ရခိုင်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာ အသစ် ၆ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရခိုင်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာ အသစ် ၆ ဦး ထပ်တွေ့

ရခိုင်ပြည်နယ်၊ စစ်​တွေမြို့နှင့် ​မြောက်ဦးမြို့တို့တွင် COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၆ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၂ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ အတည်ပြု လူနာများမှာ ပြည်ပသို့ခရီးသွား ရာဇဝင် မရှိဘဲ ယခင် ပိုး​တွေ့လူနာများနှင့် ထိ​တွေ့မှု ရှိ​​၍ အသွားအလာ ကန့်သတ်ထားသူ ၂ ဦးနှင့် ​စောင့်ကြည့်လူနာ ၄ ဦးတို့ ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)၊ (​မော်လမြိုင်)နှင့် စစ်​တွေ​ဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈၉၁ ခုအနက် ၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၄၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၃၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်​ကြောင်း သိရသည်။
.
ရခိုင်ပြည်နယ်တွင် ၆ ရက်အတွင်း ပို့​​တွေ့လူနာ ၅၁ ဦး ​တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကူးစက် ဖြစ်ပွားမှု အထူး မြန်ဆန်လျက် ရှိ​သော​ကြောင့် ပြည်သူများ အ​နေဖြင့် ထုတ်ပြန်ထား​သော ညွှန်ကြားချက်နှင့် ပန်ကြားချက်များကို တိကျစွာ မပျက်မကွက် လိုက်နာရန် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Journal Download

Photo of three cats