စစ်​တွေတွင် COVID-19 အတည်ပြုလူနာ အသစ် ၁၆ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, August 22, 2020

စစ်​တွေတွင် COVID-19 အတည်ပြုလူနာ အသစ် ၁၆ ဦး ထပ်တွေ့

ရခိုင်ပြည်နယ်၊ စစ်​တွေမြို့တွင် COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၆ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၂ ရက်)၊ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.



အဆိုပါ အတည်ပြု လူနာများမှာ ပြည်ပသို့ခရီးသွား ရာဇဝင် မရှိဘဲ ယခင် ပိုး​တွေ့လူနာများနှင့် ထိ​တွေ့မှု ရှိ​​ခဲ့သောသူများ ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)နှင့် (​မော်လမြိုင်)နှင့် စစ်​တွေ​ဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၆၄၅ ခုအနက် ၁၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၂ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၃၅ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၃၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #COVID19
.

No comments:

Post a Comment

Journal Download

Photo of three cats

About