ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၃ ရက်မှ ယနေ့(ဩဂုတ်လ ၂ ရက်)၊ နံနက်ပိုင်းထိ အတည်ပြု ထုတ်ပြန်ထားသော COVID-19 ပိုးတွေ့လူနာ ၃၅၃ ဦးအနက် ရောဂါပိုး ကင်းစင်သူ ၂၉၇ ဦး ရှိကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)နှင့်
(မော်လမြိုင်)၊ အမှတ်(၁) တပ်မတော်ဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၁၇၂၁၉
ခုအနက် ၃၅၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
ယင်း ပိုးတွေ့ အတည်ပြုလူနာ ၃၅၃ ဦးအနက် ပိုးတွေ့
သေဆုံးသူ ၆ ဦး ရှိကာ ရောဂါပိုး ကင်းစင်သူ ၂၉၇ ဦး ရှိပြီး ၅၆ ဦးသာ သက်ဆိုင်ရာ ဆေးရုံများတွင်
ဆေးကုသမှု ခံယူနေလျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မှ COVID-19
အတည်ပြုလူနာများဖြစ်သည့် လူနာအမှတ်(၁၄)၊ (၂၉)၊ (၆၄)၊ (၉၆)၊ (၁၁၂)၊ (၁၂၁)၊ (၁၄၃)၊ (၂၃၀)၊
(၂၃၁)နှင့် (၂၄၅)တို့ ၁၀ ဦးသည် ပြန်လည် သက်သာလာပြီ ဖြစ်၍ ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ပြီး
ဖြစ်ကာ ရှမ်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ မရှိတော့ကြောင်း သိရသည်။
No comments:
Post a Comment