စစ်​တွေတွင် COVID-19 အတည်ပြုလူနာ အသစ် ၃ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်​တွေတွင် COVID-19 အတည်ပြုလူနာ အသစ် ၃ ဦး ထပ်တွေ့

ရခိုင်ပြည်နယ်၊ စစ်​တွေမြို့နယ်တွင် COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၃ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၀ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ အတည်ပြု လူနာများမှာ ပြည်ပသို့ခရီးသွား ရာဇဝင် မရှိသည့်သူများ ဖြစ်ကာ ပိုး​တွေ့လူနာများနှင့် ထိ​တွေ့မှု မရှိ​​သော ​စောင့်ကြည့်လူနာ ၂ ဦးနှင့် ထိ​တွေ့မှု ရှိ​၍ အသွားအလာ ကန့်သတ်ထားသူ ၁ ဦးတို့ ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)နှင့် (​မော်လမြိုင်) တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈၀၀ ခုအနက် ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၉၉ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၃၃ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats