ဇန်
.
ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်များကို စုထားခြင်း ဖြစ်သဖြင့်
ပြည်ထောင်စုဟု ခေါ်ဆိုသမုတ်ထားကြောင်းမှာ အ ထူး ရှင်းပြစရာ မလိုအပ်ပေ။ ပြည်ထောင်စု
ဆိုသည်မှာ တိုင်း သို့မဟုတ် ပြည်နယ် သို့မဟုတ် တိုင်းပြည် သို့မဟုတ် နိုင်ငံ တစ်နိုင်ငံနှင့်
အဓိပ္ပာယ်များမှာ အမည်နာမအားဖြင့် အသုံး အနှုန်းအားဖြင့် ကွဲပြားခြားနားသော်လည်း ၎င်းတို့အားလုံး
မှာ သီးခြားစီ ရပ်တည်နေထိုင်နိုင်ကြသော နိုင်ငံများလည်း ဖြစ်ကြပေသည်။ ၎င်းတို့မှာ ခေတ်အဆက်ဆက်၏
စကား လုံး အသုံးအနှုန်းများ၊ ဝေါဟာရများ ပြောင်းလဲလာမှု အရသာ ပြောင်းလဲ ခေါ်ဆိုခဲ့ကြခြင်းသာဖြစ်ပြီး
ဗာရာဏသီတိုင်း၊ ဗာရာ ဏသီပြည်၊ ဗာရာဏသီတိုင်းပြည်၊ ဗာရာဏသီနိုင်ငံ စသည် တို့သည် အတူတူပဲဖြစ်ကြသည်။
.
ယင်းသို့သော တိုင်းနိုင်ငံများသည် ဧကရာဇ်တစ်ပါး၏ နယ် မြေချဲ့ထွင်မှုကြောင့်
သော်လည်းကောင်း၊ သဘောတူညီမှု အ ရသော်လည်းကောင်း ပေါင်းလာကြခြင်းကို ပြည်ထောင်ဟု ခေါ်ဆိုကြရမှာပဲဖြစ်ပါသည်။
ယခင်ခေတ်များကဆိုလျှင် ခု နှစ်ပြည်ထောင်၊ ရှစ်ပြည်ထောင်ဟု ခေါ်ဆိုသမုတ်ကြပြီး ယ ခုခေတ်တွင်ဆိုလျှင်
ခုနှစ်ပြည်ထောင်စု ထိုမှတစ်ဆင့် ပြည် ထောင်စု စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲလာသည့်
စကား လုံး ဝေါဟာရ အသုံးအနှုန်းသာဖြစ်သည်ဟု ကောက်ချက်ချရ မှာ ဖြစ်ပါသည်။
.
ယင်း ပြည်ထောင်စုဆိုသည်မှာ မတူညီသောလူမျိုး၊ မတူညီ သောကိုးကွယ်ရာဘာသာ၊
မတူညီသော ဘာသာစကား၊ မတူ ညီသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ဓ လေ့စရိုက်၊
စည်းကမ်း၊ သတ်မှတ်ချက်၊ စံနှုန်း၊ ဥပဒေ၊ စနစ်၊ အသားအရောင်၊ ရိုးရာ စသည်ဖြင့် များစွာ
ကွဲပြားနေနိုင်သော တိုင်းငယ်၊ ပြည်ငယ်၊ တိုင်းပြည်ငယ်၊ ပြည်ထောင်ငယ်၊ နိုင်ငံငယ်များကို
စုစည်းထားရှိခြင်းဖြင့် ပြည်ထောင်စုဟု ဖြစ်တည်လာခြင်းသာဖြစ်သည်။ တစ်ပြည်ထောင်နှင့်
တစ် ပြည်ထောင် ပေါင်းစည်းလျှင် နှစ်ပြည်ထောင် ဖြစ်ပြီး၊ နှစ် ပြည်ထောင်နှင့် တစ်ပြည်ထောင်
ပေါင်းစည်းလျှင် သုံးပြည် ထောင်ဖြစ်ကာ ပိုမို၍သာ အဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက် အားကောင်းလာသည်
ဖြစ်ခြင်းကိုတော့ မလွဲမသွေ လက်ခံ ကြရမည်သာဖြစ်သည်။ ယင်း၏အဓိက အားသာချက်မှာ မ တူညီသော
အရာများဖြစ်စေကာမူ ပေါင်းစည်းတတ်လျှင် အင်အားဖြစ်သည် ဆိုသောအချက်ကိုတော့ဖြင့် မဖြစ်မနေ
လက်ခံကြရမည်လည်းဖြစ်ပေသည်။ ထို့ကြောင့်ပင် သာမန် တိုင်း၊ ပြည်၊ နိုင်ငံ၊ တိုင်းပြည်၊
ပြည်ထောင်တို့ထက် ပြည်ထောင် စုများက အစစအရာရာ သာလွန်ကောင်းမွန်တိုးတက် ဖွံ့ဖြိုး ကာ
စည်ပင်သာယာ ဝပြောမည်မှာ မြေကြီးလက်ခတ်မလွဲ သာပင် ဖြစ်သည်။
.
.
ယင်းသို့ပင် အနည်းငယ်မျှသော ချို့ယွင်းချက်များမှလွဲ၍ အရာအားလုံးသည်
မတူညီသော အရာများကို ပေါင်းစည်းကာ အင်အားတစ်ရပ်အဖြစ် ဖွဲ့စည်းတည်ဆောက် ထားကြခြင်းကို
ပတ်ဝန်းကျင် အနီးအနားရှိအရာများကို လေ့လာခြင်းဖြင့်ပင် အလွယ်တကူ သိမြင်နားလည် သဘောပေါက်
နိုင်ကြပေလိမ့် မည်။
.
လူတစ်ဦးကို ကြည့်မည်ဆိုလျှင် ဦးခေါင်း၊ မျက်လုံး၊ နား၊ နှာခေါင်း၊
ပါးစပ်၊ ကိုယ်လက်၊ ခြေထောက်၊ အတွင်းကလီစာ များ၊ သွေးကြောများ၊ သွေးများ စသည်ဖြင့် မတူညီသော
အ ရာများ၊ လုပ်ငန်းလုပ်ဆောင်ချက် ကွဲပြားသော အရာများဖြင့် သာ စုစည်းဖွဲ့တည်ထားခြင်းကို
အလွယ်တကူ သိရှိနိုင်လေ သည်။ ယင်းသို့ပင် ပတ်ဝန်းကျင်တွင် အလွယ်တကူ တွေ့ မြင်ရလေ့ရှိသော
အိမ်၊ ကား၊ နာရီ၊ ဖိနပ်၊ အဝတ်အစားနှင့် လူသုံးကုန်များကို သေချာစွာ ကြည့်ပါက မတူကွဲပြားသည့်
အရာများစွာတို့ကို စုစည်း၍ တည်ဆောက်ထားသည်ကို တွေ့မြင်ရပေသည်။ ယင်းသို့ မတူကွဲပြားမှုများသည်
သေး ငယ်သည်၊ ကြီးမားသည်၊ အရေးပါသည်၊ အရာမရောက် သည်တို့ကို တစ်ထစ်ချသတ်မှတ်ကာ ကောက်ချက်ဆွဲရန်
ရနိုင်မည်မဟုတ်ဘဲ ထိုသို့မလိုအပ်ပါကလည်း ယင်းသို့ ပေါင်း စည်းမှုတွင် ပါဝင်နေရပေလိမ့်မည်
မဟုတ်ပေ။ လုပ် ငန်းသဘော သဘာဝ မတူပေသော်ငြားလည်း၊ သေးငယ် ပါသော်လည်း ၎င်းတို့သည် ပါဝင်သင့်
ပါဝင်ထိုက်၍သာ၊ ရှိ သင့်ရှိထိုက်၍သာ အရေးပါ အရာရောက်ရန်သာ ပူးပေါင်း ပါဝင်ဖွဲ့စည်းမိထားခြင်းလည်း
ဖြစ်ပေသည်။ လူတစ်ဦး တွင် အဓိကအားဖြင့် ဦးခေါင်းနှင့် ကိုယ်ခန္ဓာရှိလျှင် အသက် ရှင်
ရပ်တည်နိုင်ပြီဟု ယေဘုယျ ပြောဆိုနိုင်သော်လည်း လူစဉ်မီသော လူတစ်ဦး ဖြစ်ပေလိမ့်မည် မဟုတ်ပေ။
သို့ လျှင် ဦးခေါင်း၊ လည်တိုင်၊ ကိုယ်ခန္ဓာ၊ ခြေလက်များရှိပြီ ဆိုလျှင်ရော လူစဉ်မီပြီဟု
ပြောဆိုနိုင်ပါမည်လော ဆိုလျှင် မပြည့်စုံနိုင်သေးပေ။ ဦးခေါင်းပိုင်းတွင် ဆံပင်တွေသည်
သေသပ် လှပသပ်ရပ်စွာ ပါရှိပါရဲ့လား၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နားနှင့် နားရွက်၊ ပါးစပ်များ
ပါရှိပါရဲ့လား ယင်း တို့မပါဘဲ လိုအပ်မှုရရှိပါလျှင် လူစဉ်မီဦးမည် မဟုတ် ပြန်ပေ။ ယင်းတို့ပါသည်ထားဘိဦး
ဆံပင်များသည် လိုအပ်သည့် နေ ရာတိုင်း ရှိရဲ့လား၊ မလိုအပ်တဲ့နေရာတွေအထိ ရှိနေသလား၊ ထူနေသလား၊
ပါးနေသလား၊ ကြောင်နေသလား၊ ဖြူနေသလား၊ နားရွက်တည်ရှိပုံက မူမှန်ပါရဲ့လား၊ နားအကြားအာရုံကရော
တကယ်အလုပ် လုပ်ပါရဲ့လား၊ နားရွက်နှင့် နားစည် ရှိသော်လည်း နား အကြားအာရုံ မကောင်းလျှင်၊
အလုပ်မလုပ်နိုင်လျှင် အပို သက်သက်သာတည်း။ မျက်လုံးကရော မူမှန်ပါရဲ့လား၊ အမြင်အာရုံတွေ
အလုပ် လုပ်ပါရဲ့လား၊ တိမ်ဖုံးနေသလား၊ ပေါက်ပြဲနေသလား၊ သူငယ်အိမ်၊ မှန်ဘီလူး၊ မျက်လုံးကို
ကာကွယ်ပေးမယ့် မျက်တောင်မွေးတွေ အစုံအလင်ပါရဲ့ လား စသည်ဖြင့် အသေးစိတ်အားဖြင့် ဆင့်ပွားပေါ်ထွက်
လာမည်ဖြစ်သည်။ နှာခေါင်းပိုင်းတွင်ရော ရောဂါပိုးမွှားနှင့် ဖုန်မှုန့်များကို ကာကွယ်ပေးမည့်
အမွေးအမျှင်များ ရှိရဲ့ လား၊ နှာခေါင်းကို လေရှုသွင်းရာတွင် ထောက်ပံ့ ထောက် ခံ ပေးထားသည့်
နှာနုရိုးသည် မူမှန်ပါရဲ့လား၊ အနံ့အာရုံ များကို ခံစားသိစွမ်းနိုင်ရဲ့လား ဆိုတာတွေက
လိုအပ်လာ သည်။ ပါးစပ်တွင်သွားများ စုံလင်ခိုင်မာပါသလား၊ လျှာက အရသာခံနိုင်စွမ်း ရှိပါသလား၊
တံတွေးထုတ်ပြွန် ဂလင်း များ ကောင်းပါသလား၊ သွားဖုံးများ သန့်ရှင်းကျန်းမာပါရဲ့ လား၊
စသည်ဖြင့် သူ့နေရာနှင့်သူ၊ သူ့လုပ်ငန်းစဉ်နှင့်သူ သူ့ တာဝန်ဝတ္တရားနှင့်သူ၊ သူ့ကျွမ်းကျင်ရာ
ကိုယ်ပိုင်စွမ်း အားနှင့်သူ ရပ်တည်ကာ ကိုယ်ခန္ဓာ တစ်ခုလုံးအတွက် လူတစ်ဦးလုံးအတွက် သူကျရာအပိုင်းများမှ
သူနိုင်စွမ်းရာ ကဏ္ဍများမှနေ၍ အားပေးကူညီထောက်ပံ့ကာ လုပ်ငန်း ဆောင်တာများကို ပြုလုပ်ဆောင်ရွက်ပေး
နေခြင်းကြောင့် ပင် လူတစ်ဦးအဖြစ် အသက်ရှင်ရပ်တည်ကာ လူစဉ်မီ နိုင်ကြမှာပင်ဖြစ်သည်။ လူတစ်ဦးတွင်
မလိုအပ်၍ ဖြတ် ညှပ်ပစ်ရသည့် အရာများမှာ ဆံပင်၊ အမွေးအမျှင်နှင့် လက်သည်း ခြေသည်းတို့သာ
ရှိပေလိမ့်မည်ဖြစ်သည်။ သို့သော် ယင်းအရာများကို ဖြတ်ပစ်လိုက်ပြီးနောက် ခန္ဓာ ကိုယ်နှင့်
အဆက်အသွယ် ဖြတ်တောက်ပြီးသည်နှင့် အ ညစ်အကြေး အမှိုက်ဟုသာ သဘောပိုက်မိကြ မည်ဖြစ် သည်။
သို့ပါသော်လည်း ယင်းအမှိုက်များကိုပင် တန်ဖိုးရှိ အောင်၊ အသုံးဝင်အောင် ယနေ့ဘက်ခေတ်တွင်
အသုံးပြု နိုင်သောခေတ်သို့ ရောက်ရှိနေဖြစ်သည်သာ ဆိုရလျှင် လူ တစ်ဦးတွင်မလိုအပ်၍၊ အမျိုးအစား
မတူ၍၊ လုပ်ငန်းစဉ် သ ဘောသဘာဝ မတူ၍ ထုတ်ပယ် ဖြတ်တောက်ပစ်ရမည့်အရာ မရှိဆိုသည်မှာ ထင်ရှားပေလိမ့်
မည်ထင်သည်။ သို့ရာတွင် အ သေးအဖွဲလေးမှ စတင်ကာ ကြီးမားသောဆိုးကျိုးများ ရှိလာ နိုင်မည်ဆိုတာ
သေချာပါက မဖြစ်မနေ ဖြတ်တောက်ပစ်ရ တတ်သည်မျိုး တော့ရှိကောင်းရှိပါလိမ့်မည်။
.
ယင်းသို့ပင် လုံးဝမတူညီသည့် အရာများ၊ ကွဲပြားခြားနား သည့်အရာများအား
ဆန့်ကျင်ဘက်များဖြင့် စုစည်းထားခြင်း ကသည်ပင်လျှင် အင်အားတစ်ရပ်၊ အလှအပတစ်ခု၊ အနုပ
ညာတစ်ရပ်၊ သဘာဝပြဌာန်း သတ်မှတ်ချက်တစ်ခုသာ ဖြစ် သည်။ လူမျိုးနွယ်စုမတူ၊ အသားအရောင်မတူ၊
ဘာသာစ ကားမတူ၊ စာပေမတူ၊ ကိုးကွယ်ရာ ဘာသာမတူ၊ ဓလေ့စ ရိုက်မတူ၊ ရိုးရာယဉ်ကျေးမှုမတူ၊
အယူအဆမတူ၊ အတွေးအ ခေါ်မတူ စသည်ဖြင့် မတူခြင်းများကို စုစည်းတည်ရှိနေစေခြင်း သည်ပင်လျှင်
ပြည်ထောင်စုဖြစ်ပေသည်၊ ဒီမိုကရေစီ သဘော တရားဖြစ်ပေသည်။
.
လူတစ်ဦးသည် ပြည်ထောင်စုဆိုပါက ယင်းပြည်ထောင်စု ကို ကာကွယ်ရန် တာဝန်ဝတ္တရားနှင့်
ကာကွယ်ရေး ပြဿနာ အပြင် သဘောတရားမှာ ကာကွယ်တိုက်ခိုက် ခုခံရေးကို အထူးပြုသော ခြေထောက်နှင့်လက်၏
တာဝန်ချည်းသာ ဖြစ်ကြောင်း အတိအကျ ဆိုနိုင်မည်မဟုတ်ပေ။ အန္တရာယ် များကို မျက်လုံးက မြင်နိုင်စွမ်းရှိပြီး
မျက်လုံးမရှိပါက ခြေ လက်တို့၏ ကာကွယ်ရေးတာဝန်သည် စွမ်းဆောင်ရည် မပြည့်ဝနိုင်ပေ။ ယင်းသို့ပင်
နှာခေါင်းသည်လည်း အနံ့ခံ အာရုံဖြင့် အန္တရာယ်ကို ကြိုတင် သိနိုင်သည်သာ၊ ပါးစပ် သည်လည်း
အသံဖြင့် ဟန့်တားကာကွယ်နိုင်သလို၊ ပြဿ နာများကို ဖြေရှင်းနိုင်သည်သာ၊ နားသည်လည်း အကြားအာ
ရုံနှင့် ဖြေရှင်းကူညီ ဆောင်ရွက်နိုင်သည်သာ၊ ခြေထောက် နှင့် လက်များချည်းသာ တိုက်ခိုက်ကာကွယ်
ခုခံနိုင်သည် မ ဟုတ်ဘဲ အားလုံးသော အစိတ်အပိုင်းတိုင်းသည် သူ့နည်းသူ့ ဟန်ဖြင့်ကာကွယ်ရေး
တာဝန်ဝတ္တရားကို ဆောင်ရွက်နိုင်ကြ သည်သာ၊ ကာကွယ်ရေးအမြင်ရှိကြသည်သာ။
.
သို့သော် မည်သည့်အစိတ်အပိုင်း ကြီးငယ်တို့သည် မည် သို့ ပင် အစွမ်းအစများရှိကြပါစေ
ယင်းသို့အားလုံးကို ထိန်းချုပ် ကြပ်မတ်ကာ ဆုံးဖြတ်ချက်များ ချမှတ်ရသည်မှာ ဦးခေါင်းပိုင်း
မှ ဦးနှောက်၏ အလုပ်သာဖြစ်ပြီး ယင်းဦးနှောက်သည် သမ္မတ ဆိုပါက ပြည်ထောင်စု သို့မဟုတ်
လူတစ်ကိုယ်လုံးအား ကာ ကွယ်ရန် အဓိကအလုပ်သည် မည်သူ့အလုပ်နည်း။ အဘယ် သို့ထင်သနည်း။
No comments:
Post a Comment