နန်းဝင်းရီ
.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ (သြဂုတ်လ
၈ ရက်)၊ နေ့လယ်ပိုင်း၌ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်နေ အသက် ၄၂
နှစ်အရွယ် ကိုစိုးသန်းဦးသည် ၎င်း၏နေအိမ် အိပ်ခန်းအတွင်းရှိ သစ်သား ကုတင်ပေါ်တွင် ခြေထောက်
တွဲလောင်းချထိုင်လျက်၊ သစ်သားဒိုင်းတန်း၌ နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း
ဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.
အဆိုပါ ကိုစိုးသန်းဦး သေဆုံးမှုနှင့် ပတ်သက်၍
အောင်ပန်းနယ်မြေရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၂၀)ဖြင့်
အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။