COVID-19 အတည်ပြုလူနာ အသစ် ၉၅ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၈၈၂ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၉၅ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၈၈၂ ဦး ရှိ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၉၅ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၃၁ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများတွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၇၄၁ ခုအနက် ၉၅ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၃၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၈၈၂ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၅၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats