COVID-19 ပိုးတွေ့လူနာအသစ် ၅ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဩဂုတ်လ ၁၄ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ
အတည်ပြုလူနာများမှာ အမေရိကန်၊ ယူအေအီးနှင့် အိန္ဒိယနိုင်ငံများသို့ ခရီးသွား ရာဇဝင် ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် အသွားအလာ ကန့်သတ်ထားသူများ
ဖြစ်ကာ ၎င်းတို့အား တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)/(မော်လမြိုင်)နှင့် အမှတ်(၁) တပ်မတော် ဆေးရုံတို့မှ
စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၄၆၈ ခုအနက် ၅ ဦး၏
ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (ဩဂုတ်လ ၁၄ ရက်)၊ ည ၈ နာရီထိ
COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၇၄ ဦး
ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၂၂ ဦးမှာ ပြန်လည် သက်သာလာပြီ
ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀
ဦး ရှိကာ ၎င်းတို့ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း
သိရသည်။
.
#KBZTai
#COVID19 #News
.