COVID-19 လူနာအမှတ်(၃၇၅)နှင့် ဆက်စပ်သော တောင်ကြီးမြို့မှ ၄ ဦးနှင့် စောင့်ကြည့်လူနာများတွင် ပိုး မတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာအမှတ်(၃၇၅)နှင့် ဆက်စပ်သော တောင်ကြီးမြို့မှ ၄ ဦးနှင့် စောင့်ကြည့်လူနာများတွင် ပိုး မတွေ့


စုလှိုင်
.
COVID-19 လူနာအမှတ်(၃၇၅)နှင့် ဆက်စပ်သော တောင်ကြီးမြို့မှ  ဦး အပါအဝင် စောင့်ကြည့် လူနာ ၉၈ ဦး၏ ဓာတ်ခွဲ နမူနာများတွင် ပိုး မတွေ့ကြောင်း သိရသည်။
.
သြဂုတ်လ ၂၃ ရက် က ပိုး မတွေ့ ထွက်တယ် ။ သူတို့ ၄ ယောက်ရယ် ၊ ကျန်တဲ့ ၉၄ ယောက်ရယ်၊ အားလုံးပေါင်း ၉၈ ယောက်လုံးမှာ ပိုးမတွေ့ အဖြေထွက်တယ် ။ အခုလောလောဆယ်တော့ ရှမ်းတောင်မှာ ပို့ထားတာ မရှိသေးပါဘူး ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ရှမ်းပြည်နယ် တောင်ပိုင်း ရှိ Quarantine Center များတွင် အသွားအလာ ကန့်သတ် ထားရှိသော တောင်ကြီးမြို့ မှ ၅၃ ဦးနှင့် ပင်းတယမြို့နယ်မှ ၇၄ ဦးတို့၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့သို့ သြဂုတ်လ ၂၇ ရက်၌ ပေးပို့ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဩဂုတ်လ ၂၄ ရက်အထိ COVID-19  ပိုးတွေ့ တွေ့အတည်ပြု လူနာ ၄၆၃ ဦး ရှိလာပြီ ဖြစ်ကာ ရခိုင်ပြည်နယ်တွင် ကူးစက် ဖြစ်ပွားမှု အထူး မြန်ဆန်လျက် ရှိ​သော​ကြောင့် ပြည်သူများ အ​နေဖြင့် ထုတ်ပြန်ထား​သော ညွှန်ကြားချက်နှင့် ပန်ကြားချက်များကို တိကျစွာ မပျက်မကွက် လိုက်နာရန် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

Journal Download

Photo of three cats