အောင်ပန်းတွင် ၆ နှစ်အရွယ် မိန်းကလေး တစ်ဦး ရေနစ် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ၆ နှစ်အရွယ် မိန်းကလေး တစ်ဦး ရေနစ် သေဆုံး


စုလှိုင်
.
ကလောမြို့နယ် ၊ အောင်ပန်းမြို့ ၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၄)ရှိ ဂေါ်ဖီထုပ် စိုက်ခင်း​ အနီး ရေကန်တွင် သြဂုတ်လ ၈ ရက်၊ နေ့လယ်ပိုင်းက ၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
.
ဂေါ်ဖီထုပ် စိုက်ခင်း​ အနီးရှိ ရေကန်ဘောင်တွင် မိန်းကလေးငယ် ၃ ဦးအတူ ဆော့ကစားနေစဉ် သေဆုံးသူ ၆ နှစ်အရွယ်ရှိ အိလဲ့ဝေ (ခ)ပိုပိုသည် တစ်ဦးတည်း ရေဆင်းကူးခဲ့ရာ ရေနစ်နေသဖြင့် ကျန် မိန်းကလေးများက ရေကန်အနီး၌ စိုက်ပျိုးရေး လုပ်နေသည့် ကိုမျိုးကိုအောင်အား အော်ဟစ် အကူအညီ တောင်းခဲ့ခြင်းကြောင့် ရေကန်အတွင်း ဆင်း၍ ရှာဖွေခဲ့သော်လည်း သေဆုံးလျက်သာ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ မအိလဲ့ဝေ (ခ) ပိုပို ၏ ရုပ်အလောင်းအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ အောင်ပန်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၂/ ၂၀၂၀)ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats