“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) တွင် မူးယစ်ဆေးဝါးများနှင့်အတူ သယ်ဆောင်လာသူ တစ်ဦးကို အသေဖမ်းမိ - Kanbawza Tai News

Breaking

Thursday, July 2, 2020

“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) တွင် မူးယစ်ဆေးဝါးများနှင့်အတူ သယ်ဆောင်လာသူ တစ်ဦးကို အသေဖမ်းမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းရှိ “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁)၊ နမ့်ယွန်းတွင် ဇွန်လ ၃၀ ရက်က “ဝ” တပ်မဟာ (၅၁၈) မူးယစ်ဆေးတါး အထူးနှိမ်နင်းရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါးများနှင့်အတူ သယ် ဆောင်လာသူ တစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.\
.
ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး တင်ပို့မည့် သတင်း ရရှိသဖြင့် “ဝ” မူးယစ်ဆေးဝါး အထူးနှိမ်နင်းရေးတပ်ဖွဲ့ တစ်ခုအား ပိတ်ဆို့ဖမ်းဆီးရန် ညွှန်ကြားခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်၊ နံနက် ၆ နာရီအချိန်ခန့်တွင် လှုပ်ရှားကင်းလှည့်နေသည့် နေရာအနီး၌ မသင်္ကာဖွယ် မော်တော်ဆိုင်ကယ် စီးနင်းလာသူ ၂ ဦး ရောက်ရှိလာသဖြင့် စစ်ဆေးရန် တားမြစ်ရာ လက်မခံသည့်အပြင် လက်နက်ဖြင့် ပြန်လည်ပစ်ခတ်သည့် အတွက် မိမိတို့ လှုပ်ရှားတပ်ဖွဲ့မှ ချက်ခြင်းပြန်လည် ပစ်ခတ်ရာ တစ်ဦး သေဆုံးပြီး တစ်ဦး လွတ်မြောက် သွားခဲ့ခြင်းဖြစ်သည်ဟု လားရှိုးမြို့ရှိ “ဝ” ပြင်ပ ဆက်ဆံရေးရေးရုံး တာဝန်ခံ ဦးညီရမ်းထံက သိရသည်။
.
“ထိုင်းဘက် ရောက်သွားရင် ကျွန်တော်တို့ မူးယစ်ဆေးဝါးတွေလို့ စွပ်စွဲခံရတယ်။ ကျွန်တော်တို့က မူးယစ် ဆေးဝါး တိုက်ဖျက်နှိမ်နင်းနေတာပါ” ဟု ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖမ်းဆီးရမိ ပစ္စည်းများမှာ ဆိုင်ကယ်တစ်စီး၊ မူးယစ်ဆေးဝါး ၁၀၀၀၀၀ ပြား၊ တူမီးသေနတ် ၁ လက်၊ ဓါးရှည် ၁ လက်တို့ဖြစ်ကြောင်း သိရသည်။
.
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဟိုပန်ဟိုရွက် ဒေသ၊ “ဝ တောင်ပိုင်း စစ်ဒေသ (၁၇၁) တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့် မှောင်ခိုအဖွဲ့တစ်ခုနှင့် UWSA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားရာမှ UWSA “ဝ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ လိုက်လံရှင်းလင်းရာမှ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats