ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ပိုးတွေ့လူနာအသစ် ၁၀ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဩဂုတ်လ ၂၁ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ
အတည်ပြုလူနာများမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ စောင့်ကြည့်လူနာများနှင့် အသွားအလာ
ကန့်သတ်ထားသူများ ဖြစ်ကာ ပြည်ပသို့ ခရီးသွား ရာဇဝင် မရှိသူများ ဖြစ်ပြီး ၎င်းတို့အား
စစ်တွေ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)/(မော်လမြိုင်)နှင့်
(စစ်တွေ) တို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၉၆၄ ခုအနက် ၁၀ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (ဩဂုတ်လ ၂၁ ရက်)၊ ည ၈ နာရီထိ
COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၄၁၉ ဦး
ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၃၇ ဦးမှာ ပြန်လည် သက်သာလာပြီ
ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀
ဦး ရှိကာ ၎င်းတို့ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။