မိုင်းယောင်းတွင် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရင်ထိုးတံဆိပ်များ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 11, 2020

မိုင်းယောင်းတွင် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်


အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင် ပါဝင် ကူညီကြသော စေနာ့ဝန်ထမ်း Volunteers များအား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရင်ထိုးတံဆိပ်၊ နှာခေါင်းစည်း(Mask)များကို ဇူလိုင်လ ၁၁ ရက်၊ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
.

မိုင်းယောင်းမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် မေတ္တာ၊ စာဂ၊ ဝီရိယကို အခြေခံ၍ အများပြည်သူ အကျိုးအတွက် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ကြသော စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင်ကြောင်း မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အခမ်းအနားတွင် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
.
မိုင်းယောင်းမြို့နယ်ရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ပြည်သူများ စုစုပေါင်း ၄၉ ဦးအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About