သိန္နီမြို့တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီမြို့တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရပ်ကွက်() ရှိ နေအိမ် တစ်လုံးသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၄ ရက်တွင် သတင်းအရ ဝင်ရောက် ရှာဖွေစစ်ဆေးရာ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.

ပူးပေါင်းအဖွဲ့သည် သိန္နီမြို့ရပ်ကွက်() ရှိ သူရ(ခ) မော်စင်ချဲ၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေစဉ် ၎င်းအား မတွေ့ရဘဲ ၎င်း၏ ဇနီးဖြစ်သူ မာကော့(ခ)လီကျွင်း (ခ)ဝါဝါဝင်းထံမှ လက်နက်ငယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ ICE ၂ ကီလိုဂရမ်ခန့်နှင့် ဘိန်းစိမ်း ၁ ဒသမ ၆ ကီလိုဂရမ် ခန့်(ခန့်မှန်းတန်ဖိုးငွေ  ကျပ်သိန်း ၄၀၀ ကျော်)နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး သူရ(ခ)မော်စင်ချဲမှာ တိမ်းရှောင်လျက် ရှိကြောင်း တပ်မတော်၏ သတင်း ထုတ်ပြန်ချက်အရ သည်။
.
အဆိုပါ လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats