တောင်ကြီးတွင် ရွေးကောက်ပွဲ မဲဆွယ်ခြင်း စီမံခန့်ခွဲမှုနှင့် ဌာနေတိုင်းရင်းသားများဆိုင်ရာ သင်တန်း ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ရွေးကောက်ပွဲ မဲဆွယ်ခြင်း စီမံခန့်ခွဲမှုနှင့် ဌာနေတိုင်းရင်းသားများဆိုင်ရာ သင်တန်း ဖွင့်လှစ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ချယ်ရီကွင်း ဟိုတယ်တွင် ရွေးကောက်ပွဲ မဲဆွယ်ခြင်း စီမံခန့် ခွဲမှုနှင့် ဌာနေ တိုင်းရင်းသားများဆိုင် ရာ သင်တန်းကို ဩဂုတ်လ ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
.
Photo - April Kyu Kyu

.
အဆိုပါ သင်တန်းကို ကျွန်းတစ် ထောင်မြေ ဖောင်ဒေးရှင်းနှင့် ပွိုင့်ရိုး ရာဝန်းကျင် မြှင့်တင်ရေးအဖွဲ့တို့မှ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိ ရသည်။
.

“ဖောင်ဒေးရှင်း ကနေပြီးတော့ ၂၀၁၇ ကနေ ၂၀၂၀ အတွင်း ပြုလုပ်ခဲ့ တဲ့ နိုင်ငံသားဆိုင်ရာ အသိပညာနဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာ ခေါင်း ဆောင်မှု ပရိုဂရမ်တွေက သင်တန်း သားစုစုပေါင်း ၁၂၀ ကျော်ထဲက လာမယ့် ရွေးကောက်ပွဲကို ဒေသစုံ၊ ပါတီစုံက ကိုယ်စားလှယ်လောင်း၊ မဲ ဆွယ် စောင့်ကြည့်လေ့လာသူတွေနဲ့ စောင့်ကြည့်လေ့လာသူ ၂၇ ဦး တက် ရောက်ခဲ့ပါတယ်”ဟု ကျွန်းတစ် ထောင်မြေဖောင်ဒေးရှင်း အဖွဲ့ဝင် ဦး ဧပရယ်ကြူကြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ မဲဆွယ်သူများ၊ ရွေး ကောက်ပွဲ လေ့လာ စောင့်ကြည့်သူ များအား မဲဆွယ်ခြင်းဆိုင်ရာ စီမံခန့် ခွဲမှုနှင့် ဌာနေ တိုင်းရင်းသားဆိုင်ရာ အခွင့်အရေးများကို ပိုမိုသိရှိနားလည် စေရန်၊ ကျွန်းတစ်ထောင်မြေ ဖောင် ဒေးရှင်း၏ စွမ်းရည်မြင့် သင်တန်းမှ ပြည်နယ်နှင့် နိုင်ငံ ပြောင်းလဲရေးတွင် ပါဝင်ကြသူများအား ချီးကျူး ဂုဏ် ပြုရန်၊ ရွေးကောက်ပွဲပြီးနောက် ရေ ရှည်ကာလတွင် လွှတ်တော်တွင်း/ လွှတ်တော်ပြင်ပ ပူးပေါင်းဆောင်ရွက် ရန်စသည့် ရည်ရွယ်ချက်များဖြင့်သင် တန်း ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ သင်တန်းသို့ ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်း တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ အ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ-UDP ၊ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ-KySDP ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါ တီ-TNLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-SNDP ဝင် သင် တန်းသား ၂၇ ဦးတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
.
ကျွန်းတစ်ထောင်မြေ ဖောင်ဒေး ရှင်းမှ ဖွင့်လှစ်ခဲ့သည့် သင်တန်းများ မှ သင်တန်းဆင်းများအနက် ပါတီစုံ မှ ကိုယ်စားလှယ်လောင်း ၁၅ ဦး၊ မဲ ဆွယ် စောင့်ကြည့်လေ့လာသူ ၁၃ ဦး၊ စောင့်ကြည့်လေ့လာသူ ၁၀ ဦးနှင့် ဖောင်ဒေးရှင်း တွင် ဝန်ထမ်း ၅ ဦး တာ ဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း သိ ရသည်။
.

Journal Download

Photo of three cats