COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၃၀ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၅ ရက်)၊ ည ၈ နာရီခွဲ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မရှိသေးချေ။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၊ (မော်လမြိုင်)၊ တပ်မတော်ဆေးရုံနှင့် စစ်တွေဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၄၇၅ ခုအနက် ၃၀ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၅ ရက်)၊ ည ၈ နာရီခွဲထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၅၀၄ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၄၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
