ရပ်စောက်တွင် ၉၁ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

Tuesday, July 7, 2020

ရပ်စောက်တွင် ၉၁ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စုတွင် ဇူလိုင်လ ၅ ရက်၊ နေ့ လယ်ပိုင်း က ငွေကျပ် ၉၁ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်‌ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၅ ရက်၊ နေ့လယ် ၁ နာရီခန့်က ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ မြေနီကျေးရွာနေ စိုးနိုင်(ခေါ်) ထော့ကျိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ  နေအိမ်အတွင်းရှိ အိပ်ရာခေါင်းရင်း ခေါင်းအုံး အောက်နှင့် သံ‌သေတ္တာအတွင်းမှ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၁၀၅ ပြား၊ ကာလ တန်ဖိုး ၉၁၀၅၀၀၀ ကျပ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုးနိုင်(ခေါ်) ထော့ကျိုး (၅၁ နှစ်) အား ရပ်စောက် မြို့မရဲစခန်း မှ မယ(ပ)၄၀/၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၉ (က)/၂၀(က) ဖြင့် အမှုဖွင့်စစ်ဆေး အ‌ရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats