ရပ်စောက်တွင် လူသတ်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

ရပ်စောက်တွင် လူသတ်မှုဖြစ်ပွား

ထမံသီ
.
ရှမ်းပြည်နယ်‌တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ နာရီစင်အနီးတွင် ဇူလိုင်လ ၈ ရက်၊ ညပိုင်းက လူ သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
ရပ်စောက်မြို့၊ လွယ်ကိုးကျေးရွာအုပ်စု၊ လွယ်ကိုးကျေးရွာနေ ဇော်မင်းထိုက် (ခ) မောင်ကိုသည် ဇူလိုင်လ ၈ ရက်၊ ည ၁၀ နာရီခန့်က သူငယ်ချင်းဖြစ်သူ ဟိန်းထက်အောင်နှင့်အတူ ရပ်စောက်မြို့၊ မြို့ကုန်းရပ်ကွက်ရှိ သောင်းကျော်အား နေအိမ်သို့ ပို့ပြီး ပြန်လာစဉ် ရပ်စောက်မြို့လယ်၊ နာရီစင်အနီး အရောက်တွင် ရပ်စောက် မြို့၊ တောင်ကွက်သစ် ရပ်ကွက် နေ အောင်မျိုးနိုင်ဦး (ခ) ကိုမျိုးနှင့် စကားများရန်ဖြစ်ရာ အောင်မျိုးနိုင်ဦး (ခ) ကိုမျိုးမှ အသင့်ကိုင်ဆောင်လာသည့် အရိုးအသွား ၈ လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးသဖြင့် ဇော်မင်းထိုက် တွင် ဝဲဘက်နထင်ဘေး ၁ လက်မခန့်ပြတ်ရှ သွေးထွက်ဒဏ်ရာ၊ နဖူးဝဲဘက်ဘေး ၁ လက်မခန့် ပြတ်ရှ သွေးထွက်ဒဏ်ရာ၊ ဝဲဘက်လက်ဖျံ ၃ လက်မခန့် ပြတ်ရှသွေးထွက်ဒဏ်ရာ၊ ယာဘက်ညှပ်ရိုးဘေး ၁ လက်မ ခန့် ထိုးသွင်းဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သွေးများထွက်၍ လဲကျသေဆုံးခဲ့ပြီး ဓါးဖြင့်ထိုးသူ အောင်နိုင်မျိုးဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဇော်မင်းထိုက်အား ဒဏ်ရာရရှိသေဆုံးအောင် ဓားဖြင့်ထိုးသူ အောင်နိုင်မျိုးဦး (ခေါ်) ကိုမျိုးအား ယနေ့ ဇူလိုင်လ ၉ ရက်၊ ညနေ ၄ နာရီခန့်က ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ရပ်စောက်မြို့မရဲစခန်းမှ (ပ)၈၂/၂၀၂၀၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About