ရှမ်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၃၅ သိန်းခန့် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 25, 2020

ရှမ်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၃၅ သိန်းခန့် ရှိ

စုလှိုင်
.
ရှမ်းပြည်နယ်တွင် လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ၌ မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူ ၃၅ သိန်းခန့် ရှိကြောင်း ရှမ်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံက သိရသည်။
.

.
“မဲဆန္ဒရှင် စာရင်း ကပ်ထား တယ်။ ပြည်သူတွေ တစ်အိမ်ထောင် တစ်ယောက်လောက်တော့ လာကြည့် ကြပါ။ ကိုယ့်နာမည် မပါဘူးဆို ရင်၊ ကိုယ့်မိသားစုနာမည် မပါဘူးဆို ရင်၊ ရပ်ကွက် ကော်မရှင်ရုံးမှာ တစ် ခါတည်း ထည့်ပေးပါ။ ပုံစံ (၃) နဲ့ ကော်မရှင်ဥက္ကဌကနေပြီး ထည့်ပေး မှာပေါ့။ သေပြီးသားလူ ပါနေရင် လည်း တစ်ခါတည်း ရပ်ကွက် ကော် မရှင်ရုံးမှာ ကန့်ကွက်လို့ ရပါတယ်။ နာမည်တွေ မှားနေတယ်။ ကိုယ့်အ ဖေ နာမည် မှားနေတယ်ဆိုရင် ပုံစံ (၄)နဲ့ ထည့်လို့ ရပါတယ်”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် တွင် ၅၅ မြို့နယ် ရှိ ရာ မြို့နယ် ၅၀ သာ မဲစာရင်းပြုနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းရှိ မိုင်း မော၊ ပန်ဝိုင်၊ ပန်ဆန်း (ပန်ခမ်း)နှင့် နားဖန် မြို့နယ်များ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလား မြို့နယ်များတွင် မဲဆန္ဒရှင် စာရင်း ပြုစုနိုင်ခြင်း မရှိသေး ကြောင်း သိရ သည်။
.
ရှမ်းပြည်နယ်တွင် ဇွန်လပိုင်းထိ ကောက်ယူခဲ့သော မဲစာရင်းအရ ရှမ်း ပြည်နယ်တစ်ပြည်နယ်လုံး၌ ၃၄ ဒသမ ၇ သိန်း ကျော်ရှိပြီး တိုင်းရင်း သား ကိုယ်စားလှယ်အနေဖြင့်  ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်းသား၊ အာ ခါနှင့် ကယန်း ဟူ၍ ၇ မျိုးရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၌ မဲပေးခွင့် ရှိသည့် မသန်စွမ်း မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၄၉၈၃ ဦးနှင့် ပထမဆုံးအကြိမ် မဲပေး မည့်သူ ၅ သိန်းခန့် ရှိပြီး မဲရုံပေါင်း ၃၆၀၀ ကျော် လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About