လားရှိုးမြို့ရှိ We Love Lashio စာတမ်း ၅ ကြိမ်မြောက် ဖျက်ဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

လားရှိုးမြို့ရှိ We Love Lashio စာတမ်း ၅ ကြိမ်မြောက် ဖျက်ဆီးခံရ

မယ်စု
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရန်ကြီးအောင် ဘုရားအနီးရှိ We Love Lashio ဆိုင်းဘုတ်စာတမ်း အား ဇွန်လ၂၉ ရက်က ထပ်မံ ဖျက်ဆီးခံခဲ့ရာ စတင်တည်ဆောက် ပြီးနောက် ၅ ကြိမ်မြောက် အဖြစ် ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။
.

.
“ မြို့ သာယာ လှပရေးအတွက် ဆောင်ရွက်ပေးထားတယ်။ တခြား မြို့ကသူတွေ လာရင်လည်း အမှတ်တရ လေးဖြစ်အောင် ဆောင်ရွက်ပေး ထားတယ်။ ဒီလိုဆောင်ရွက်ပေး ထား တဲ့အပေါ်မှာ ဖျက်ဆီးခံရတဲ့အတွက် စိတ်မကောင်း ဖြစ်မိတာပေါ့။ ဒါကို ပြည်သူတွေက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေး စေချင်ပါတယ်” ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးကျော် ဇင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ လားရှိုးမြို့ရှိ လေယာဉ် ကွင်းအနီးတွင်လည်း စည်ပင်သာယာ ရေးဌာနမှ အပန်းဖြေ နားနေရန်အ တွက် နားနေဆောင်ဆောက်လုပ်ပေး ထားပြီး ကျန်းမာရေး ကိုယ်လက် လှုပ် ရှားမှုများ ဆောင်ရွက်နိုင်ရန် အတွက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အားကစား ပစ္စည်းများ တပ်ဆင်ပေးထားကြောင်း သိရ သည်။
.
လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၏ မြို့တော်ဖြစ်ကာ တ ရုတ်နိုင်ငံနှင့် နီးစပ်သောကုန်သွယ် ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံ သို့ ကုန်သွယ်ရေး ဝင်ပေါက် လမ်း ကြောင်းပေါ်မှ မြို့အဖြစ်လည်း ကျော် ကြားပြီး စီးပွားရေးနှင့် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်သည့် မြို့တော် တစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats