မှော်ဘီ- တုံဟုံး- ပင်လောင်း သွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးရာမှ ဘိန်းစိမ်းများ ထပ်မံ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မှော်ဘီ- တုံဟုံး- ပင်လောင်း သွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးရာမှ ဘိန်းစိမ်းများ ထပ်မံ ဖမ်းမိ


စိုင်းသိင်္ခသူ
.
မှော်ဘီ- တုံဟုံး- ပင်လောင်း သွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီးနောက် ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးရာမှ ဘိန်းစိမ်းများကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သြဂုတ်လ ၄ ရက်ညနေ ၅ နာရီခန့်တွင် မှော်ဘီ- တုံဟုံး- ပင်လောင်း သွား ကားလမ်းတွင် ညောင်ရွှေ မြို့နယ်၊ တောင်တိုကျေးရွာအုပ်စု၊ တောင်တိုလွယ်တော်ကျေးရွာနေ လှအောင် စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၅ ပြား (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၉ ဒသမ ၅၅ သိန်း) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.


ယင်းနောက် ကွင်းဆက် ဖော်ထုတ်ချက်အရ အဆိုပါစိတ်ကြွ ရူးသွပ်ဆေးပြားများအား ရောင်းချသူ ညောင်ရွှေမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နမ့်ဟူးကြီးကျေးရွာနေ ခွန်မောင်ဖြိန်း နှင့် မနန်းလောင် ၃၃ နှစ်တို့၏ နေအိမ်အား ညနေ ၆ နာရီခွဲခန့်တွင် ဆက်လက် ရှာဖွေရာ မနန်းလောင်အား တွေ့ရှိပြီး နေအိမ်မှ ဘိန်းစိမ်း အလေးချိန် ၃၅ ဒသမ ၁ ကီလို (ဒေသ ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၂၈ ဒသမ ၁၅ သိန်း)အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ညောင်ရွှေမြို့နယ်၊ နန်းပန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats