလာတော့ လုံခြုံအောင်
လုပ်ထားတဲ့ အရာတွေက မ လုံခြုံတဲ့ အရာတွေ ဖြစ်လာတယ်။ အမှန်တော့ မိုးသည်းလို့ရေကြီး ရေလျှံ
ဖြစ်နေတာ မဟုတ်ဘူး။ မိုးက သူ့အလုပ်သူ လုပ်နေတာ။ သူ့အချိန်အခါရောက်လာတဲ့အတွက် ခပ်ပါးပါး
ရွာချင်ရွာမယ်။ မိုးပုဆိန်သည်းချင်လည်း သည်းလိမ့်မယ်။ ရေကြီးရေလျှံခြင်း ဒုက္ခကို ကွက်ကွက်ကွင်းကွင်း
ခံစားရအောင် ဖန်တီးတဲ့ အဓိက တရားခံက လူတွေကိုယ်တိုင်။ ရေမြောင်း မရှိမှန်း မကောင်းမှန်း
သိကြတယ်။ ပြင်ဖို့ စိတ်မဝင်စားဘူး။ လုပ်ပြန်တော့လည်း ဟို နားတစ်တို့ ဒီနားတစ်ကွက်။
ဖြစ်လာတော့ တားမနိုင်ဆီးမရတွေ။
.
ဒုတိယဝါဆိုလပြည့်နေ့ ရွာတဲ့မိုးကြောင့် တောင်ကြီးမြို့ပေါ် နေရာအတော်များများ
ရေမြှုပ်ဒဏ် ခံစားရတာကို တွေ့ရတယ်။ တရားဝင် သတင်းဌာနတစ်ခုက တင်ဆက်ထားတဲ့ သတင်းဓာတ်
ပုံတွေ ကြည့်ပြီး အတော်ကြီး စိတ်လေသွားတယ်။ အိမ်ဝိုင်းတစ် ခုထဲမှာ ခန့်ခန့်ညားညား ခိုလှုံနေတဲ့
မိုးရေတွေက လူကြီးတစ် ယောက်ရင်ဘတ်နားအထိ ရောက်တယ်။ ဆောက်တုန်းကတော့ အိမ်။ ဖြစ်သွားတာက
ရေကန်။ ရောက်လာတာက ဒုက္ခတစ်ပါး ပြောရမလား။ စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သရွေ့
မိုးပေါက်တွေ ကျတိုင်း ဒီဒဏ်ကို ခံစားရလိမ့်မယ် ထင်တယ်။ ဒုက္ခဆိုတဲ့ အရာကို ဘယ်သူမှ
မလိုချင်ကြဘူး။ မလိုချင်တာတွေ ရောက်မလာဖို့ ပြုပြင်ပြောင်းလဲဖို့တော့ လိုအပ်တယ်။ ပင်လယ်
ရေမျက်နှာပြင် အမြင့်ပေ ၅၀၀၀ နီးပါးရှိတဲ့ မြို့ပေါ်မှာ ရေကြီးရေ လျှံခြင်း ဒုက္ခကြုံနေတာ
လူကြားလို့ မကောင်းတော့ဘူး။
.
ရေကန်ဆိုတာ ရေရှိမှ လှတာ။ ရေတွေ ပြည့်နေမှ တင့်တယ်
တယ်။ ပတ်ကြားအက်ကြီးနဲ့ ဘယ်လိုမှ ကြည့်မကောင်းဘူး။ အ ခုမိုးတွေ ဝက်ဝက်ကွဲ ရွာချလိုက်တော့
လှိုင်းကြပ်ခွပ်တွေ ထကုန် တယ်။ ရေနဲ့ ကန် နှစ်ခုပေါင်းပြီး ရေကန် ပီပီသသ ဖြစ်သွားတယ်။
ဒါက သဘာဝ အရှိတရားအတိုင်း ဖြစ်တည်နေတဲ့ ရေကန်ကြီး။ လူသားတွေက ဖန်တီးကြတယ်။ တည်ဆောက်ကြတယ်။
လုံခြုံ အောင် လုပ်ဆောင်ကြတယ်။ လုပ်ရင်းနဲ့ နောက်ကျောမှာ ဒုက္ခ တွေ ကပ်ပါသလို ဖြစ်လာနေကြတယ်။
ဒီပုံစံအတိုင်း သွားရင် ဒုက္ခတွေ ကြုံတွေ့နေရဦးမှာတော့ သေချာသလောက်။ သေချာ တွေးကြည့်တော့
အိမ်တွေ ဝိုင်းတွေ ဆိုတာအားလုံးက ပြုပြင်ရ ခက်တဲ့ အနေအထား။ မပြင်ပြန်ရင်လည်း မိုးတွေ
ရွာတိုင်း ရေ တွေ ဝိုင်းဦးမယ်။ အဖြေ မရှာနိုင်သရွေ့ကတော့ ဒီနှစ်လည်း ကြုံ တယ်။ လာမယ့်နှစ်လည်း
ရေကြီးရေလျှံ ဖြစ်နေလိမ့်ဦးမယ်။