မင်းမင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲများကို လာမည့်
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ် သွား မည်ဖြစ်ရာ ရွေးကောက်ပွဲ တွင်
မဲဆန္ဒပေးပိုင် ခွင့်ရှိသူများ၏ အ ခြေခံ မဲဆန္ဒရှင် စာရင်းကို လာမည့် ဇူလိုင်လ ၂၅
ရက်မှ ဩဂုတ်လ ၇ ရက် အထိ ထုတ်ပြန် ကြေညာပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေး
ကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ချက်အရ သိရသည်။
.
.
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်
အသီး သီးရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေး ရွာအုပ်စုများ အတွင်းရှိ ကျေးရွာကော် မရှင်
အဖွဲ့ရုံးများတွင် သွားရောက် ကြည့်ရှုနိုင်မည် ဖြစ်ပြီး မဲဆန္ဒရှင်များ အနေဖြင့်
မဲစာရင်းလာရောက် ကြည့် ရှုရာတွင် မဲစာရင်း၌ မိမိအမည်စာရင်း မပါဝင်ပါက ပုံစံ (၃)
ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်း ဆိုနိုင်ကာ မဲစာရင်းတွင်
မပါဝင်သင့် သူများ ပါဝင်ပါကပုံစံ (၄) ဖြင့် ကန့် ကွက်ရန်အပြင် မဲစာရင်းပါ အချက်
အလက်များ မှားယွင်းနေလျှင်ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်း နိုင် ကြောင်း
သိရသည်။
ထို့သို့ ပြင်ဆင်ဖြည့်စွက်ရာတွင် လိုအပ်သည့် ပုံစံများကို
ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ခွဲရုံးများတွင်
အခမဲ့ရယူနိုင် ပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်းတို့
ဆောင်ရွက်ပြီး စီး ပါက မဲဆန္ဒရှင် စာရင်းအား အောက် တိုဘာလ၌ ဒုတိယအကြိမ် ထပ်မံ
ကြေညာပေးမည် ဖြစ်ကြောင်းနှင့် ယင်းသို့ ထပ်မံ ကြေညာချိန်တွင် လည်း
လိုအပ်သောတောင်းဆိုမှု၊ ပြင် ဆင်မှုနှင့် ကန့်ကွက်မှုများကို မဲဆန္ဒ ရှင်များ
အနေဖြင့်ထပ်မံဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏
ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
.
ယင်း ထုတ်ပြန်ကြေညာချက်၌ အခြေခံမဲ ဆန္ဒရှင်များစာရင်းတွင်
မိမိအမည်ပါရှိမှသာလျှင် မဲပေးပိုင် ခွင့် ရှိမည် ဖြစ်ကြောင်းနှင့် ပြည့်စုံမှန်
ကန်သည့် မဲဆန္ဒရှင်များ စာရင်းရရှိ ရန် ပြည်သူများအနေဖြင့် အိမ်ထောင် စု
တစ်စုလျှင် အနည်းဆုံး တစ်ဦး မ ပျက်မကွက် လာရောက်ကြည့်ရှု စစ် ဆေးခြင်းဖြင့်
ပူးပေါင်း ကူညီဆောင် ရွက်ရန်လည်း ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်မှ
မေတ္တာရပ်ခံ ထားသည်။
.
ယင်း အခြေခံ မဲဆန္ဒရှင်များစာ ရင်းအား ပြီးခဲ့သည့် ၂၀၁၉
ခုနှစ်အ တွင်း စတင်ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ ကောက်ယူထားမှု အချက်
အလက်များအရ ၂၀၂၀ ခုနှစ် နိုဝင်ဘာ လ ၈ ရက်၌ ကျင်းပပြုလုပ်မည့် အ ထွေထွေ
ရွေးကောက်ပွဲတွင် တစ်နိုင် ငံလုံး၌ ဆန္ဒမဲပေးနိုင်သူ ဦးရေ ၃၇ သန်း
ကျော်ရှိကြောင်းနှင့် ယင်းမဲဆန္ဒ ရှင် ၃၇ သန်းတွင် တပ်မတော်သား များနှင့်
အတူနေမိသား စုဝင်များ၏ မဲစာရင်းများ ပါဝင်ခြင်း မရှိသေး ကြောင်း သိရှိရသည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၀ ခုနှစ်
အထွေထွေ ရွေးကောက်ပွဲအား နိုဝင် ဘာ ၈ ရက်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း
ကြေညာခဲ့ပြီးနောက် အထွေ ထွေ ရွေးကောက်ပွဲ ကျင်းပမည့် မဲ ဆန္ဒနယ်များကိုလည်း
ဇွန်လကုန် ပိုင်းက ကြေညာခဲ့သည်။
.
၂၀၂၀ အထွေထွေ ရွေးကောက် ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအ
တွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဝန်ကြီးဌာနများ ညှိ နှိုင်း
အစည်းအဝေး တစ်ရပ်ကို ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အစည်းဝေး ခန်းမဆောင်တွင်
ဇူလိုင် လ ၁၀ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ သည်ဟု သိရသည်။
.
No comments:
Post a Comment