အလယ်ကကောင် အလွန် ဆိုးတယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အလယ်ကကောင် အလွန် ဆိုးတယ်


အောင်ဆန်းဝင်း
.
ပြီးခဲ့တဲ့ တစ်ပတ်ထွက်တဲ့ ဂျာနယ်ကြည့်ပြီး သတင်းအယ်ဒီ တာက ကောက်ချက်ချတယ်။ တစ်စောင်လုံး ရေမြုပ်သွားတယ် တဲ့။ ဟုတ်လည်း ဟုတ်နေတယ်။ မျက်နှာဖုံးပေါ်မှာ အိမ်ခြံဝိုင်းရေ မြုပ်တာနဲ့ အစပြုထားတယ်။ အတွင်းပိုင်းမှာ ရေကြီးရေလျှံသ တင်းတွေ ပါတယ်။ ဆောင်းပါး ၃ ပုဒ်က မိုးနဲ့ ပတ်သက်တဲ့ အ ကြောင်းအရာတွေ။ အယ်ဒီတာ့ အာဘော်ကြည့်တော့လည်း မိုး ရေတွေ စိုလို့ ရွှဲလို့။ အရင်တုန်းက သတင်းစာဂျာနယ်ကိုင်ရင် ဓာတ်လိုက်တယ်လို့ ပြောကြတယ်။ အခုတော့ ရေမြုပ်သွားတယ် ဆိုရမှာပေါ့။ ဒီရက်ပိုင်းမြို့တော် တောင်ကြီးမှာ မိုးကောင်းမိုး သည်းတဲ့ ရက်စိပ်လာတယ်။ မိုးရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကြုံ  ရတယ်။ စာရေးသူဆိုတာ မြင်တာ တွေ့တာလေးရှိရင် ပရိသတ် ကို တင်ပြချင်ကြတယ်။ မိုးနဲ့ ပတ်သက်တာတွေ ရှိလာတော့ တစ် ယောက်တစ်တက် ဝိုင်းလှော်ရင်း ဂျာနယ်ခမျာ ရေမြုပ်သလိုဖြစ် သွားတယ် ဆိုရမလား။
.
မိုးက ကျလာပြီ ဆိုတာနဲ့ ရိုက်ချက်တွေ ပြင်းလွန်းတယ်။ ရွာလိုက်တိုင်း လမ်းမပေါ် ရေတွေ ဒလဟောစီးလို့။ ချောင်းပေါက် စ မြောင်းပေါက်စတွေခမျာ မနိုင်ဝန် ထမ်းရတဲ့အတိုင်း ဖြစ်နေ တယ်။ တစ်နေ့က လမ်းမိတ်ဆွေ နောင်တော်တစ်ယောက်နဲ့ လမ်းလျှောက်ရင်း ခရီးတစ်ဝက်အရောက် မိုးသည်းတာနဲ့ ကြုံရ တယ်။ ထီးရွက်ကို တစ်ဒေါက်ဒေါက် လာခေါက်တဲ့ မိုးပေါက်တွေ က ကိုယ်ပေါ်အထိ ဖောက်ကျလာတယ်။ မိုးပြင်းတော့ ထီးရွက် လည်း မခံနိုင်ရှာတော့ဘူး။ လက်ထဲပါလာတဲ့ ထီးက မီးစာကုန် ဆီခန်းနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီမိုးဒီလေနဲ့ ဆက် လျှောက်ရင် တစ်ကိုယ်လုံး ကြွက်စုတ်ဖြစ်မယ့် အနေအထား။ အဲဒီတော့ နှစ်ယောက်သား နီးစပ်ရာ ဆိုင်တန်း တစ်ခုရဲ့ တံစက် မြိတ်အောက်ကို ပြေးရတယ်။ သော့ခတ်ထားတဲ့ ဆိုင်တံခါးတွေ ဆိုတော့ မိုးမစဲမချင်း အချိန်ကြာကြာ နားလို့ ရနိုင်တာပေါ့။
.
တံစက်မြိတ်အောက် ခရီးတစ်ထောက် နားရင်း လျှောက်လာ တဲ့ လမ်းမကြီး ပြန်ကြည့်တော့ လမ်းပျောက်သွားတယ်။ မျက် လုံးထဲမှာ ရေပြင်ကျယ်ကြီး တစ်ခုတွေ့နေရတယ်။ လွန်ခဲ့တဲ့အ ချိန်အပိုင်းအခြား တစ်ခုလောက်ကတော့ ကတ္တရာမည်ကာ မတ္တ ဖြူးထားတဲ့ အမည်ခံ ကတ္တရာလမ်းမကြီး။ မိနစ်ပိုင်းအတွင်း ရေ ပြင်ကျယ် ဘဝ ရောက်သွားတယ်။ ဟိုဘက်နဲ့ ဒီဘက် အဆက် အသွယ် ပြတ်တောက်နေတဲ့ ရေမြောင်းထဲက ရေတွေ လမ်းမကြီး ပေါ် တစ်ဟုန်ထိုး ထိုးထွက်နေတယ်။ ရေမြောင်းတွေက တစ်ခုနဲ့ တစ်ခု ခိုက်ရန် ဖြစ်ထားလားတော့ မပြောတတ်ပါဘူး။ ရေမြောင်း တစ်ခုနဲ့ တစ်ခု အဆက်အသွယ် ပြတ်တောက်နေမှတော့ မိုး သည်းတိုင်း လမ်းမတွေ ပျောက်သွားတာ သိပ်တော့ မထူးဆန်း ဘူး ဆိုရလိမ့်မယ်။ မိုးပေါ်က ကျလာတဲ့ ရေတွေသူ့နေရာမှန် ရေ မြောင်းထဲ ရောက်အောင် မလုပ်နိုင်ကြတာတော့ ထူးဆန်းလွန်း နေသည်။
.


.
မိုးက လက်ကုန်ကစ်ကာ တစ်နာရီနီးပါးလောက် ရှိလိမ့် မယ်။ ခပ်စဲစဲဖြစ်တာနဲ့ ၂ ယောက်သား ဝပ်ကျင်းကို တပ်ခေါက် ရင်း ဆက်လျှောက်ရတာပေါ့။ ရေစပ်စပ် လမ်းမပေါ် လျှောက်ရင်း လူမှန်း သိတတ်စ အရွယ်ကို သတိရမိသေးတယ်။ စကား တစ် ပြောပြော လျှောက်ရင်း ဒီတစ်ပတ် ဘာရေးမလဲဆိုတဲ့ အကြောင်း ဘက် ရောက်သွားတယ်။ ရှေ့ရက်က ရေးချင်တဲ့အကြောင်းအရာ တစ်ခုနဲ့ ပတ်သက်ပြီး ခေါင်းစဉ်ပြောထားတော့ မိတ်ဆွေနောင် တော်ကလည်း စိတ်ဝင်စားတယ်။ ခက်တာက ရေးမယ်လို့ မောင်း တင်ထားတဲ့ ခေါင်းစဉ်ကလည်း မိုးရေထဲက မထွက်တဲ့အကြောင်း အရာ ဖြစ်နေပြန်တယ်။ တစ်ခါလာလည်းမိုးပေါက်တွေ အ‌ ကြောင်း၊ ရေကြီးရေမြုပ်တဲ့အကြောင်း ထပ်နေရင် စာဖတ်ပရိ သတ်အတွက် အဆင်မပြေတော့ဘူး။ အဲဒီတော့ မောင်းတင်ထား တဲ့ ခေါင်းစဉ်ကို ခဏလောက် ချောင်ထိုးထားလိုက်တယ်။
.

ဒီတစ်ခါ ဘာရေးမလဲ။ ရေးတော့ ရေးရလိမ့်မယ်။ ခေါင်း နောက်အောင် စဉ်းစားရင်း လေလှိုင်းပေါ် ဖြတ်လျှောက်တုန်းက တွေ့တဲ့ ဓာတ်ပုံလေးတစ်ပုံ သွား သတိရတယ်။ ဓာတ်ပုံထဲမှာ င တိ ၉ ယောက် မတ်တပ်ရပ်နေကြတယ်။ တစ်ကောင်က အလယ် တည့်တည့်မှာ။ မျက်နှာရိပ် ကြည့်ရတာ အလဲလဲ အပြိုပြိုနဲ့။ ငါ တော့ အခြေအနေ မကောင်းဘူးဆိုတဲ့ မျက်နှာမျိုး။ ဒီကောင်စိုး ရိမ်မယ်ဆိုလည်း စိုးရိမ်ရေမှတ်အဆင့်။ ကျန်တဲ့ ၈ ကောင်က ဒီ ကောင့်ကို ဝိုင်းထားကြတယ်။ ဟိုကောင်တွေ လက်ထဲမှာ လက် နက်တွေ ပါနေတယ်။ ရိုက်လို့ကောင်းတဲ့ သစ်သားချောင်းပါ တယ်။ ချိန်းကြိုးတစ်ဆဆ လုပ်တဲ့ကောင်က လုပ်။ တရုတ်သိုင်း ကားတွေထဲမှာ တွေ့ရတဲ့ နံချပ်ကူကိုင်တဲ့ကောင်က ကိုင်။ တစ် ကောင်က လက်ဝှေ့အိပ် စွပ်ထားတယ်။ နောက်တစ်ကောင်လည်း နည်းနည်းကြမ်းတယ်။ လက်ထဲမှာ ရဲဒင်းနဲ့။
.
လက်နက်အပြည့်အစုံ ကိုင်ထားတဲ့ ငတိတွေနဲ့ အလယ်က ကောင်ဖိုက်ရင် ဒီကောင့် ဘဝ မတွေးရဲစရာ။ ဘယ်လိုဖိုက်ဖိုက် တစ်စစီ ဖြစ်သွားမယ့် အနေအထား။ ငတိ ၈ ကောင် ဘာကြောင့် ဝိုင်းသမချင်နေတာလည်းဆိုတော့ အကြောင်းရှိတယ်။ အလယ် ကကောင် ဒုက္ခပေးတာ ဟိုကောင်တွေ ဘဝပျက်သွားခဲ့ရတယ်။ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်။ အရင်တုန်းက လူတွေသည်း သည်းလှုပ်ဖြစ်ခဲ့တဲ့ကောင်တွေခမျာ အလယ်ကကောင် ဒုက္ခပေး တာနဲ့ လူတွေက အရေးတောင် သိပ်မလုပ်ကြတော့ဘူး။ အဲဒီ တော့ ဟိုကောင်တွေ တင်းကုန်တာပေါ့။ အဆင်ပြေရင် ဖဲ့မယ်ဆို တာချည်း။ အလယ်ကကောင်လား။ ဘယ်သူရှိရမှာတုန်း။ လက် ကိုင်တယ်လီဖုန်းလေ။ မှန်အပြားလေးတွေနဲ့ လက်ကိုင်တယ်လီ ဖုန်း။ ဒီကောင်ပေးတဲ့ ဒုက္ခတွေက ဟိုကောင်တွေ အတော်ကြီး ပတ်ချာရမ်းကုန်တယ်။ တိုင်ပတ်ကုန်ကြတယ်။
.
သံတုတ်ကိုင်ပြီး ဘုရှိုးရှိုးနေတဲ့ကောင်က ဓာတ်ပုံကင်မရာ။ အလယ်ကကောင် ပေါ်လာတည်းက ကင်မရာအလုပ် မရှိသ လောက် ဖြစ်သွားတယ်။ အလှဓာတ်ပုံအတွက် ဘယ်သူမှ ကင်မ ရာကို လှည့်မကြည့်ကြတော့ဘူး။ ပန်းခြံနဲ့ ဘုရားစေတီအားပြု စီးပွားရှာရတဲ့ ဓာတ်ပုံဆရာတွေလည်း ဒီကောင်ဒုက္ခပေးလိုက် တာ ငါးပါးကို မှောက်လို့။ အရင်တုန်းက မိသားစုတွေ၊ ဘော်ဒါ တွေ စုပြီး ဘုရားသွားပန်းခြံလည် အလှဓာတ်ပုံရိုက်ရတာ အလုပ် တစ်ခု။ အခုတော့ အဲဒီတစ်ခေတ်ကိစ္စ ပြတ်သွားပြီ။ကင်မရာရဲ့ ညာဘက်မှာ ရပ်နေတာ ကက်ဆက် သီချင်းခွေ။ ဒီကောင့်ဘဝ ပိုဆိုးတယ်။ ဘယ်အိမ်မှ ကက်ဆက် မသုံးတော့ဘူး။ သူ့ထက် ခေတ်မီပါတယ်ဆိုတဲ့ ဒီဗွီဒီဓာတ်ပြားတွေတောင် ဒိတ်အောက် ကုန်ပြီ။ အလယ်ကကောင်နဲ့ သီချင်းနားထောင်လို့ရတယ်။ ကက် ဆက်ခွေလည်း တစ်နွယ်ငင် တစ်စင်ပါသွားတာပေါ့။
.
ကင်မရာဘယ်ဘက်မှာ ရပ်နေတာ ခပ်အိုအို ရေဒီယိုတစ်လုံး။ ထိုးမယ်ကြိတ်မယ် တကဲကဲနဲ့ လက်ဝှေ့အိတ်စွပ်ထားတယ်။ ကျန်ခဲ့တဲ့ ကာလတစ်ခုတုန်းက ရေဒီယို ဆိုတာ လုံးဝအကောင်။ သီချင်းနားထောင်ချင်တာလား၊ သတင်းနားထောင်ချင်တာလား ရေဒီယို ရှိတယ်။ ဗဟုသုတ အကြောင်းအရာတွေ ရေဒီယိုက လွှင့် တယ်။ နားထောင်ကြတယ်။ လူးလာခတ်နေတဲ့ ကလေး ပေါက် စတွေ ပုံပြင်လာတဲ့အချိန်ဆို ရေဒီယိုရှေ့ ရောက်ကုန်တယ်။ အခု တော့ အကုန်ပျောက်ကုန်ကြတယ်။ သစ်သားဒုတ် ကိုင်ထားတဲ့ ကောင်က ရွက်ဆုပ်ပြက္ခဒိန်။ အလယ်ကောင်လို့ ခေါ်တဲ့ ရေဒီယို ရှေ့ရောက်ကုန်တယ်။ အခုတော့ အကုန်ပျောက်ကုန်ကြတယ်။ သစ်သားဒုတ် ကိုင်ထားတဲ့ကောင်က ရွက်ဆုပ်ပြက္ခဒိန်။အလုပ် ပြုတ်သွားတယ်။
.
လက်ထဲမှာ ချိန်းကြိုးကိုင်ပြီး ဖဲ့ဖို့ပြင်နေတဲ့ ကောင်က ဂ ဏန်းပေါင်းစက်။ မသုံးမဖြစ် ဈေးဆိုင်တွေမှာတော့ ဂဏန်းပေါင်း စက်က နေရာနည်းနည်း ရသေးတယ်။ နည်းပညာကျောင်းသား တချို့ သုံးနေသေးတာ တွေ့ရတယ်။ အများစုကတော့ အလယ် ကောင်နဲ့ နှစ်ပါးသွားလိုက်ကြတယ်။ ချောင်ထိုးခံရတဲ့အထဲ အ ညှပ်ပါသွားတော့ ဂဏန်းပေါင်းစက်လည်း တင်းတာပေါ့။ အ လယ်ကောင်ကို ဖဲ့ပြင်နေတဲ့ နောက်တစ်ကောင်က အချက်ပေး ခေါင်းလောင်းလေး ၂ လုံးခေါင်းပေါ် တင်ထားတဲ့ စားပွဲတင်နာရီ။ အချိန်သိဖို့အတွက် အသုံးမပြုကြတော့ဘူး။ အချက်ပေးခေါင်း လောင်းသံအတွက် ဒီကောင်နောက်ကောက် ကျသွားတယ်။ ဧည့် ခန်းကစားပွဲ တစ်လုံးပေါ်မှာ စားပွဲတင်နာရီ။ အချိန် သိဖို့အတွက် အသုံးမပြုကြတော့ဘူး။ အချက်ပေးခေါင်းလောင်းသံအတွက် ဒီ ကောင်နောက်ကောက်ကျသွားတယ်။ ဧည့်ခန်း ကစားပွဲတစ်လုံး ပေါ်မှာ စားပွဲတင်နာရီကို တစ်ခုတ်တစ်ရ ထောင်ထားတဲ့ အိမ် အတော်ကြီး လိုက်ရှာရလိမ့်မယ်ထင်ပါတယ်။ ပြတိုက်တွေက တော့ ကြောင်ရေချိုးသလို သိမ်းချင်သိမ်းထားကြမှာပေါ့။
.
ရဲတင်းကိုင်ထားတဲ့ ကောင်က စာအိတ်။ ဒီကောင်အတော် ကြီးအထိနာတယ်။ သမီးရည်းစာ စာပေးဖို့ စာအိတ်ကို မသုံးကြ တော့ဘူး။ မိတ်ဆွေအချင်းချင်း စာပို့တဲ့ ခေတ် မရှိတော့ဘူး။ အ လယ်ကောင်ရက်စက်ချက် စာအိတ်ခမျာ အသက်ပါ ပျောက်သ လောက် ဖြစ်သွားတယ်။ နံချပ်ကူကိုင်ထားတဲ့ကောင်က အလယ် ကောင်နဲ့ အမျိုးတော်တယ်။ ခေတ်ဟောင်းစကားပြောခွက်နဲ့ တယ်လီဖုန်း စကားပြောခွက်ပေါ့။ အမျိုးအရင်းက သစ္စာဖောက် သွားတော့ စကားပြောခွက်လည်း ခံပြင်းနေပုံရတယ်။ အလယ် ကောင်ဒုက္ခပေးလို့ ဆုံးခန်းတိုင် ဘဝရောက်သွားတဲ့ကောင်တွေ က ရုပ်ဝတ္ထုပစ္စည်းတွေ၊ နည်းပညာ မြင့်လာတိုင်း တစ်ချိန်ချိန် ချောင်ထိုးခံရမှာပဲ။ ဒီကောင်ပေးတဲ့ ဒုက္ခကြောင့် လူသားတွေ တော့ ချောင်ထိုး မခံရဖို့ အရေးကြီးတယ်။ လတ်တလောဒီကောင့် ကြောင့် ရန်မီးတွေ ပွားနေကြတယ်။ သီလတွေ ပွန်းကုန်ကြတယ်။ ရိုက်သတ်လို့ မရတဲ့ အလယ်ကောင်ကို သုံးတတ်ဖို့တော့ လို တယ်။ ။

Journal Download

Photo of three cats