ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအေ၀းများမှ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအေ၀းများမှ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆို


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီ လာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးများကို ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်း ဗဟိုဌာန-၁ (MICC-1)တွင် ပြု လုပ်ရာ ညီလာခံ အစည်းအဝေး တ တိယနေ့တွင် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှ တင်သွင်းလာသော အဆို ပြုချက်များအား ညှိနှိုင်း ဆွေးနွေးပြီး ရရှိလာသည့် အဆိုပြုချက် များကို ပြည်ထောင်စု သဘောတူ စာချုပ် အ စိတ်အပိုင်း (၃)အဖြစ် သဘောတူချုပ် ဆိုနိုင်ခဲ့သည်ဟု သိရသည်။
.
Photo - NRPC
.
စာချုပ်ကို အစိုးရအစုအဖွဲ့ ကိုယ် စားလှယ် ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော် အစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်း ရင်းသား လက်နက်ကိုင် အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာ လျန်မှုန်း ဆာခေါင်း၊ နိုင်ငံရေးပါတီများ အစုအ ဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က လက် မှတ်ရေးထိုးခဲ့ပြီး အသိသက်သေအ ဖြစ် သက်ဆိုင်ရာ အစုအဖွဲ့ ကိုယ်စား လှယ်များက ပါဝင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ယင်း ပြည်ထောင်စု သဘောတူ ညီချက်စာချုပ် အစိတ်အပိုင်း (၃) တွင် အဓိကအားဖြင့် အပိုင်း ၃ ပိုင်း ပါဝင် ပြီး အပိုင်း (၁)တွင် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက် ရန်၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင် ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး များ၏ နောက် ခံသမိုင်း၊ ရိုးရာ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားနှင့် အမျိုးသားရေး လက္ခဏာများ မတူကွဲပြားမှုများကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်း စုံ၊ ဘာသာစကား ပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော် ဆောင်ရန်၊ ရေရှည် တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင် ရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒ ရယ် စနစ်ကို အခြေခံသော ပြည် ထောင်စု တည်ဆောက်ရာတွင် ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံမှ သဘောတူရရှိလာသည့် ၂၀၂၀ အလွန် အဆင့်အလိုက် လုပ် ငန်းစဉ်များနှင့် အကောင်အထည် ဖော်မှုများဖြင့် နှစ်ဘက်ညှိနှိုင်းဆွေး နွေး ဆောင်ရွက်သွားရန်၊ ၂၁ ရာစုပင် လုံတွင် ရရှိသော သဘောတူညီချက် များကို အခြေခံ၍ နိုင်ငံရေး ဆွေးနွေး မှုဆိုင်ရာ မူဘောင်အား UPDJC က လိုအပ်သလို ပြင်ဆင်ရန် အပါအဝင် အချက် ၁၅ ချက်ကို သဘောတူ ချုပ် ဆိုခဲ့သည် ဟု သိရသည်။
.
ထို့အပြင် အပိုင်း (၂) တွင် ၂၀၂၀ အလွန် အဆင့်အလိုက် လုပ်ငန်းစဉ် များနှင့် အဆင့်အလိုက် အကောင် အထည်ဖော်မှုများကို လည်းကောင်း၊ အပိုင်း (၃) တွင် ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများကို သဘော တူညီခဲ့ကြသည်ဟု သိရသည်။
.
ယင်းစာချုပ်အပိုင်း (၃) တွင် နိုင် ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရန်၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အ ကြား ဖက်ဒရယ်စနစ်နှင့် အညီ အာ ဏာ ခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန် အကောက် ခွဲဝေမှုနှင့် ဘဏ္ဍာရေး ခွဲ ဝေမှုများ ရှိရန် အပါအဝင် အချက် များကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
.
ညီလာခံ အစည်းအဝေး တတိ ယနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်း တည်ငြိမ် တိုးတက်သည့် နိုင် ငံများတွင် သဘောကွဲမှုတွေ ရှိသော် လည်း ညီညွတ်မှုလည်း ရှိပါကြောင်း၊ သဘောထား မည်မျှပင်ကွဲကွဲ ညီ ညွတ်ရေး တည်ဆောက်နိုင်သည့် နိုင် ငံတိုင်းသည်  ငြိမ်းချမ်းတည်ငြိမ်တိုး တက်နေကြ ပါကြောင်း၊ မတူညီမှု၊ အမြင် သဘောထား ကွဲလွဲမှုများအ ကြား အတူတကွ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း သည် ဘုံတူညီမှု ရှာဖွေနိုင်ခြင်း ဖြစ်ပါကြောင်း၊ လက် ရှိ ဖြေရှင်းနေသည့် သဘောထားကွဲ လွဲမှုများသည် သမိုင်းနှင့် ချီ၍ အချိန် ကာလရှည်ကြာမှု၊ နက်ရှိုင်းကျယ် ပြန့်မှုများ ရှိခဲ့သဖြင့် ဖြေရှင်းရ ခက် ခဲနေသည်ကို အားလုံးအသိပင် ဖြစ် ကြောင်း၊ သို့သော် ယခု ညီလာခံကြီး တွင် သဘောထားကွဲလွဲ မှုများကြားမှ ညီညွတ်ခြင်းတစ်ခုကို ရှာဖွေနိုင်ခဲ့ပါ ကြောင်း၊ ကွဲလွဲမှုများအကြားမှ တူ ညီမှု၊ ဆန့်ကျင့်ဖက်များကြားမှ ညီ ညွတ်မှုကို ရှာဖွေနိုင်ခြင်းသည် ၂၁ ရာစု ပင်လုံ ညီလာခံဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။
.
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီ လာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေး များကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက် အထိ ဒုတိယ အကြိမ်အဖြစ် လည်း ကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ တတိယအ ကြိမ် အဖြစ်လည်းကောင်း ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်ကာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ စတုတ္ထအကြိမ် ညီလာခံကို ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးများ တွင် ပြည်ထောင်စု သဘောတူညီ ချက်စာချုပ် အစိတ်အပိုင်း(၁) မှ အ စိတ် အပိုင်း (၃) အထိ ချုပ်ဆိုနိုင်ခဲ့ ပြီး ဖြစ်သည်ဟု သိရသည်။
.

Journal Download

Photo of three cats