COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၆ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၆ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာများမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ အသွားအလာ ကန့်သတ်ထားသူ ၄ ဦး၊ စောင့်ကြည့်လူနာ ၁ ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ အမေရိကန်သို့ ခရီးသွား ရာဇဝင်ရှိ၍ အသွားအလာ ကန့်သတ်ထားသူ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၊ (မော်လမြိုင်)၊ တပ်မတော်ဆေးရုံနှင့် စစ်တွေဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၂၆၅ ခုအနက် ၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၅၈၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၄၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
