ကမ္ဘောဇတိုင်း
.
၈၈၈၈ အရေးတော်ပုံကာလတွင်
ပါတီစုံဒီမိုကရေစီ ရရှိရေး အတွက် အသက်ပေးပြီး စတေးခဲ့သူများ၏ ဂုဏ်သိက္ခာကို လေးစားကြရန်နှင့်
ဖောက်ပြန်ရေးသမားများ မဖြစ်စေ လိုကြောင်း ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက တိုက်တွန်း
မိန့်ကြားခဲ့ သည်။
.
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင် ဆန်း ပန်းခြံအတွင်းရှိ ၈၈၈၈ ဒီမို
ကရေစီအရေးတော်ပုံ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်တွင် ဩဂုတ် လ ၈ ရက်က ပြုလုပ်ခဲ့သည့်
၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တ
ခေမာနန္ဒက ယင်း ကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
“ ပါတီစုံ ဒီမိုကရေစီစနစ်ဟာ ၈၈၈၈ အရေးတော်ပုံကနေ ရရှိလာ တဲ့ အသီးအပွင့်ပဲ
ဖြစ်တယ်။ ဘယ် ခေတ်ကိုပဲ ရောက်ရောက် ၈၈၈၈ ရဲ့ သမိုင်းကို ဖျောက်လို့ မရဘူး၊ ဖျောက် ဖို့
ကြိုးစားသူတိုင်းဟာလည်း သမိုင်း ရဲ့ တရားခံ၊ ၈၈၈၈ သစ္စာဖောက်သူ၊ အချောင်နိုင်ငံရေးသမားပဲ။
အရေး တော်ပုံမှာ အသက်ပေးပြီး စတေး ခဲ့သူတွေရဲ့ ဂုဏ်သိက္ခာကို လေးစား ကြဖို့ လိုတယ်။ ဖောက်ပြန်ရေးသမား တွေ မဖြစ်စေ
လိုပါဘူး ” ဟု ၈၈၈၈ ဆရာတော်က မိန့်သည်။
.
ထို့အတူ မဲဆန္ဒရှင် ပြည်သူများ
အနေဖြင့် နိုင်ငံသား အခွင့်အရေး မ ဆုံးရှုံးစေရန်အတွက် လာမည့် ရွေး ကောက်ပွဲတွင် ဆန္ဒမဲ
ပေးကြရန်နှင့် သိရက်နှင့် ဆန္ဒမဲ မပေးကြသူများမှာ အာဏာရှင်ကို ထောက်ခံသူများသာ ဖြစ်သည်ဟု
ဆရာတော်က ဆက် လက် မိန့်ကြားခဲ့သည်။
.
“ အခြေခံဥပဒေကို ပြင်နိုင်မှသာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာ
ဖြစ် တာကြောင့် အဲဒီဥပဒေကို ပြင်နိုင်တဲ့ ပါတီကို မဲပေးကြဖို့ လိုတယ်။ လက်ရှိ ပြည်သူက
ရွေးချယ်တင်မြှောက်ထား တဲ့ အစိုးရဟာ အမှိုက်ပုံပေါ် ရောက် နေသလိုပဲ တတ်နိုင်သလောက်တော့
လုပ်နေတာကို တွေ့နေရတယ်။ ဒါ ကို ပြည်သူက ကြိုက်တဲ့သူတွေ ရှိ သလို၊ မကြိုက်တဲ့သူလည်း
ရှိနေ တာ နားလည်ပါတယ်။ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးဖို့ မဲပေးဖို့ တိုက် တွန်းလိုပါတယ်။ ” ဟု ဆရာတော်က မိန့်ကြားခဲ့ခြင်း
ဖြစ်သည်။
.
ထို့အတူ နိုင်ငံရေးပါတီ
အချင်း ချင်း၊ ပါတီဝင် အချင်းချင်း နေရာလု တိုက်ခိုက်မနေဘဲ မဲဆန္ဒရှင် ပြည်သူ များကို
မှန်မှန်ကန်ကန် စည်းရုံး၍ ရွေးကောက်ပွဲ ကတိကဝတ်များ အ တိုင်း လုပ်ဆောင်ကြရန်ကိုလည်း
ဆရာတော်က မိန့်ကြားခဲ့သည်။
.
အဆိုပါ ၈၈၈၈ ဒီမိုကရေစီ
အ ရေးတော်ပုံ ၃၂ နှစ်ပြည့် နှစ်ပတ်လည် နေ့ အခမ်းအနားသို့ ၈၈၈၈ ဆရာ တော်၊ ၈၈၈၈ အရေးတော်ပုံတွင်
ပါ ဝင်ခဲ့သူများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊
ပြည်သူ များ တက်ရောက်၍ အထိမ်းအမှတ် ကျောက်တိုင်အား အလေးပြုကာ အောင်မြေဘုံစံ သာမဏေကျော်
ကျောင်းတိုက်တွင် နေ့ဆွမ်းနှင့် ဝါ ဆိုသင်္ကန်း
ဆက်ကပ် လှူဒါန်းခြင်း၊ ၈၈၈၈ အရေးတော်ပုံတွင် ကျဆုံးခဲ့သူ များအတွက် ရေစက်ချ အမျှပေးဝေ
ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။
.
ထို့အပြင်
၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်တွင်းစစ်
ရပ်စဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ချိုး ဖောက်မှု ပပျောက်ရေး စသည့်
အ ချက်များ ပါဝင်သည့် သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.