မဲမပေးရန် လှုံ့ဆော်ရေးသားခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ချမှတ်နိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 26, 2020

မဲမပေးရန် လှုံ့ဆော်ရေးသားခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ချမှတ်နိုင်

မင်းဇော်မင်း
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲတွင် မဲမပေးရန် လှုံ့ဆော် ရေးသားခြင်းများ ပြုလုပ်ပါက တစ်နှစ်ထက် မပိုသည့်ထောင်ဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။
.


.
သက်ဆိုင်ရာ လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေပုဒ်မများ အရ ဆန္ဒ မဲပေးခြင်းကို ပျက်ပြားစေရန်ဖြစ်စေ၊ စည်းရုံး ဟောပြောခြင်း၊ လှုံဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာ များ အသုံးပြုခြင်း သို့မဟုတ် အခြား နည်းလမ်းများ ဖြင့် အားထုတ်ကြိုး ပမ်းခြင်း မပြုရန်နှင့် အကယ်၍ ဥပဒေတခုခုကို ဖောက်ဖျက် ကျူးလွန် ပါက တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဟု သက် ဆိုင် ရာလွှတ်တော်အလိုက် ရွေးကောက် ပွဲဥပဒေများတွင် ပြဌာန်းဖော်ပြထား သည်။
.
ထို့အပြင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြု၍ ဆန္ဒမဲမပေးရန် သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန် သော်လည်း ကောင်းပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေငြာချက် ထုတ်ပြန်ခြင်း သို့မ ဟုတ် ယင်းသို့ ပြုလုပ်ရန် အားပေး လှုံ့ ဆော်ခြင်း မပြုကြရန် တားမြစ်ထား သည်။
.
ယင်းကဲ့သို့ ရွေးကောက်ပွဲ ကျင်း ပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်း များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေး ရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးအသီး သီးတွင် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ထုတ်ပြန် ကြေညာထားပြီး ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About